ကျောက်ပွင့်မှို

ကျောက်ပွင့် သည် တရမ္မယ်လာ ဖက်စီဖေါမစ် (Tremella fuciformis) ဟု ခေါ်သော မှိုမျိုးဝင် ဖြစ်သည်။ အဖြူရောင် ခပ်ဆတ်ဆတ် အစေးခဲသို့ ရှိ၏။ ရွက်ဖားပင်များ၏ ကိုင်းခြောက်တို့တွင် အများဆုံး ထွက်သည်။ စီးပွားဖြစ်စိုက်သည်က များပြီး တရုပ်တွင် စားစရာအဖြစ်ရော ဆေးဝါးအနေပါ သုံး၏။

Tremella fuciformis
ကျောက်ပွင့်မှို
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Fungi
Division: Basidiomycota
မျိုးပေါင်း: Tremellomycetes
မျိုးစဉ်: Tremellales
မျိုးရင်း: Tremellaceae
မျိုးစု: Tremella
မျိုးစိတ်:
T. fuciformis
ဒွိနာမ
Tremella fuciformis
Berk. (1856)
Synonyms
  • Nakaiomyces nipponicus Kobayasi (1939)

ကျောက်ပွင့်သည် ကပ်ပါး,တဆေးတမျိုး ဖြစ်ပြီး ကနဦးတွင် ချွဲကဲ့သို့ အလွှာပါးသာတည်း။ နောက် သဘောတွေ့သော အခံကိုယ်နှင့်ဆုံလျှင် ကြီးထွားမှုစတင်ကာ အခက်များ ထွက်လာသည်။

စားသောက်ကုန်အဖြစ် သုံးမှု

တရုပ်ဟင်းတို့တွင် ကျောက်ပွင့်ကို အချိုပွဲတို့တွင် ထည့်သည်။ အရသာမရှိသော်လည်း အရောင်အမြင်တင့်ပြီး ကျန်းမာရေးအတွက် ကောင်းစေသောကြောင့်တည်း။ အသုံးများသည်မှာ ကန်တုံစာ ခေါ်သော လုမေ (六味) အမည်ရ အပြုတ်ရည်ချို (စားရသမျှ အကုန်ထည့်သည့် သဗ္ဗဒါနံအပြုတ်ရည်) လုပ်ရာတွင် ဖြစ်သည်။ အချိုရည်တို့တွင် ထည့်တတ်သည်နည်းတူ ရေခဲမုန့်တွင်လည်း သုံး၏။

ဗီယက်နမ်တွင် ဂျဲ (Chè) ခေါ် ဗီယက်နမ်ရွှေရင်အေး၌ ကျောက်ပွင့်ထည့်သည်။

မြန်မာတွင် ကျောက်ပွင့်ကို အသုံးများသည်မှာ အသုတ်တွင် ဖြစ်၏။ မြေပဲ၊ သံပရာရည် (သို့) ရှောက်ရည်၊ ကြက်သွန်နီတို့ ပါသည့် ကျောက်ပွင့်သုပ်မှာ ယမကာလုင်တို့ အစဉ်နှစ်သက်သော စားဖွယ်တည်း။

အလှကုန်အဖြစ် ဆေးဝါးအဖြစ် သုံးမှု

ကျောက်ပွင့်ကို အနှစ်ထုတ်ကာ တရုပ်၊ ကိုရီးယားနှင့် ဂျပန်တို့တွင် အမျိုးသမီး အလှကုန်ပစ္စည်းများ၌ သုံးသည်။ ယင်းသည် အရေပြား၏အစိုဓာတ်ကို ထိန်းပေးပြီး အရေပြားအောက်ရှိ သွေးကြောကျဉ်းမှုကို တားသဖြင့် အရေပြားတွန့်ခြင်းကို ကာကွယ်၏။ တရုပ်တိုင်းရင်းဆေးတို့တွင် ကျောက်ပွင့်ကို အဆုတ်အားကောင်းစေကြောင်း ညွှန်းသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂင်္ဂါမြစ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကျန်စစ်သားတနင်္သာရီတိုင်းဒေသကြီးမဟာဘူတဖားအင်းလေးကန်မက္ခရာမင်းသားကြီးကျောက်စိမ်းအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးသီရိပျံချီဘွဲ့နို့တိုက်သတ္တဝါမြန်မာနိုင်ငံရှိ မြို့များမဂ္ဂင် ၈ ပါးအီစတာပွဲတော်နေ့ဘဏ်လီဆူလူမျိုးယုန်မိမိကိုယ်ကို သတ်သေခြင်းပြည်မြို့ရိုဟင်ဂျာတရုတ်သမ္မတနိုင်ငံဘိုးမင်းခေါင်မြန်မာအကဧရာဝတီတံတား (ပခုက္ကူ)သေမင်းတမန် ရထားလမ်းတောင်ကြီးမြို့၁၉၈၁မြန်မာနိုင်ငံရှိ မြို့နယ်များနေအဖွဲ့အစည်းမေတ္တသုတ်ရာသီအလိုက်ပွင့်သောပန်းများမြန်မာ့သနပ်ခါးဂျာနယ်ကျော် မမလေးမြန်မာ့အလင်း သတင်းစာပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂တယ်လီဖုန်း ကုတ်နံပါတ်နန်းမတော်မယ်နုဧရာဝတီတိုင်းဒေသကြီးမြန်မာစာရေးဆရာများ စာရင်းပဋ္ဌာန်းသီပေါမင်းမြန်မာစာစတင်ဖြစ်ပေါ်လာပုံဧရာဝတီမြစ်သက်ရှိမုံရွာမြို့အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မြွေမြန်မာဝီကီပီးဒီးယားရေမဟာရဋ္ဌသာရ၊ သျှင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တယ်လီနော မြန်မာဖျားနာခြင်းလာအိုနိုင်ငံတွံတေးသိန်းတန်အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဂျူး (စာရေးဆရာမ)ကောသလမင်း အိပ်မက် (၁၆)ချက်မြန်မာတိုင်းရင်းသားမျိုးနွယ်များဒွေးပခုက္ကူမြို့လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မော်လမြိုင်မြို့လောကနီတိတက္ကသိုလ်ဘုန်းနိုင်ပလောင်းနိုင်ငံဝက်သက်ရောဂါခါကာဘိုရာဇီအရှေ့တောင်တိုင်းစစ်ဌာနချုပ်ပဋိစ္စသမုပ္ပါဒ်ရှင်ပြုခြင်းဖက်ဆစ်ဝါဒကူဗလိုင်ခန်သာလွန်မင်းလက်ထက် အမိန့်ပြန်တမ်းများမယ်စကြဝဠာ မြစ်ကြီးနား🡆 More