Tiger I: ကျား ၁ (သို့မဟုတ်) သံချပ်ကာကျား ၁

Tiger I ဆိုသည်မှာ ဒုတိယကမ္ဘာစစ်၏ ဂျာမန် heavy tank အမျိုးအစားဖြစ်ပါသည်။ထိုအမျိုးအစားကို ၁၉၄၂ ခုနှစ်တွင် အာဖရိကနှင့် ဆိုဗီယက် ယူနီယမ်တို့တွင် စတင် ထုန်လုပ်ခဲ့သည်။များသော အားဖြင့် လူတစ်ထောင် (၁၀၀၀) ခန့်ရှိသော ခြေလျင်တပ်ရင်း တွင် ရှိသည်။နာဇီ ဂျာမနီ၏ ပထမဆုံး တင့်ကားဖြစ်ပြီး ထိုတင့်ကားတွင် ၈.၈ စင်တီမီတာ KwK ၃၆ အမျိုးအစား သေနတ်ကို တပ်ဆင်ထားသည်။ ၈.၈ စင်တီမီတာ KwK ၃၆ အမျိုးအစား သေနတ်မှာ ၈.၈ စင်တီမီတာ Flask(ဖလပ်) ၃၆ ၏ မူခွဲ ဖြစ်သည်။၁၉၄၂ ဩဂုတ်လနှင့် ၁၉၄၄ ဩဂုတ်လ အတွင်း တည်ထောက် ထုတ်လုပ်သည်။၁၉၄၄ ခုနှစ် ဩဂုတ်လအကုန်တွင် Tiger I ထုတ်လုပ်မှုကို ရပ်တန့်ခဲ့၍ Tiger II ကိုသာ ထုတ်လုပ် ခဲ့သည်။

ထူခြား ပြောင်မြောက်သော ပုံသဏ္ဌာန် ရှိ၍ Tiger I ဟု အမည်မှည့် ခဲ့သည်။တစ်နည်းအားဖြင့် ထိုတင့်ကားများ၏ လုပ်ဆောင်နိုင်သော စွမ်းရည် သည် မြင့်မားသောကြောင့် ခေတ်လွန် တင့်ကား များဟုလည်း ခေါ်တွင်သည်။အရည်အသွေးမြင့်သော သံနှင့် အခြား၀တ္ထုများကို သုံးစွဲ ထားပြီး တင့်ကားထဲတွင် စစ်သားအရေအတွက် များများ ၀င်ဆံ့ သည်။ အစောပိုင်းကာလတွင် Tiger များသည် ရန်သူနှင့် ယှဉ်ပစ်၍ ရရှိလာသော ပျက်စီးမှုများသည် ပစ္စည်းကောင်းများကို သုံးထားသဖြင့် ထိုပစ္စည်းကောင်းများကို ထုတ်လုပ်သော စက်ရုံများမှာ လုံလောက်စွာ မထုတ်လုပ် နိုင်သေး၍ ပစ္စည်းအရောအတွက် နည်းကာ ပြုပြင်ရ ခက်ခဲပေသည်။ Tiger များကို ထိန်းသိမ်းရသော တန်ဖိုးမှာလဲ မနည်းပါပေ။ ယေဘုယျ အားဖြင့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းနိုင်မှု ရာခိုင်နှုန်း နည်းပေးသည်။ သယ်ဆောင်ရ လွယ်ကူသော အမျိုးအစား မဟုတ်ပေ။ ထို့အပြင် ရွံ့များ၊ ရေခဲများ၊ နှင်းထုများသည် တင့်ကား၏ ချိန်းကြိုးအတွင်းသို့ ညပ်တတ်သည်။အထူးသဖြင့် နာဇီဂျုမနီ စစ်ချီသော အရှေ့ခြမ်းသည် မိုးများ၍ ရွံ့ထူသည်။ထို့အပြင် အလွန်အေးသော ကာလလည်း အဖြစ်များသည်။Tiger ဟူသော အမည်ကို Ferdinand Porsche မှ အမည်ပေးထား၍ Tiger ၏ နောက်မှ နံပါတ် "I" သည် ရောမဂဏန်းမှ ယူသုံးထား၍ တစ်ခု အဓိပ္ပာယ် ရသည်။

Tiger I ကို စတင် ထုတ်လုပ်ရာ၌ Tiger ၏ နောက်တွင် "I" မပါ၀င်သေးပေ။နာဇီဂျာမနီတို့ Tiger II ကို စတင် ထုတ်လုပ် ချိန်မှ Tiger I ၏ နောက်တွင် "I" ကို စတင်ထည့်က အမည်ပြောင်းလဲခဲ့သည်။ ကနဦးတွင် Panzerkampfwogen V/ Ausführung H ဟုခေါ်တွင်သည်။ မြန်မာ ဘာသာသို့ ပြန်ရလျှင် အကာအကွယ်ပါသော စစ်တပ်သုံးယာဉ်  နံပါတ် ၆ ဗားရှင်း H ဟု အဓိပ္ပာယ် ရသည်။ အတိုခေါက်မှာ PzKpfw V/ AusF. H ဖြစ်သည်။

"H" ၏ အဓိပ္ပာယ်မှာ ၂၀ ရာစုတွင် စက်ပစ္စည်းများနှင့် ယာဉ်များကို ထုတ်လုပ်သည့် Henschel & Son အမည်ရှိသည့် ကုမ္ပဏီ ဖြစ်သည်။ အထူးယာဉ် Sd.Kfz အမျိုးအစား ဖြစ်သည်။ ၁၉၄၃ ခုနှစ် မတ်လတွင် Tiger I ကို PzKpfw V/ Ausf.E အဖြစ် ပြန်လည် ပြုပြင် ထားသည်။ အထူးယာဉ် အမျိုးအစားမှာ Sd.Kfz 181 ဖြစ်သည်။

ယနေ့ခေတ်မှာတော့ ကမ္ဘာအနှံ့ အပြားမှာ ပြတိုက်တွေနဲ့ ကိုယ်ပိုင် စုဆောင်းမှုထဲ အားလုံးကို ပေါင်းမှ ၉ စီးပဲ ကျန်ရှိ ပါတယ်။၂၀၂၁ ခုနှစ်အတွင်း Tiger 131 ကို အင်္ဂလန် နိုင်ငံမှာရှိတဲ့ တင့်ကား ပြတိုက်မှာ နမူနာ ပုံစံ အဖြစ် ပြသ ထားပါတယ်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

သာသနာတော်နတ်ပင့်ဂါထာကက်သလစ် အသင်းတော်ကျိုက်ထိုမြို့ပုသိမ်မြို့ပြန်ကြားရေးဝန်ကြီးဌာနငွေတာရီအပျိုမြှေးတွင်းနက်နတ်ပြည် ၆ ထပ်မြန်မာဝီကီပီးဒီးယားကလေးမြို့သဇင်ပန်းကျော်ဟိန်းအမေရိကန်ပျူမြို့ပြနိုင်ငံများစိန်ပြောင်းပြည်ထောင်စု တိုင်းရင်းသား လူမျိုးများတောင်ငူခေတ်ရှစ်လေးလုံးအရေးအခင်းဖိလစ်ပိုင်နိုင်ငံဘဂျမ်း (ကာတွန်း)သူနာပြုအတတ်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဝမ်းလျှောခြင်းကျောက်မီးသွေးခင်ဝင့်ဝါရေးမြို့မြန်မာနိုင်ငံရှိ မြို့နယ်များတောင်ကိုရီးယားနိုင်ငံဓဇဂ္ဂသုတ်HTTP cookieသရဏဂုံပုလွေမှုတ်ခြင်းဆူဒန်နိုင်ငံမိုဘိုင်းလ်ဖုန်းထေရဝါဒဂျူးဘာသာအီဂျစ်နိုင်ငံအနော်ရထာဘတ်စကက်ဘောယုန်မြန်မာပြည် စာတိုက် သင်္ကေတများအသည်းရောင် အသားဝါ ရောဂါ စီပိုးပုဂံမြို့ဟောင်းနေခြည်ဦးမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းပွေး(တိရစ္ဆာန်)စားပွဲတင်တင်းနစ်ဟိန္ဒူဘာသာပရိတ်ကြီး ၁၁ သုတ်သီဝလိထေရ်နဂါးဝါလိုက်ပါ့မိုးကားကချင်လူမျိုးအရှေ့တောင်တိုင်းစစ်ဌာနချုပ်မြန်မာ့စွယ်စုံကျမ်းမင်းသုဝဏ်ဆိုလာဆဲလ်မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဂျူး (စာရေးဆရာမ)ဈာန်ကွန်မြူနစ်ဝါဒရာမာယဏသိကြားမင်းစင်ကာပူနိုင်ငံမျိုးကြီးဂျောင်ဂျောင်ကုဒဂုန်တာရာမတ္တရာမြို့နယ်လုပ်ထုံးလုပ်နည်းပြစ်မှုဆိုင်ရာဥပဒေရန်ကုန်တိုင်းဒေသကြီးငါးသလောက်နတ်စားပွဲတော်မိုးဗြဲ🡆 More