အွန်လိုင်းစွယ်စုံကျမ်း

စွယ်စုံကျမ်းထုတ်လုပ်ရိုက်နှိပ်သည့် ကုမ္ပဏီကြီးများသည် အင်တာနက်ခေတ်တွင် အခမဲ့ဖြစ်စေ၊ အခကြေးနှင့်ဖြစ်စေ Online Encyclopedia အွန်လိုင်းစွယ်စုံကျမ်းများ ပေါ်လာသည်။ နာမည်ကျော် ဝီကီပီးဒီးယား Wikipedia ဟုခေါ်သော အင်တာနက်အခမဲ့ စွယ်စုံကျမ်းကို အင်္ဂလိပ်ဘာသာ အသုံးပြုသူ များစွာ အခမဲ့ကြည့်ရှု၊ တည်းဖြတ်နိုင်သည်။ ၂ဝ၁၃-ခု တွင် အချက်လက်ပေါင်း ၄.၂သန်းရှိသည်။ အခြားဘာသာ ဝီကီပီးဒီးယားများလည်း အချက်အလက် တစ်သန်းကျော်ရှိသည်။ ဥပမာ နယ်သာလန်၊ ပြင်သစ်၊ စပိန်၊ အီတလိ၊ ဂရိ..စသည့်ဘာသာရပ်များဖြစ်သည်။ ဂျပန်ဝီကီတွင် အချက်အလက် ၈သိန်း၊ ကိုးရီးယားဝီကီသည် အချက်အလက် ၆သိန်းရှိကြသည်။

ဝီကီပီဒီယာ အခမဲ့ အွန်လိုင်းစွယ်စုံကျမ်း Jul-2013 အချက်အလက်အရေအတွက်မှာ-

  1. အင်္ဂလိပ်ဘာသာ - ၄.၂သန်း
  2. နယ်သာလန်ဘာသာ - ၁.၅သန်း
  3. ပြင်သစ်ဘာသာ - ၁.၃သန်း
  4. စပိန်ဘာသာ - ၁.ဝသန်း
  5. အီတလီဘာသာ - ၁.ဝသန်း
  6. ဂရိဘာသာ - ၁.ဝသန်း
  7. ပိုလန်ဘာသာ - ဝ.၉သန်း
  8. ဂျပန်ဘာသာ - ဝ.၈သန်း
  9. ပေါ်တူဂီဘာသာ - ဝ.၇သန်း
  10. ကိုးရီးယားဘာသာ - ဝ.၆သန်းဖြစ်သည်။
  • အာဆီယံနိုင်ငံ ဘာသာစကားများကို လေ့လာကြည့်ရင် ထိုင်းဘာသာ - ဝ.၇သိန်း မြန်မာဘာသာ - ဝ.၃သိန်း ဖြစ်သည်။

တရုပ်ဝီကီ အသုံးနည်းလာသည်။ အထူးသဖြင့် တရုတ်ပြည်မှ Baidu Baike (အချက်အလက် ၅.၃သန်း 2012) နှင့် Hudong (အချက်အလက် ၆.၄သန်း 2012) တို့သည် သီးသန့်ပေါ်ထွက်လာသော အခမဲ့ အွန်လိုင်းစွယ်စုံကျမ်းများ ဖြစ်သည်။ ကိုရီးယားစကားဖြင့် Encyber အခမဲ့ အွန်လိုင်းစွယ်စုံကျမ်းသည် နံပါတ်(၁)ဖြစ်နေသည်။

မြန်မာ့စွယ်စုံကျမ်း တည်းဖြတ်ပုံနှိပ်မှုမလုပ်နိုင်မီ ဝါသနာရှင်များက အွန်လိုင်းမြန်မာစွယ်စုံကျမ်း ကို ဝီကီပီးဒီးယားတွင် စတင်ခဲ့သည်။ မူလက ဇော်ဂျီဖောင့်ဖြင့် စတင်သော်လည်း နောက်ပိုင်းတွင် ဝီကီပီးဒီးယား ယူနီကုတ်ဖောင့် ၅.၂ ဖြင့် www.my.wikipedia.org တွင် အချက်အလက်ပေါင်း ၃သောင်းကျော် (2013) ထည့်သွင်းထားပြီးဖြစ်သည်။

အွန်လိုင်းမြန်မာစွယ်စုံကျမ်းကို ရေးသား၊ တည်းဖြတ်ရန် လုပ်အားပေးများလိုအပ်နေသည်။ အွန်လိုင်း မင်ဘာ ရီဂျစ်စတာလုပ်ပြီး ကူညီလုပ်အားပေးနိုင်သည်။ ဇော်ဂျီဖောင့်ဖြင့် အသားကျနေသူများအတွက် အွန်လိုင်း ဖောင့်ကွန်ဗတ်တာ ရှိသည်။ ကနောင်ဖောင့်ကွန်ဘတ်တာ ကို ဒေါင်းလုပ်ပြီး ဇော်ဂျီဖောင့်မှ ယူနီကုဒ် ၅.၂ ဖောင့်သို့ အလွယ်တကူပြောင်းယူနိုင်သည်။

ကိုးကား

Tags:

စွယ်စုံကျမ်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ရှမ်းပြည်တပ်မတော်-တောင်ပိုင်းချိုခါးဆိမ့်သက် အချစ်တစ်ခွက်ပဲခူးတိုင်းဒေသကြီး၂၄ ပစ္စည်းကျိုက်ထိုမြို့လိင်တံမင်းသိင်္ခဒိုးလုံးတရုတ်ပြည်သူ့သမ္မတနိုင်ငံကုလသမဂ္ဂပုဗ္ဗဏှသုတ်ကာဗွန်ဒိုင်အောက်ဆိုက်မြစ်ဒုတိယ ကမ္ဘာစစ်ခွေးရူးပြန်ရောဂါရှင်ပြုခြင်းရွှေတိဂုံစေတီတော်ဝိပတ္တိတရားလေးပါးမစန္ဒာလက်ပံတောင်းတောင်အစီရင်ခံစာသထုံမြို့လိင်စိတ် နိုးထခြင်းဦးနုညောင်ရမ်းမင်းတရားကြီးတာချီလိတ်မြို့တပေါင်းလပြည့်နေ့မြန်မာချောင်းခွရွာ၊ နတ်တလင်းမြို့နယ်တောင်တရုတ်ပင်လယ်ငါးမျိုးစိတ်များ စာရင်း၃၁-ဘုံအသောကမင်းနေတိုး (သံတူကြောင်းကွဲ)အောင်ဆန်းစုကြည်ရတနသုတ်စစ်တွေမြို့ပါရာဇိကဂျူး (စာရေးဆရာမ)ရှေးဟောင်းအီဂျစ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မျိုးကြီးသရက်ပင်ကချင်လူမျိုးမြန်မာအဘိဓာန်မြန်မာ့အလင်း သတင်းစာအိတ်ချ်အိုင်ဗွီ ရောဂါပိုးရာသီဥတုဟစ်တလာအော်ကာတက္ကသိုလ်ဘုန်းနိုင်နေပြည်တော် ပြည်ထောင်စုနယ်မြေသီတင်းကျွတ်လရက္ခိုင့်တပ်တော်ဖျားနာခြင်းမြင်းခြံမြို့အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဗမာလူမျိုးမင်းတုန်းမင်းမြန်မာ့သမိုင်းစက္ကူပန်းမဟာဗန္ဓုလဧရာဝတီမြစ်လား (တိရစ္ဆာန်)ဂျာနယ်ကျော် မမလေးအယုဒ္ဓယဂျိန်ဖော့လူမျိုးခရေပင်ကြိတ်မှန်ပင်အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မြိတ်ကျွန်းစုဗုဒ္ဓဘာသာရွှေဘိုမြို့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဥဇဘက်ကစ္စတန်နိုင်ငံ🡆 More