အက်ပစ်ကျူးရပ်

ခရစ်မပေါ်မီ သုံးရာစုနှစ်အတွင်းက ဂရိဒဿနိကဗေဒပညာရှင်အဖြစ် နာမည် ကျော်ကြားခဲ့သော အက်ပစ်ကျူးရပ် (ဘီစီ ၃၄၁ - ၂၇၀) သည် အေသင်နိုင်ငံဆေးမော့ ကျွန်းကလေး၌ဖွားမြင်လေသည်။ လောကတွင် ပျော်ပျော်ပါးပါး စားသောက်နေထိုင်သွားကြသူများသည် အက်ပစ်ကျူးရပ်ဝါဒအရ ပျော်ပျော်နေသည်ဟုပြောလေ့ရှိကြရာ အက်ပစ်ကျူးရပ်ဝါဒမှာ အပျော်အပါးအားပေးသောဝါဒဟု အထင်မှားစရာ ဖြစ်နေ ပေသည်။ စင်စစ် အက်ပစ်ကျူးရပ်၏ဝါဒကား ဆင်းရဲခြင်းအပေါင်းမှ ကင်းရှင်း၍ မွေ့လျော်ခြင်းနှင့် ပြည့်စုံစွာနေရန်သာ ဖြစ်၏။ ဆန့်သောလက်မကွေးမီ၊ ကွေးသောလက်မဆန့်မီ၊ သေခြင်းသဘောတရားသည် လျင်မြန်စွာ ဆိုက်ရောက်လာတတ်၏။ ယနေ့သေမည် နက်ဖြန်သေမည်ကို မည်သူမျှမသိနိုင်ကြ၍ နေရသမျှအချိန်ကလေးအတွင်း မွေ့လျော်ခြင်းရှိရန် အားထုတ် လော့ဟုဆိုရာ၌ ပျော်ပျော်နေကြကုန်လော့ သေရည်ကို သောက်စား၍ အပျော်အပါးကိုလိုက်စားကြကုန်လော့ ဟူ၍မဆိုလိုပေ။ ကောင်းသောလူ့ကျင့်ဝတ်များကို လိုက်နာကျင့်ကြံ၍ မွေ့လျော် ခြင်းကိုရရှိအောင် ကြိုးစားအားထုတ်ကြကုန်လော့ဟု ဆိုလိုရင်း ဖြစ်ပေသည်။

Epicurus
အက်ပစ်ကျူးရပ်
Roman marble bust of Epicurus
မွေးဖွား၃၁၄ ဘီစီ ဖေဖော်ဝါရီ
ဂရိပြည်၊ ဆေးမော့စ်ကျွန်း
ကွယ်လွန်ဘီစီ ၂၇၀ (အသက် ၇၂ ခန့်)
ဂရိပြည်၊ အေသင်မြို့
ခေတ်ဟဲလင်နစ်စတစ်ခေတ် ဒဿန
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)အဲပစ်ခယူးရပ်စ်ဝါဒ (Epicureanism)
အဓိက စိတ်ဝင်စားရာ
  • ကိုယ်ကျင့်တရား
  • အသိဉာဏ်ဆိုင်ရာ ဒဿန
  • ရူပဗေဒ
  • ဘာသာရေးယုံကြည်မှုများ
မှတ်သားလောက်သည့် အတွေးအကြံ
  • aponia
  • ataraxia
  • atomic swerve
  • "moving" and "static" pleasures

Attributed:
  • Epicurean paradox

အက်ပစ်ကျူးရပ်သည် ဂရိနိုင်ငံအနှံ့အပြား၌ သူ၏ဝါဒ ကို လိုက်လံဟောပြောပြီးနောက် အသက် ၃၅ နှစ်အရွယ်တွင် သူ့မိခင်ဖခင်တို့၏ဇာတိမြို့ဖြစ်သော အေသင်မြို့တွင် ခြံနှင့်အိမ် ကိုဝယ်၍ သူ့ဝါဒကိုဖြန့်ချိရန် ကျောင်းတစ်ကျောင်းတည်ထောင် လေသည်။ သူတပည့်များထဲတွင် အမျိုးသမီးများလည်းပါဝင်၍ သူနှင့်အတူ အေသင်မြို့တွင်နေထိုင်သော တပည့်များလည်း မြောက်မြားစွာရှိ၏။ အက်ပစ်ကျူးရပ်နှင့် သူ၏တပည့်များကား ယခုခေတ် လူအများပေါ့ပေါ့ဆဆပြောဆိုကြသကဲ့သို့မဟုတ်မူ၍ လူအများချီးကျူးလောက်အောင် ရိုးရိုးသားသား လိုအင်နည်းစွာ နေထိုင်ခဲ့ကြသူများပေတည်း။ အက်ပစ်ကျူးရပ်၏ဟောပြောချက် များကို အတိုချုံး၍ ရေးသားထားသော လောကသဘာဝ အမည်ရှိ ကဗျာရှည်ကြီးကို ရေးသားသူ လူကရီရှပ်မှာ သူ၏ တပည့်ရင်း ဖြစ်လေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

အဲလ်ဘတ် အိုင်းစတိုင်းမင်းတုန်းမင်းနီဝရဏနာရီစစ်မှုထမ်းခြင်းညောင်ရမ်းမင်းဆက်အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကြို့ထိုးခြင်းသရဏဂုံပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂မက္ခရာမင်းသားကြီးကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဗင်နီတို မူဆိုလီနီလစ်ဘာတီ ရုပ်တုဝေဿန္တရာဇာတ်တော်ငွေ (သတ္တု)ကီလိုဂရမ်ဘရူနိုင်းနိုင်ငံသင်္ကြန်ငါး (တိရစ္ဆာန်)မြိတ်မြို့အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကရင်လူမျိုးငါးပါးသီလဦးနုမနီလာမြို့မင်းအောင်သစ္စာလေးပါးမြန်မာနိုင်ငံ၏ နိုင်ငံရေးဝဘ်ဘရောက်ဆာပါရမီမံစီမြို့သက်ရှိအလောင်းမင်းတရားမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေရတုအာဋာနာဋိယသုတ်လေဒီဂါဂါပရိတ်ကြီး ၁၁ သုတ်မိုးကုတ်တရားအိချောပိုမင်းအောင်လှိုင်အာဠာဝကဘီလူးခြင်းလုံးတပ်မတော် (လေ)ပြည်ထဲရေး ဝန်ကြီးဌာနစက်တော်ရာလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံတောင်ငူမြို့အောင်ဆန်းစုကြည်ဘုရားဂုဏ်တော်ဂျာနယ်ကျော် မမလေးအမ်မီနမ်ကင်းမွန်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များကွန်ဂိုမြစ်တယ်လီနော မြန်မာမြန်မာသဒ္ဒါနေပြည်တော်တိုင်းစစ်ဌာနချုပ်မြန်မာ့တော်လှန်ရေးလက်ပံပင်ချာနိုဘိုင်း နျူးကလီးယား ပေါက်ကွဲမှုအာရှဖက်ဆစ်ဝါဒတရားဂုဏ်တော်လမ်းမတော်ဖိုးတုတ်မြန်မာ့ဝတ်စားဆင်ယင်မှုမြသလွန်ဘုရားမြန်မာလများသိပ္ပံပညာမဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးသထုံမြို့အောက်ချင်းငှက်ကိုလိုနီခေတ်သမုဒ္ဒရာဒန့်သလွန်မေတ္တာ🡆 More