အက်တမ်၏ အချင်းဝက်

ဓာတုဒြပ်စင် တစ်ခု၏ အက်တမ်အချင်းဝက် သည် ၎င်း၏ အက်တမ် အရွယ်အစားကို တိုင်းတာခြင်းဖြစ်ပြီး များသောအားဖြင့် နျူကလိယ ၏အလယ်ဗဟိုမှ အပြင်ဘက်ဆုံး သီးခြားဖြစ်နေသော အီလက်ထရွန် ဆီသို့ရှိသော ပျမ်းမျှ သို့မဟုတ် သိသာသောအကွာအဝေးဖြစ်သည်။ အပြင်ဖက်နယ်နိမိတ်သည် ကောင်းစွာပုံဖော်မရသော ထင်ရှားစွာရှိနေသောအရာတစ်ခုမဟုတ်သောကြောင့်၊ အက်တမ်အချင်းဝက်၏ မတူညီသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ အမျိုးမျိုးရှိသည်။ အက်တမ်အချင်းဝက်၏ ကျယ်ပြန့်စွာအသုံးပြုနေသော အဓိပ္ပါယ်ဖွင့်ဆိုချက် လေးခုမှာ- Van der Waals radius ၊ ionic radius ၊ metallic radius နှင့် covalent radius တို့ဖြစ်သည်။ ပုံမှန်အားဖြင့်၊ ၎င်းတို့၏ အချင်းဝက်ကို သီးခြားတိုင်းတာရန်အတွက် အက်တမ်များကို သီးခြားခွဲထုတ်ရန် ခက်ခဲခြင်းကြောင့်၊ အက်တမ်အချင်းဝက်အား ဓာတုဗေဒအရ ပေါင်းစပ်ထားသော အခြေအနေတွင် တိုင်းတာသည်။ သို့ရာတွင် သီအိုရီဆိုင်ရာ တွက်ချက်မှုများသည် သီးခြားအက်တမ်များကို ထည့်သွင်းစဉ်းစားသောအခါ ပိုမိုရိုးရှင်းပါသည်။ ပတ်ဝန်းကျင်၊ စူးစမ်းလေ့လာမှုနှင့် အခြေအနေတို့အပေါ် မှီခိုမှုများသည် အဓိပ္ပါယ်များစွာကို ဖြစ်ပေါ်စေသည်။

အက်တမ်၏ အချင်းဝက်
မီးခိုးရောင်အရိပ်များအဖြစ် အီလက်ထရွန်ရဲ့ဖြစ်နိုင်ခြေသိပ်သည်းဆကိုပြသသည့် ဟီလီယမ်အက်တမ်၏ပုံ။

အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါ်မူတည်၍ ဝေါဟာရသည် condensed matter တွင်ရှိသော အက်တမ်များ၊ မော်လီကျူး များတွင် covalenty bonding ၊ သို့မဟုတ် ionized နဲ့excited states များတွင် သက်ရောက်နိုင်သည်။ ၎င်းတန်ဖိုးကို စမ်းသပ်တိုင်းတာမှုများမှတစ်ဆင့် သို့မဟုတ် သီအိုရီဆိုင်ရာ မော်ဒယ်များမှ တွက်ချက်နိုင်သည်။ အချင်းဝက်၏တန်ဖိုးသည် အက်တမ်၏အခြေအနေနှင့် contextအပေါ် မူတည်ပါသည်။

အီလက်ထရွန်များသည် တိကျသောပတ်လမ်းများ သို့မဟုတ် ပြတ်သားစွာသတ်မှတ်ထားသော အပိုင်းအခြားများမရှိပါ။ ယင်းအစား၊ ပြတ်ပြတ်သားသား ဖြတ်တောက်ခြင်းမရှိဘဲ နျူကလိယမှ ရွေ့လျားသွားသောအခါတွင် ၎င်းတို့၏ နေရာများကို ဖြစ်နိုင်ခြေ ဖြန့်ဝေမှုများ အဖြစ် ဖော်ပြရပါမည်။ ၎င်းတို့ကို အက်တမ်ပတ်လမ်းကြောင်းများ သို့မဟုတ် electron cloudsအဖြစ် ရည်ညွှန်းသည်။ ထို့အပြင်၊ condensed matterနှင့် မော်လီကျူးများ၊ အက်တမ်များ၏ electron clouds များသည် များသောအားဖြင့် အတိုင်းအတာတစ်ခုအထိ ထပ်နေလေ့ရှိပြီး အချို့သော အီလက်ထရွန်များသည် အက်တမ်နှစ်ခု သို့မဟုတ် ထို့ထက်ပိုသော ကျယ်ဝန်းသည့် ဧရိယာတစ်ခုအပေါ်တွင် သွားလာနေနိုင်သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်အများစုအောက်တွင် သီးခြားကြားနေအက်တမ်များ၏ အချင်းဝက်သည် 30 မှ 300 pm (တစ်မီတာ၏ ထရီလျံယံ ) အကြား သို့မဟုတ် 0.3 နှင့် 3 ångströms အကြားဖြစ်သည်။ ထို့ကြောင့်၊ အက်တမ်တစ်ခု၏အချင်းဝက်သည် ၎င်း၏နျူကလိယ၏အချင်းဝက် (1-10 fm ) ထက် အဆ10000ဆပိုကြီးပြီး အလင်း ၏ လှိုင်းအလျား ထက် 1/1000ဆ နည်းသည် (400-700 nm )။

အက်တမ်၏ အချင်းဝက်
အီသနော ၏ မော်လီကျူးတစ်ခု၏ ခန့်မှန်းခြေပုံသဏ္ဌာန်၊ CH 3 CH 2 OH။ အက်တမ်တစ်ခုစီကို ဒြပ်စင်၏ Van der Waals အချင်းဝက် ဖြင့် စက်လုံးဖြင့် ပုံစံပြထားသည်။

ရည်ရွယ်ချက်များစွာအတွက်၊ အက်တမ်များကို စက်လုံးများအဖြစ် ပုံသွင်းနိုင်သည်။ ၎င်းသည် အကြမ်းဖျင်း အနီးစပ်ဆုံးမျှသာဖြစ်သော်လည်း၊ အရည်များနှင့် အစိုင်အခဲများ၏သိပ်သည်းဆ၊ molecular seives [၁] မှတစ်ဆင့် အရည်များ ပျံ့နှံ့ခြင်း ၊ပမာဏဆိုင်ရာ ရှင်းလင်းချက်များနှင့် ခန့်မှန်းချက်များကို ပေးစွမ်းနိုင်ပြီး အရည်များနှင့် အစိုင်အခဲများ ၊ ပုံဆောင်ခဲ များတွင် အက်တမ်နှင့် အိုင်းယွန်းများနေရာချထားခြင်း နှင့် အရွယ်အစားနှင့် မော်လီကျူး ပုံသဏ္ဌာန်းများ ကဲ့သို့သောဖြစ်စဉ်များတွင် ပမာဏဆိုင်ရာ ရှင်းလင်းချက်များနှင့် ခန့်မှန်းချက်များကို ပေးစွမ်းနိုင်သည်

ကိုးကား

Tags:

ဒြပ်စင်နျူကလိယအက်တမ်အီလက်ထရွန်

🔥 Trending searches on Wiki မြန်မာဘာသာ:

ကယားပြည်နယ်ဂျီသရီးရိုင်ဖယ်ဒုတိယ ကမ္ဘာစစ်မြဝတီမြို့ဘုရင့်နောင်လများ (အချိန်အတိုင်းအတာ)ဆူးပုပ်ကြီးကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများကာကွယ်ရေးဦးစီးချုပ်(ရေ)သမ္မာကျမ်းစာဒဏ္ဍာရီdj447တရုတ်ရန်ကုန်မြို့ခါကာဘိုရာဇီမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းဓဇဂ္ဂသုတ်ငါး (တိရစ္ဆာန်)အနော်ရထာကုန်းဘောင်ခေတ် နာမည်တွက်နည်းမြန်မာဝီကီပီးဒီးယားကျောက်ကပ်လက်ဖက်သုပ်ဂျပန်သမိုင်းရဲယိုပင်ငါးရာ့ငါးဆယ် နိပါတ်တော်မင်္ဂလသုတ်ပအိုဝ်းလူမျိုးအာဆင်နယ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အမျိုးသမီးကာမေသုမိစ္ဆာစာရအင်ဒိုနီးရှားနိုင်ငံလီတာကျားမြသန်းတင့်ကြာအောင်လံမြို့မိတ္ထီလာမြို့၂၄ ပစ္စည်းနိဝရဏတရားငါးပါးကာလီမယ်တော်တင်မိုးမင်းအောင်အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နီပေါနိုင်ငံခြင်းလုံးနန်းမွေစံလိင်စိတ်ဆွခြင်းဆူခွိုင်း ၃၀အားနေပြည်တော်မြို့ဘားအံမြို့အချစ်ကောသလမင်း အိပ်မက် (၁၆)ချက်ဘရူနိုင်းနိုင်ငံအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်ညှင်းစအိုဖြင့် လိင်ဆက်ဆံခြင်းကမ္ဘာဂြိုဟ်တစ်ကိုယ်ရည်အာသာဖြေခြင်းကြို့ထိုးခြင်းပြင်ဦးလွင်မြို့လိင်မှတဆင့် ကူးစက်တတ်သော ရောဂါမြန်မာ-အင်္ဂလိပ် အဘိဓာန်ငပလီကမ်းခြေတိုင်းစစ်ဌာနချုပ်မြန်မာသဒ္ဒါမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မြန်မာမုန့်များစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနာဂလူမျိုးကာလာမသုတ်သရေခေတ္တရာသာလွန်မင်းဂျူး (စာရေးဆရာမ)ကန်စွန်း🡆 More