ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ရန်ကုန်မြို့လယ်မှ ‌မြောက်ဘက် ၁၅ကီလိုမီတာအကွာ မင်္ဂလာဒုံမြို့နယ် ရန်ကုန်မြို့တွင် တည်ရှိသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး လေဆိပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လုပ်ငန်းအများဆုံး အပြည်ပြည်ဆိုင်ရာ ‌လေဆိပ်ဖြစ်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
Yangon International Airport
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
ရန်ကုန်​လေဆိပ်
  • IATA: RGN
  • ICAO: VYYY
    RGN သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
    RGN
    RGN
    ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်နေရာပြပုံ
အချက်အလက်များ
အမျိုးအစားပြည်သူပိုင်
ပိုင်ဆိုင်သူပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
စီမံကွပ်ကဲသူရန်ကုန် အေရိုဒရုန်း ကုမ္ပဏီလီမိတက်
ဝန်ဆောင်မှု ဧရိယာရန်ကုန်
တည်နေရာမင်္ဂလာဒုံ ၁၁၀၂၁၊ ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီးမြန်မာ
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း
ပင်လယ်မျက်နှာပြင် အထက်၁၀၉ ပေ / ၃၃ မီတာ
ကိုဩဒိနိတ်16°54′26″N 96°07′59″E / 16.90722°N 96.13306°E / 16.90722; 96.13306
ဝက်ဘ်ဆိုဒ်yangonairport.aero
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
ပေ မီတာ
၀၃/၂၁ ၁၁,၂၀၀ ၃,၄၁၄ နိုင်လွန်ကတ္တရာ

လေဆိပ်အဆောက်အဦး (၃) ခု တည်ရှိပြီး လေဆိပ်အဆောက်အဦး (၁) နှင့် (၂) မှာ ပြည်ပ ခရီးစဉ်များအတွက် အသုံးပြုကာ လေဆိပ်အဆောက်အဦး (၃) မှာ ပြည်တွင်း ခရီးစဉ်များအတွက် အသုံးပြုသည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄.၆၈ သန်း ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ပြည်တွင်းလေကြောင်းလိုင်း (၁၀) လိုင်း နှင့် ပြည်ပ လေကြောင်းလိုင်း (၃၀) လိုင်းတို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုနေသည်။ ထိုပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများသည် ပြည်တွင်း (၂၆) မြို့ နှင့် ပြည်ပ (၂၂) မြို့သို့ ရန်ကုန်မြို့နှင့် ချိတ်ဆက်ပျံသန်းလျက်ရှိသည်။

သမိုင်း

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် 
ပြည်ပ လေဆိပ်အဆောက်အဦးရှိ Check-in ကောင်တာများ

Calcutta Metropolitan Airports Authority မှ ၁၉၄၇ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် တည်ဆောက်ခဲ့ကြသည်။ တစ်ချိန်က အရှေ့တောင်အာရှ၏ အကောင်းဆုံးလေဆိပ်တစ်ခုအဖြစ် လေးစားခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိန်းသိမ်းမှု နည်းပါးခြင်း၊ ခေတ်နောက်ကျခြင်းတို့ကြောင့် ၎င်း၏အရှိန်အဝါကျဆင်းခဲ့ရသည်။

ရန်ကုန် လေဆိပ် အဆင့်မြှင့်တင်ရေး အစီအစဉ်ကို ၂၀၀၃ ခုနှစ် တွင် စတင်ခဲ့ပြီး အဆုံးတွင် တာမီနယ် အသစ်တစ်ခုနှင့် တိုးချဲ့ထားသော ၁၁၂၀၀ ပေ (၃၄၁၄ မီတာ) ရှည်သော လေယာဉ်ပြေးလမ်းတစ်ခု တို့ ပေါ်ပေါက်လာခဲ့သည်။

လေဆိပ်အဆောက်အဦး

၂၀၂၁ခုနှစ်တွင် ရန်ကုန်လေဆိပ်၌ အများပြည်သူအသုံးပြုသော လေဆိပ်အဆောက်အဦး (Terminal) (၃)ခုရှိသည်။ ယခင်လေဆိပ်အဟောင်းရှိ အဆောက်အဦးများမှ လက်ရှိ အဆောက်အဦး (၂)ကို ပထမဆုံးအဆင့်မြှင့်တင်ခဲ့သည်။ ထိုအဆောက်အဦးအသစ်တွင် နိုင်ငံတကာ ခရီးစဉ်များ အသုံးပြုခဲ့သည်။ ထို့နောက် အရေးကြီးပုဂ္ဂိုလ်အဆောက်အဦးအပါအဝင် လေဆိပ်အဆောက်အဦးဟောင်းကို ဖျက်သိမ်းကာ ၆ထပ် အဆောက်အဦးအသစ်ကို တည်ဆောက်ခဲ့သည်။ ထို့နောက် အဆောက်အဦး (၁)ဟု သတ်မှတ်ကာ နိုင်ငံတကာခရီးစဉ်များ အသုံးပြုခဲ့သည်။ အဆောက်အဦး (၁)ဖွင့်လှစ်ပြီး မကြာမီတွင် အဆောက်အဦး (၃)ကို တည်ဆောက်ဖွင့်လှစ်ကာ အဆောက်အဦး (၃)အဖြစ် သတ်မှတ်ပြီး ပြည်တွင်းခရီးစဉ်များ သုံးစွဲလျက်ရှိသည်။ ထို့နောက် ယခင်လေဆိပ်အဆောက်အဦးများမှ နောက်ဆုံးကျန်ရှိသော အဆောက်အဦး (၁)နှင့် (၂)ကြားရှိ အဆောက်အဦးကို ဖျက်သိမ်းကာ အဆောက်အဦး (၁)နှင့် (၂) အကြား ဆက်သွယ်တည်ဆောက်ခဲ့သည်။ နောက်ပိုင်းတွင် အဆောက်အဦး (၂)အား ထပ်မံအဆင့်မြှင့်တင်လျက်ရှိသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် 
၂၀၀၂ခုနှစ်က​တွေ့ရ​သော ​လေဆိပ်​ဆောက်အဦးများ

လေဆိပ်အဆောက်အဦး (၁)

၂၀၁၄ခုနှစ်တွင် လေဆိပ်အဆောက်အဦးဟောင်းကို ဖြိုချကာ ၆ထပ်ရှိ လေဆိပ်အဆောက်အဦးအသစ်ကို တည်ဆောက်ခဲ့သည်။၂၀၁၄ ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့သည်။၂၀၁၆ခုနှစ်တွင် တည်ဆောက်ပြီးစီးကာ နိုင်ငံတကာခရီးစဉ်များကို အသုံးပြုလျက်ရှိသည်။ လေဆိပ်အဆောက်အဦးနှင့် ကားပါကင်ကို ခေတ်မီပေါင်းကူးတံတားဖြင့် ဆက်သွယ်ထားရှိသည်။ ဤအဆောက်အဦးသည် အလျား ၂၄၀ မီတာ၊ အကျယ် ၉၄.၇ မီတာ ရှိ မြေအောက်ထပ် အပါအဝင် ၆ ထပ် ပါဝင်သည်။

မြေအောက်ထပ်တွင် ထွက်ခွာ၊ ဆိုက်ရောက် ခရီးသည်အိတ်များ ကိုင်တွယ်မှု ဧရိယာ၊ Check-In ခန်းမ၊ ဆိုက်ရောက်ခရီးသည်များအတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၊ အကောက်ခွန် နှင့် ဈေးဆိုင်ခန်းများ ပါဝင်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် 
လက်ရှိ လေဆိပ်အဆောက်အဦး (၁)

ပထမထပ်တွင် နိုင်ငံကူးလက်မှတ် စစ်ဆေးရေးကောင်တာ၊ လုံခြုံရေး စစ်ဆေးရေးဂိတ်၊ ထွက်ခွာဂိတ်များနှင့် ဈေးဆိုင်များ ပါဝင်သည်။ ဒုတိယထပ်တွင် ဈေးဆိုင်များနှင့် တတိယထပ်တွင် အပန်းဖြေရန် နေရာများ ပါဝင်တည်ဆောက်ထားသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် 
အသစ်မတည်​ဆောက်မီက ​လေဆိပ်အ​ဆောက်အဦး​ဟောင်း

လေဆိပ်အဆောက်အဦး (၁) ဟု ခေါ်ဆိုပြီး ပြည်ပ ဝင်/ထွက် အဖြစ် အသုံးပြုမည်ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၁၂) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပိုင်အိုးနီးယား အေရိုဒရုန်း ကုမ္ပဏီက တည်ဆောက်ပေးထားပြီး ယခင်က တစ်နှစ်လျှင် ခရီးသည် ၂.၇ သန်း ဝန်ဆောင်မှု ပေးနိုင်ရာမှ ယခုအခါ ခရီးသည် သန်း ၂၀ ခန့် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။

လေဆိပ်အဆောက်အဦး (၁) ကို ပထမဦးဆုံး စတင်အသုံးပြုသော လေကြောင်းလိုင်းမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြစ်လာခဲ့သည်။ ထို့နောက် ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် ဒုတိယ လေကြောင်းလိုင်းအဖြစ် လေဆိပ် အဆောက်အဦး (၁) ကို အသုံးပြုခဲ့သည်။

လေဆိပ်အဆောက်အဦး (၂)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် 
​လေဆိပ်အ​ဆောက်အဦး (၂)

စင်ကာပူအခြေစိုက် CPG Corporation ၏ လေဆိပ်အဆင့်မြှင့်တင်ရေးဌာနမှ ဒီဇိုင်း ရေးဆွဲကာ မြန်မာနိုင်ငံ၏ ရှေ့ပြေး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Asia World မှ အမေရိကန်ဒေါ်လာ ၁၃.၃သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။ အ​ဆောက်အဦး အသစ်သည် ဆိုက်ရောက်ခရီးသည် ၉၀၀၊ထွက်ခွာခရီးသည် ၉၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနိုင်သည်။ လေဆိပ်ကြီးတစ်ခု လုံး၏ဒီဇိုင်းနှင့် အသေးစိပ်ကို အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) ၏ သတ်မှတ်ချက်များ၊ အပြည်ပြည်ဆိုင်ရာ ပြည်သူပြည်သားနှင့် ဆိုင်သောလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (ICAO) ၏ လုံခြုံရေးသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် စင်ကာပူဒေါ်လာ သန်း ၃၀ အသုံးပြုထားသည်။ အခြားမှတ်သားစရာအချက်အလက်များမှာ

  • ပြွတ်ကြပ်ခြင်းလျော့နည်းစေရန်ဆိုက်ရောက်နှင့်ထွက်ခွာ ကို တစ်ထပ်စီ ထား ထားသည်။
  • အလိုအလျှောက်လက်ဆွဲအိတ်ကိုင်တွယ်မှု၊ပေါင်းစပ်ထားသော check-in system
  • ဘိုးရင်း၇၄၇လေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့်ခရီးသည်ပို့ဆောင်သောရွေ့လျားတံတား ၄ ခု
  • အစိုးရ အရာရှိများ နှင့် စီးပွားရေးသမားများ အတွက် နားနေခန်းများ
  • မော်တော်ယာဉ် အစီးရေ ၃၄၀ ဆံ့သော နှစ်ထပ်ကားပါကင်တစ်ခုပါဝင်သည်။

လေဆိပ်အဆောက်အဦး (၃)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် 
၂၀၁၇ခုနှစ်က​တွေ့ရ​သော ပြည်တွင်း​ခရီးစဉ် အ​ဆောက်အဦး

လေဆိပ်အဆောက်အဦး (၂) တည်ဆောက်ပြီးစီးပြီးနောက် ပြည်ပခရီးစဉ်များ အားလုံးကို လေဆိပ်အဆောက်အဦး (၂) သို့ ပြောင်းရွေ့လိုက်သည်။ လေဆိပ်အဆောက်အဦး အဟောင်းမှာ ပြည်တွင်းခရီးစဉ်များသာ ကျန်ရှိခဲ့သည်။ ထို့နောက် လေဆိပ်အဆောက်အဦးအဟောင်း နေရာတွင် အဆောက်အဦးထပ်မံတည်ဆောက်ရန်အတွက် ပြည်တွင်းခရီးစဉ်များအားလုံးကို အရေးကြီးပုဂ္ဂိုလ်များ အဆောင်သို့ ရွေ့ပြောင်းလိုက်သည်။ လေဆိပ်အဆောက်အဦးကို ဖျက်၍ အသစ်တည်ဆောက်သော အဆောက်အဦး (၁) မှာလည်း ပြည်ပ ခရီးစဉ်များအတွက်သာ အသုံးပြုခဲ့သည်။

လေဆိပ်အဆောက်အဦး (၂) အနီးတွင် လေဆိပ်အဆောက်အဦး (၃) ကို တည်ဆောက်ကာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ပြည်တွင်းခရီးစဉ်များအားလုံးအတွက် အသုံးပြုခဲ့သည်။ ယခင် ယာယီအသုံးပြုခဲ့သော အရေးကြီးပုဂ္ဂိုလ်များအဆောင်ကို ဖျက်သိမ်းခဲ့ပြီး လေဆိပ်အဆောက်အဦး (၁) နှင့် (၂) တို့ကို ချိတ်ဆက်ထားသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် 
ယခင် ပြည်တွင်းထွက်ခွာ ​လေဆိပ်အ​ဆောက်အဦး​ဟောင်း

ပြေးဆွဲသည့် လေကြောင်းလိုင်းများ နှင့် မြို့များ

လေကြောင်းလိုင်းများပျံသန်းရာနေရာလေဆိပ်အဆောက်အဦး
ကမ္ဘောဇ လေကြောင်းလိုင်း ပုဂံညောင်ဦးထားဝယ်ဟဲဟိုးကော့သောင်းကလေးလားရှိုးမြိတ်မန္တလေးမြစ်ကြီးနားစစ်တွေသံတွဲပူတာအိုဗန်းမော်တာချီလိတ် ပြည်တွင်း
ကမ္ဘောဇ လေကြောင်းလိုင်း ချင်းမိုင်
ကာတာ လေကြောင်းလိုင်း ဒိုဟာ၊ ချင်းမိုင်
ကိုရီးယား လေကြောင်းလိုင်း ဆိုးလ်-အင်ချွန်
ချိုင်းနားအဲလိုင်း လေကြောင်းလိုင်း ထိုင်ဝမ်-ထောင်ယွမ်
ဂျက်စတား လေကြောင်းလိုင်း စင်ကာပူ
စင်ကာပူ လေကြောင်းလိုင်း စင်ကာပူ
ဆစ်အဲ လေကြောင်းလိုင်း စင်ကာပူ
တရုတ်တောင်ပိုင်း လေကြောင်းလိုင်း ကွမ်ကျိုး
တရုတ်အရှေ့ပိုင်း လေကြောင်းလိုင်း ကူမင်း၊ နန်နင်း
ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ဘန်ကောက်-သုဝဏ္ဏဘူမိ
ထိုင်းအဲအေးရှား လေကြောင်းလိုင်း ဘန်ကောက်-ဒွန်မောင်းချင်းမိုင်
ဒရာဂွန် လေကြောင်းလိုင်း ဟောင်ကောင်
နော့ လေကြောင်းလိုင်း ဘန်ကောက်-ဒွန်မောင်း
ဗီယက်ဂျက် လေကြောင်းလိုင်း ဟိုချီမင်းစီးတီး
ဗီယက်နမ် လေကြောင်းလိုင်း ဟနွိုင်း ဟိုချီမင်းစီးတီး
ဘန်ကောက် လေကြောင်းလိုင်း ဘန်ကောက်-သုဝဏ္ဏဘူမိချင်းမိုင်
မြန်မာအမျိုးသား လေကြောင်းလိုင်း အမ်း၊ စစ်တွေမော်လမြိုင်၊ မိုင်းဆတ်၊ မုံရွာမြိတ်မြစ်ကြီးနားနေပြည်တော်၊ ပုသိမ်၊ ပူတာအိုစစ်တွေတာချီလိတ်၊ တောင်ငူ၊ သံတွဲပုဂံညောင်ဦးဗန်းမော်၊ ဘုတ်ပြင်း၊ ထားဝယ်ဟဲဟိုးခန္တီး၊ ဟုမ္မလင်း၊ ကလေးကော့သောင်း၊ ကျောက်ထု၊ ကျောက်ဖြူကျိုင်းတုံလားရှိုးလွိုင်ကော်မန္တလေး ပြည်တွင်း
မြန်မာအမျိုးသား လေကြောင်းလိုင်း ချင်းမိုင်စင်ကာပူဘန်ကောက်-သုဝဏ္ဏဘူမိ၊ ဟောင်ကောင်၊ ဖူးခက်
မလေးရှား လေကြောင်းလိုင်း ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ
ရန်ကုန် လေကြောင်းလိုင်း ပုဂံညောင်ဦးထားဝယ်ဟဲဟိုးကော့သောင်းကျိုင်းတုံမြိတ်မန္တလေးတာချီလိတ် ပြည်တွင်း
ရွှေမြန်မာလေကြောင်းလိုင်း မန္တလေးမြစ်ကြီးနားစစ်တွေ ပြည်တွင်း
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမန္တလေး ပြည်တွင်း
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း ဘန်ကောက်-သုဝဏ္ဏဘူမိ၊ ကွမ်ကျိုး၊ စင်ကာပူ၊ ဗုဒ္ဓဂါယာ
အိန္ဒိယ လေကြောင်းလိုင်း ကာလကတ္တား၊ ဗုဒ္ဓဂါယာ ပြည်ပ
အေးရှန်းဝင်း လေကြောင်းလိုင်း ပုဂံညောင်ဦးထားဝယ်ဟဲဟိုးကော့သောင်းကျိုင်းတုံမြိတ်မန္တလေးတာချီလိတ် ပြည်တွင်း
အောနစ်ပွန် လေကြောင်းလိုင်း တိုကျို-နာရိတ
အဲချိုင်းနား လေကြောင်းလိုင်း ကူမင်း ပေကျင်း
အဲအေးရှား လေကြောင်းလိုင်း ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ
အဲမရိတ် လေကြောင်းလိုင်း ဒူဘိုင်း(၃ ဩဂုတ် ၂၀၁၆ စတင်)
ထိုင်းလိုင်းရင်း လေကြောင်းလိုင်း ဘန်ကောက်-ဒွန်မောင်း
ပါတိတ်အဲမလေးရှား လေကြောင်းလိုင်း ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ

မတော်တဆဖြစ်စဉ်များနှင့် အခြားအဖြစ်အပျက်များ

  • ၁၉၇၈ခုနှစ် မတ် ၂၅တွင် မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွါလာသော Fokker F-27 Friendship 200အမျိုးအစား လေယာဉ် XY-ADKသည် ထွက်ခွာပြီးမကြာမီ လယ်ကွင်းထဲပျက်ကျခဲ့ကာ လေယာဉ်ပေါ်ပါ ခရီးသည် ၄၈ဦးလုံး သေဆုံးခဲ့သည်။
  • ၁၉၉၈ခုနှစ် ဇန်နဝါရီ ၂၇တွင် မြန်မာ့လေကြောင်းလိုင်းပိုင် Fokker F27လေယာဉ်သည် ရန်ကုန်မှ ထွက်ခွာနေစဉ် တိမ်းမှောက်ကာ လေယာဉ်ပေါ်ပါ ခရီးသည် ၄၈ဦးအနက် ၁၆ဦး သေဆုံးခဲ့သည်။
  • ၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၉တွင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှေ့နေ ဦးကိုနီသည် လေဆိပ်ဂိတ်နံပါတ် ၆ အပြင်၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
  • ၂၀၁၉ခုနှစ် မေ ၈တွင် Biman ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၆၀သည် ဒါကာမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာရာ အဆင်းတွင် ပြေးလမ်းချော်ခဲ့သည်။ လေယာဉ်မှူး၊လက်ထောက်လေယာဉ်မှူး နှင့် ခရီးသည်များအပါအဝင် ၃၃ဦး အသေးစားထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
  • ၂၀၁၉ခုနှစ် ဩဂုတ် ၂တွင် မန္တလေးမှ ရန်ကုန်သို့ထွက်ခွာလာသော ရွှေမြန်မာလေကြောင်းလိုင်းပိုင် လေယာဉ် Y5-506 ATR-72-600လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြေးလမ်းသို့ ဆင်းသက်စဉ် ရှေ့ဘီးအဆင်းဂီယာကျိုးမှုဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်တွင် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါ။

ကုန်စည်ပို့ဆောင်

လေကြောင်းလိုင်း မြို့အမည်
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း သုဝဏ္ဏဘူမိလေဆိပ်

လူသွားအများဆုံး နေရာများ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့အထိ အပတ်စဉ် ပျံသန်းမှုဖြင့် ရန်ကုန်မြို့မှ အစည်ကားဆုံး ခရီးစဉ်များ။
အဆင့် နေရာ/လေဆိပ် အကြိမ်ရေ (အပတ်စဉ်)
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်  ဘန်ကောက်–သုဝဏ္ဏဘူမိ ၅၄
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်  စစ်တွေ ၄၁
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်  မန္တလေး ၃၅
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်  ထားဝယ် ၂၃
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်  စင်ကာပူ ၂၂
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်  ဟဲဟိုး လေဆိပ် ၁၈
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်  ကွာလာလမ်ပူ ၁၆
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်  လားရှိုး ၁၅
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်  မြိတ် ၁၃
၁၀

တာချီလိတ်

သယ်ယူပို့ဆောင်ရေး

ရန်ကုန်လေဆိပ်နှင့် မြို့တွင်းသို့ အငှားယာဉ်များဖြင့် သွားလာနိုင်သည်။၂၀၁၈ခုနှစ် ဇွန်လမှစတင်ကာ နံနက်၄နာရီမှ ၁၀နာရီအတွင်း YBS Shuttle Busအမည်ဖြင့် ရန်ကုန်လေဆိပ်မှ လေဆိပ်အဝင်အလမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်လမ်း၊ အလံပြဘုရားလမ်းနှင့် ဆူးလေဘုရားလမ်းအတိုင်း ဆူးလေအထိ ပြေးဆွဲလျက်ရှိသည်။မှတ်တိုင်များသည် လေဆိပ်အဆောက်အဦး (၁)နှင့် (၃) အနီးတွင် တည်ရှိသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် 
YBS Shuttle Bus

ကိုးကား


Tags:

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သမိုင်းရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လေဆိပ်အဆောက်အဦးရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြေးဆွဲသည့် လေကြောင်းလိုင်းများ နှင့် မြို့များရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် မတော်တဆဖြစ်စဉ်များနှင့် အခြားအဖြစ်အပျက်များရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကုန်စည်ပို့ဆောင်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူသွားအများဆုံး နေရာများရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သယ်ယူပို့ဆောင်ရေးရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကိုးကားရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မြန်မာပြည်

🔥 Trending searches on Wiki မြန်မာဘာသာ:

မြေပုံဆွဲပညာစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပုဂံခေတ်ဒွေးပဲခူးမြို့ဝီကီပီးဒီးယားဆောက်လုပ်ရေး ဝန်ကြီးဌာနတိုင်တန်းနစ်သင်္ဘောကျိုက်ထီးရိုးဘုရားစာပေတာလပေါဟင်းယူကျု(ဘ်)ပြည်တွင်းသောင်းကျန်းမှုသမိုင်းမြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများဇီဝဇိုးငှက်ပြင်ဦးလွင်မြို့အာနာပါနရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျောက်စိမ်းပညာရေးဝန်ကြီးဌာနမဏိစန္ဒာအိမ်စောင့်အစိုးရ (၂၀၂၁)လက်ဗိုလ်တစ်ထောင်ဘုရားပန်ထွာဘုရင်မကုန်းဘောင်ခေတ် နာမည်တွက်နည်းအဲလ်ဘတ် အိုင်းစတိုင်းဂျူးဘာသာဆိုင်ကလုံးမုန်တိုင်းနီပေါနိုင်ငံအချစ်ယဉ်ကျေးမှုအကြည်တော်ကျိုက်ထိုမြို့အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံဗုဒ္ဓဘာသာရွှေဥဒေါင်းရွှေဘိုမြို့ကွမ်းယာမြင့်မြတ် (ရုပ်ရှင်သရုပ်ဆောင်)ခရီးသွားခြင်းတောင်ကြီးမြို့မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများကနေဒါနိုင်ငံဓူဝံကြယ်ချဉ်ပေါင်နာရီနာဇီဂျာမနီမြန်မာစာပေအရက်ဒွန်နီယင်းဝေလငါးပါရီမြို့တပ်မတော် (လေ)ဂုဏ်တော်ကွန်ချာသီရိလင်္ကာနိုင်ငံမြန်မာကဗျာ ကာရန်ယူနည်းများဂုဏ်ဆယ်ပါးအီမီ ဖူကာဒါဘူရိဒတ်ဇာတ်တော်စစ်ကိုင်းတိုင်းဒေသကြီးကယားပြည်နယ်စိုးလွင်လွင်တက္ကသိုလ်ဘုန်းနိုင်သင်္ကြန်ဗီ (အဆိုတော်)ခရစ်တော်၊ ယေရှုအဘိဓမ္မာပိဋကတ်ရဟန်းခံခြင်းမန်ကျည်းတိုင်းစစ်ဌာနချုပ်မြန်မာ့တပ်မတော် သမိုင်းကြောင်းမြန်မာ အမျိုးသား ဘောလုံးအသင်းကျောက်တော်မြို့နယ်မယ်ခွေဂေဟစနစ်🡆 More