မိုင်းယန်းမြို့နယ်

မိုင်းယန်းမြို့နယ်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်ရှိ မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မိုင်းယန်းမြို့ ဖြစ်သည်။

မိုင်းယန်းမြို့နယ်
မြို့နယ်
မိုင်းယန်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိုင်းယန်းမြို့နယ်
မိုင်းယန်းမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°50′40″N 99°40′45″E / 21.84444°N 99.67917°E / 21.84444; 99.67917 99°40′45″E / 21.84444°N 99.67917°E / 21.84444; 99.67917
နိုင်ငံမိုင်းယန်းမြို့နယ် မြန်မာ
ပြည်နယ်မိုင်းယန်းမြို့နယ် ရှမ်း
ခရိုင်မိုင်းယန်းခရိုင်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၉၄၄ မီတာ (၃၀၉၇ ပေ)
လူဦးရေ (၂၀၁၄)၅၂,၅၉၁
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ရာဇဝင်သမိုင်း

မိုင်းယန်းမြို့သည်သက္ကရာဇ် (၆၂၃) ခုနှစ်တွင်ကျိုင်းတုံမြို့ကို စတင်တည်ထောင်သည့် ကျိုင်းတုံ စော်ဘွားကြီး လက်ထက်ကမြို့ပျက်(၁)ခုဖြစ်ပြီး ကျိုင်းတုံ စော်ဘွားကြီး၏ လက်အောက်ခံနယ်မြေဒေသ (၁)ခုဖြစ်ခဲ့သည်။ သက္ကရာဇ် (၆၃၃)ခုနှစ်တွင် မိုင်းယောင်းမြို့နယ်၊ မိုင်းကာမှ ရှမ်းအမျိုးအနွယ် ညီအစ်ကို(၆)ယောက်သည် နေထိုင်စားသောက်လုပ်ကိုင်ရန် နေရာမရှိသဖြင့် ကျိုင်းတုံ စော်ဘွားထံ လာရောက်ခိုလှုံရာ ကျိုင်းတုံစော်ဘွားမှ မိုင်းယန်းမြို့သို့ သွားရောက်ရွာတည်နေထိုင်ရန် စေလွှတ် လိုက်သည်။ ၎င်းညီအစ်ကို(၆)ယောက်သည် ကျိုင်းတုံမှ ပြည်သူများလိုက်ပါ၍ အစ်ကိုကြီးသည် ဝမ်သာရွာကို တည်ပြီး၊ ဝမ်မိုင်းရွာ(၁)ဖွဲ့၊ ယမ်းတောင်ရွာအဖြစ်(၁)ဖွဲ့၊ ဝက်ဝံရွာအဖြစ်(၁)ဖွဲ့၊ ဝမ်ပုံလဲရွာအဖြစ် (၁)ဖွဲ့၊ ဒုတိယညီမှာ မိုင်းတိရွာအဖြစ်(၁)ဖွဲ့ တည်ထောင်ခဲ့သည်။

အစ်ကိုကြီးမှ ညီအစ်ကိုများ ညီညီညွတ်ညွတ်စည်းစည်းလုံးလုံးဖြင့် နေထိုင် သွားကြရန်နှင့်ဒုတိယညီအားမိုင်းတိရွာကို ခိုင်မာတောင့်တင်း အောင်ပြုလုပ်ရန် ပြောဆိုသဖြင့် ၎င်းရွာကို မိုင်းဆီရွာဟု ခေါ်တွင်ခဲ့သည်။ နှစ်နှစ်ခန့် ကြာသောအခါ ပါစက်၊ ယမ်းတောက်၊ နောင်ခုတ်၊ ပန်ကန်း၊ ပန်နင်ထက်မှ “ဝ”လူမျိုးများ ဆင်းလာပြီး၊ လမ်းတွင်ခေါင်းဖြတ်ကြရာ ရပ်ရွာအေးချမ်းခြင်းမရှိဘဲ ဆူပူအုံကြွလာသဖြင့် ကျိုင်းတုံ စော်ဘွားကြီးသည် မိုင်းယန်းပြည်သူများကို ခေါ်ယူစဉ် ဆူပူမှုဖြစ်လျှင်မကောင်း၊ အုပ်ချုပ်သူများထားရှိရန် လိုအပ် သဖြင့် သူကြီးချုပ်၊တိုက်သူကြီး၊ကျေးရွာသူကြီးနှင့် စစ်ဖက် တာဝန်ခံရန် ခွဲ / ထောက်အဆင့်ရှိသူ (၁)ဦးအား တာဝန် ပေးဖွဲ့စည်းခဲ့သည်။ သို့ဖြစ်၍ မိုင်းယန်းကျေးရွာများ အပြင် တောင်ပေါ်ဒေသမှလွယ်လများ နေထိုင်သည့် (၁၁) အုပ်စုနှင့် (၁၅)အုပ်စုကို မိုင်းယန်းသို့ခေါ်၍ (၁၁) အုပ်စုကို ယန်းခတ်အုပ်စုအဖြစ်၊ နားဆိုင်းတွင် စုရပ်အဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး၊ မိုင်းယန်း၊ မိုင်းလွေသည် မြို့အင်္ဂါရပ်နှင့် ပြည့်စုံလာသဖြင့်မိုင်းယန်း မြို့စား (၁)ဦးထားရှိ အုပ်ချုပ်ခဲ့သည်။ မိုင်းယန်းမြို့အား (မိုင်း= မြို့) (ယန်း= နားခိုရာ တစ်ထောက်နားရာ)ဟုသောသမိုင်းရာဇဝင်အရ ညီအစ်ကို သုံးဦး၊ကျွဲ၊မြင်းစီးလာရာမှ တစ်ထောက်နား ဦးတည်အရပ် ဖြစ်ခြင်းကြောင့် "မိုင်းယန်း"ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်ပြီး ၁၉၆၂ခုနှစ်၊ တော်လှန်ရေးကောင်စီတက်လာသောအခါ စော်ဘွားများကို အာဏာစွန့်စေလျှက် မြို့နယ်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီကို ဖွဲ့စည်း၍ အုပ်ချုပ်ခဲ့သည်။

ဖွဲ့စည်းမှု

မိုင်းယန်း မြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၁၉၇၂ ဩဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ကြေညာချက်အရ ရပ်ကွက်(၁၁) ခုဖြင့် လည်းကောင်း၊ မိုင်းယန်းမြို့နယ် အဖြစ် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၁၉၇၂ ဇူလိုင် ၁၇ နေ့စွဲ ထုတ်ပြန်ချက်အရ ကျေးရွာအုပ်စု (၁၅) အုပ်စု၊ကျေးရွာ (၃၃၄) ရွာဖြင့် ဖွဲ့စည်းခဲ့ကြသည်။

ကိုးကား

Tags:

မိုင်းယန်းခရိုင်မိုင်းယန်းမြို့မြန်မာနိုင်ငံရှမ်းပြည်နယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

သင်္ချာနွေရာသီသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ပထမ အင်္ဂလိပ် - မြန်မာစစ်နေနဂါးတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ပုသိမ်မြို့မြေဆီလွှာကရ​ဝိက်လား (တိရစ္ဆာန်)သီတင်းကျွတ်လပြည့်နေ့လူ့အခွင့်အရေးရွှေတိဂုံစေတီတော်ရှမ်းဘာသာစကားအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအတ္တာဟိ အတ္တနော နာထောအစားအစာတယ်လီဖုန်း ကုတ်နံပါတ်ပရိမိတ္တဇာလသုတ်တောင်ငူခေတ်အပျိုမြှေးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမောရသုတ်လွှတ်တော်ကလောမြို့မိုင်တဲလ် မြန်မာမုန့်လုံးရေပေါ်ချင်းလူမျိုးမြန်မာနိုင်ငံ၏ အလံများ စာရင်းအင်တာနက်မန္တလေးမြို့နီပေါနိုင်ငံအောင်လံမြို့လာအိုနိုင်ငံမြန်မာနိုင်ငံရှိ လေဆိပ်များစာရင်းအိုမန်နိုင်ငံao3pqယောနိသောမနသိကာရသိင်္ဃသူ့သမီးငှက်သိုက်စစ်တက္ကသိုလ် (ပြင်ဦးလွင်)ပြစ်မှုဆိုင်ရာဥပဒေမြောက်ယဉ်စွန်းတန်းစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အပြင် ၃၇ မင်းကင်ဆာရောဂါဓနုလူမျိုးကမ္ဘာ့ဆရာများနေ့ဘန်နီဖြိုးဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ချင်းမိုင်မြို့မြန်မာစာရေးဆရာများ စာရင်းဂေါတမဗုဒ္ဓလှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်းအင်ဒိုနီးရှားနိုင်ငံပဋ္ဌာန်းသတိုးမဟာသရေစည်သူမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းပုလွေမှုတ်ခြင်းဆူးလေစေတီတော်ကမ္ဘာ့အလုပ်သမားနေ့ကရင်အမျိုးသားအလံတော်အဆိပ်မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များဗမာလူမျိုးခရေပင်အာရုံခြောက်ပါးသွေးတိုးရောဂါငှက်ဖျားရောဂါပါတော်မူခြင်းမုတ္တမမြို့ဂျက်ကီချန်းငါးမျိုးစိတ်များ စာရင်းဓာတ်တူနံတူ ဆေးကိုယူ၊ နံတူသတ်က အသေရ🡆 More