မင်းထီး (အင်္ဂလိပ်:Min Hti) သည် ရခိုင်ဘုရင့်နိုင်ငံတော် လေးမြို့ခေတ်တွင် မင်းတစ်ပါးဖြစ်သည်။ ကမ္ဘာပေါ်တွင် ထီးနန်းစိုးစံသက်တမ်းအရှည်ဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင် ပုဂ္ဂိုလ်ထဲတွင် ရခိုင်ဘုရင် မင်းထီး ပါဝင်သည်။ သူသည် AD ၁၂၇၉ မှ AD ၁၃၇၄ အထိ ၉၅ နှစ်တိုင်တိုင်ထီးနန်းစိုးစံခဲ့သူဖြစ်သည်။
မင်းထီး | |||||||||
---|---|---|---|---|---|---|---|---|---|
ရခိုင်ဘုရင် | |||||||||
နန်းသက် | ၁၂၇၉ - ၁၃၇၄ | ||||||||
နန်းတက်ချိန် | ၁၂၇၉ | ||||||||
ရှေ့မင်းဆက် | စည်သဘင် | ||||||||
နောက်မင်းဆက် | ဥစ္စနာငယ် | ||||||||
မွေးဖွား | ၁၂၇၃ အေဒီ လောင်းကြက်မြို့ | ||||||||
ကွယ်လွန် | ၁၃၇၄ အေဒီ (အသက် ၁၀၁ နှစ်) လောင်းကြက်မြို့ | ||||||||
ကြင်ရာတော် | စောစစ်ကြီး စောပျို စောသန္တာဖြူ စောညို | ||||||||
သားသမီးများ | ဥစ္စနာငယ် သိဝရာဇ် နန်းကျငယ်သိဥ္စည်း စောမာလာငယ် စောသမာ မင်းဂဏှာ စောရွှေပွင့် | ||||||||
| |||||||||
စံအိမ် | အလောမာဖြူ | ||||||||
ခမည်းတော် | မင်းဘီလူး | ||||||||
မယ်တော် | စောမာလာ | ||||||||
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
မင်းထီးသည် ၁၂၇၃ ခုနှစ်တွင် သျှင်ဘုရင် မင်းဘီလူးနှင့် မိဖုရား စောမာလာ တို့မှ ရခိုင်ပြည်နယ်၊ လောင်းကြက်မြို့တွင် မွေးဖွားခဲသည်။ မွေးရာမှာ ဘုံတန်ခိုးကြီးရွက် ကောင်းမှူများစွာကို အမတ်ပညာရှင်များက မြင်တွေ့နေရသည်။ သောကြောင့် အဖေက မနာလိုစိတ်ကြောင့် သားတော်မင်းသားကို လေးမြို့မြစ်ထဲမှာ စွတ်ထားပြီး မျှော့်ချလိုက်သည်။ သို့သော မင်းထီးကို တငါးသယ်အချိုမှ ကယ်ဆယ်ခဲပြီး။ လေးမြို့နိုင်ငံတော်၏ ဝေးကွာသောနေရာသို့ ပို့လိုက်သည်။ မင်းထီးသည် ယနေ့ခေတ် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဥရိတောင်တောင်ပေါ်ရှိ ရိုးချောင်းကျေးရွာတွင် ပုန်းကွယ်နေခဲ့ပြီး နန်းတက်ချိန်အထိ နေထိုင်ခဲ့သည်။
သူထုတ်ထားသော အမိန့်တရပ်ကား
“သားမကောင်းလျှင် အဖကို စီရင်ရမည်၊
သမီးမကောင်းလျှင် အမိကို၊
မယားမကောင်းလျှင် လင်ကို၊
တပည့်မကောင်းလျှင် ဆရာကို၊
ကျွန်မကောင်းလျှင် သခင်ကို စီရင်ရမည်” ဟူ၍ ဖြစ်သည်။ ထိုအမိန့်တော်ကို ရခိုင်ဘုရင် “မင်းထီး”၏ ဦးရီးတော် အနန္တဘယ အမတ်ကြီးက ရခိုင်ဘုရင် “မင်းထီး” ရင်ခွင်ပိုက်အရွယ်ကတည်းက ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ တနေ့တွင် သူဌေးနှစ်ယောက်၏ ကျွန်များသည် အခြားသူ၏ နွားကို ခိုးယူသတ်စားကြ၏။ ထိုအကြောင်းကို သူဌေးသိသော် အသတ်ခံရမည်ကို ကြောက်သည့်အတွက် ဘုရင့်ဦးရီးတော် အနန္တဘယအမတ်ကြီးကတော်ထံသို့ ချဉ်းကပ်ပြီး အပြစ်မှလွတ်စေကြောင်း တံစိုးလက်ဆောင်များဖြင့် လာဘ်ထိုးသည်။ အမတ်ကြီးကတော်ကလည်း ဘုရင် “မင်းထီး” အနေဖြင့် သူ၏ ဦးရီးတော်ကို မပြစ်မပေးတန်ကောင်းဟု တွေးထင်ကာ ထိုသူဌေးလာဘ်ထိုးသည့် တံစိုးလက်ဆောင်များကို လက်ခံထားလိုက်၏။ တရားခံများကို စစ်လေသော် ဦးရီးတော်အနန္တဘယ၏ ကျွန်များဖြစ်သည်ဟု လျှောက်တင်သည်။ အမတ်ကြီးခမျာမှာလည်း ဇနီးဖြစ်သူက လက်ခံပြီးသည်ဖြစ်ရာ ဟုတ်ပါသည်ဟု ဝန်ခံလိုက်လေ၏။ ထိုအခါ ဘုရင်မင်းထီးသည် အခြားအမတ်များနှင့် တိုင်ပင်ကာ “ငါတို့ မင်း မည်သည်မှာ မည်သူ့မျက်နှာကိုမှ မထောက်နိုင်” ဟု ဆိုကာ ဦးရီးတော်ကို သူသတ်တို့လက်အား ပို့လေ၏။ တခါသော် မင်းမှုထမ်း၊ အမတ် စသူတို့သည် ကွမ်းစားပြီးလျှင် ပေကျံနေသည့် ထုံးများကို နန်းတော်တိုင်များတွင် အမှတ်တမဲ့သုတ်လေ့ရှိသည်။ ဘုရင် “မင်းထီး” မြင်သော် “နောင် - နန်းတော်တိုင်တွင် ထုံးသုတ်သူကိုတွေ့လျှင် သုတ်သည့်လက်ချောင်းကို ဖြတ်မည်” ဟု အမိန့်တော်မှတ်လေသည်။ တနေ့၌ ဘုရင် “မင်းထီး” ကိုယ်တိုင် နန်းတော်တိုင်တွင် လက်ညှိုးဖြင့် အမှတ်တမဲ့ ထုံးသုတ်မိ၏။ မြင်သော အမတ်တပါးက အချိန်၊ နာရီနှင့်တကွ မှတ်ထားလိုက်လေ၏။ ထိုထုံးသုတ်ရာကို ဘုရင် “မင်းထီး” မြင်သော် စစ်မေးရာ မှတ်တမ်းယူထားသော အမတ်ကလည်း ဘုရင်ကိုယ်တိုင်သုတ်ကြောင်း အချိန်နှင့်တကွလျှောက်တင်သောအခါ ဘုရင် “မင်းထီး” သည် အများရှေ့မှာပင် မိမိ၏ လက်ညှိုးကို သန်လျက်ဖြင့် ဖြတ်လိုက်လေသည်။ (လောင်းကြက်မြို့အနီး နန်းကျအရပ်တွင် ဘုရားရုပ်တုတဆူရှိလေရာ ရှေးက လက်ယာဘက်တွင် လက်လေးချောင်းသာရှိသည်။ လက်ညှိုးမပါချေ။ ရခိုင်ဘုရင် “မင်းထီး”အား အစွဲပြုပြီး အထိမ်းအမှတ်အဖြစ်ပြုလုပ်ထားခဲ့ဟန်တူသည်။) တခါကလည်း ဘုရင် “မင်းထီး” သည် မိမိ၏ ကျေးကျွန်တယောက်ကို အမတ်ကြီးရာထူးခန့်လေ၏။ ထိုအခါ မိဖုရားဖြစ်သူက မိမိ၏မောင်သည် မင်းမျိုးမင်းနွယ်ဖြစ်သည့်အတွက် ထိုနေရာကို ခန့်သင့်ကြောင်းလျှောက်၏။ ဘုရင် “မင်းထီး”က မိမိခန့်အပ်သော သူသည် “ကျေးကျွန်တော်ဖြစ်သော်လည်း ပညာအရည်အချင်းနှင့် ပြည့်စုံသောကြောင့် ခန့်ထားပေသည်” ဟု မိန့်တော်မူသည်။ မိဖုရားက မယုံသည့်အတွက် ထင်ရှားအောင်ပြမည်ဟုဆိုကာ မိဖုရားရှေ့တွင်ပင် ထိုသူနှစ်ယောက်ကို “နန်းတော်အောက်တွင် ခွေးမတကောင် ခွေးငယ်များမွေးလျက်ရှိသည်။ သွား၍ ကြည့်ကြချေ” ဟု စေလွှတ်တော်မူလိုက်၏။ မိဖုရား၏ မောင်ဖြစ်သူကား ဘုရင်၏ အထင်ကြီးမှုကိုရရန် အလျင်အမြန်ပြေးကြည့်ပြီး ပြန်လာ၏။ ဘုရင် "မင်းထီး" က အမတ်အဖြစ်ခန့်အပ်ခြင်းခံထားရသည့် ကျေးကျွန်က အလကားသဖြင့်မကြည့်ခိုင်းရာဟု တွေးဆ၍ အရာရာကိုစေ့စပ်စွာမှတ်သားပြီးမှ ဘုရင်ရှိရာသို့ ပြန်လာ၏။ ဘုရင် “မင်းထီး” သည် အလျင်ပြန်လာသော မိဖုရားမောင်တော်အား “ခွေးများ မွေးပြီလော” ဟုမေးရာ “မွေးပါပြီ”ဟု လျှောက်၏။ ဘုရင်က “ဘယ်နှစ်ကောင် မွေးသလဲ” ထပ်မေးရာ မဖြေနိုင်၍ ပြေးဆင်းပြီး ရေတွက်၊ ပြန်ရောက်မှ ခွေးကလေးမည်မျှဟု လျှောက်နိုင်လေ၏။ တဖန် အထီး မည်မျှ၊ အမ မည်မျှ၊ မည်သည့်အရောင်က မည်မျှ စသည်ဖြင့် မေးခွန်းတိုင်းကို သွားကြည့်ပြီး ပြန်လာမှသာ လျှောက်ထားဖြေဆိုနိုင်လေ၏။ ဤအတောအတွင်း ဘုရင် “မင်းထီး” အမတ်အဖြစ်ခန့်အပ်ခြင်းခံထားရသူ ပြန်ရောက်လာ၍ ယခင်နည်းအတိုင်း မေးခွန်းများကို မေးတော်မူရာ မိဖုရား၏ မောင်ကဲ့သို့ အခေါက်ခေါက်အခါခါ ပြန်သွားကြည့်စရာမလိုဘဲ အလုံးစုံပင် သေချာစေ့ငုံပြတ်သားစွာ လျှောက်ထားနိုင်လေ၏။ ထိုအခါ ဘုရင် “မင်းထီး” က “ကဲ - မိဖုရား၊ မည်သူသည် အမတ်ရာထူးနှင့် ထိုက်တန်ကြောင်း အသင်ကိုယ်တိုင်မြင်ရ၊ ကြားရပြီ မဟုတ်လော” ဟု မိန့်တော်မူမှ မိဖုရားသည် ကျေနပ်သွားလေတော့သတည်း။
(Second years-Second Semester) Hist-2106 Rakhine(Medieval Rakhine) Laungyet and Mrauk U
This article uses material from the Wikipedia မြန်မာဘာသာ article မင်းထီး, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.