ဖရန့်ဇ်ကပ်ဖ်ကာ

ဖရန့်ဇ်ကပ်ဖ်ကာ (Franz Kafka) (၁၈၈၃ ဇူလိုင်လ ၃ရက် - ၁၉၂၄ ဇွန်လ ၃ရက်)သည် ၂၀ရာစု၏ ထင်ရှားသော ဝတ္ထုရေးဆရာတစ်ဦးဖြစ်သည်။ သူသည် ယခု ချက်သမ္မတနိုင်ငံ၏ နေရာဖြစ်သော ဩစတီးယား-ဟန်ဂေရီရှိ ပရက်ဂ်မြို့ရှိ အလယ်တန်းစား ဂျူးလူမျိုးမိသားစုတွင် မွေးဖွားသည်။ သူ၏စာများစုမှာ အပြည့်အစုံမဟုတ်ဘဲ သူသေဆုံးပြီးသော အချိန်ကာလမှသာ ထုတ်ဝေခဲ့သော်လည်း သူ၏ သီးခြားဖြစ်သော ရေးဟန်သည် အနောက်တိုင်းစာပေတွင် လွှမ်းမိုးမှု အပေးနိုင်ဆုံးဖြစ်သည်။

ဖရန့်ဇ်ကပ်ဖ်ကာ
ဖရန့်ဇ်ကပ်ဖ်ကာ
၁၉၀၆ ခုနှစ်တွင် ရိုက်ကူးထားသော ဖရန့်ဇ်ကဖ်ကာ၏ပုံ
မွေးဖွား၁၈၈၃ ခုနှစ် ဇူလိုင်လ ၃ ရက်
ကွယ်လွန်၁၉၂၄ ဇွန်လ ၃ရက်
ဗီယင်နာ၊ ဩစတီးယား အနီးရှိ Kierling
အလုပ်အကိုင်အာမခံအရာရှိ၊ စက်ရုံမှူး၊ ဝတ္ထုရေးဆရာ၊ ဝတ္ထုတိုရေးဆရာ
လူမျိုးဘိုဟီးမီးယန်း၊ ဩစတီးယား-ဟန်ဂေရီ
စာပေအမျိုးအစားဝတ္ထုရှည်၊ ဝတ္ထုတို
စာပေလှုပ်ရှားမှုမော်ဒန်စာပေ၊ ဖြစ်တည်မှုပဓာနဝါဒ၊ မျက်လှည့်သရုပ်မှန်ဝါဒ ဦးပိုင်း
ထင်ရှားသည့်လက်ရာများတရားခွင်၊ ရဲတိုက်၊ အသွင်ပြောင်းလဲခြင်း

လက်မှတ်

သူ၏ဝတ္ထုများဖြစ်သော အသွင်ပြောင်းလဲခြင်း (The Metamorphosis) (၁၉၁၅)၊ တရားခွင်(The Trial) (၁၉၂၅) နှင့် ရဲတိုက် (The Castle) (1926) တို့သည် အိပ်မက်ဆိုးနှင့်တူပြီး တသီးပုဂ္ဂလမဆန်သော ဗျူရိုကရက်တစ်ကမ္ဘာအတွင်းမှ စိတ်ဒုက္ခရောက်နေသော လူတစ်ဦးချင်းစီ၏ ခံစားမှုများကို ထုတ်ဖော်ထားသည်။


မိသားစု

ကပ်ဖ်ကာသည် ဘိုဟီးမီးယား၏ မြို့တော်ဖြစ်သော ပရက်ဂ်မြို့ရှိ အလယ်တန်းစား ဂျူးမိသားစုတစ်ခုမှ မွေးဖွားသည်။ သူ၏အဖေ ဟာမန်းကပ်ဖ်ကာ (Hermann Kafka) (၁၈၅၂–၁၉၃၁) ကို ခန္ဓာကိုယ်ကြီးမားပြီး တစ်ကိုယ်ကောင်းဆန်၍ မောက်မာသော စီးပွားရေးသမားတစ်ယောက်အဖြစ် ဖော်ပြကြသည်။ ကဖ်ကာကိုယ်တိုင်ကမူ ခွန်အားရှိသော၊ကျန်းမာသော၊အစားအသောက်ကိုခုံမင်သော၊ အသံကျယ်သော၊ စကားပြောကောင်းသော၊ မိမိကိုယ်ကို ကျေနပ်မှုရှိသော၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လွှမ်းမိုးမှုအပြည့်ရှိသော၊ သည်းခံနိုင်သော၊ စဉ်းစားတတ်ပြီး လူအကြောင်းကို ကောင်းကောင်းသိသော ကဖ်ကာ အစစ်ဟုဖော်ပြခဲ့သည်။ ဟာမန်းသည် အခမ်းအနားများအတွက် သားသတ်သမားဖြစ်သော ဂျက်ကော့ ကပ်ဖ်ကာ (Jacob Kafka) ၏ စတုတ္ထမြောက်သားဖြစ်ပြီး ဘိုဟီးမီးယားတောင်ပိုင်း ပီဆက် (Písek) အနီးရှိ ချက်ဘာသာစကားပြောသော ဂျူးရွာတစ်ခုဖြစ်သည့် အိုဆက်(Osek) မှတဆင့် ပရဂ်သို့ ရွှေ့ပြောင်းလာခဲ့သည်။ နယ်လှည့်အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် သူသည် ယောက်ျားမိန်းမတို့၏ အသစ်အဆန်း အသုံးအဆောင်ပစ္စည်းများကို ရောင်းသော ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်ခဲ့ပြီး အလုပ်သမား ၁၅ ဦးအထိခန့်ထားခဲ့သည်။

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မြန်မာအဘိဓာန်ပတ္တပိုဏ်ဓုတင်အင်းဝခေတ်မြန်မာ့စီးပွားရေးလုပ်ငန်းများဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းကင်းလိပ်ချောဝီကီပီးဒီးယားကြို့ထိုးခြင်းဝေလနိုင်ငံစက္ကဝတ္တိသုတ်သန်လျင်မြို့အဖြူဆင်းခြင်းပဲခူးမြို့ကမ္ဘောဒီးယားနိုင်ငံငလျင်လှုပ်ခြင်းအိန္ဒိယနိုင်ငံအချိန်၊ မြန်မာ့ရိုးရာဂျပန်နိုင်ငံအလင်္ကာအသုံးလုံးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအောင်လမြန်မာ့ အစားအစာကလာပ်စည်းကမ္ဘာ့လေထုမုန့်လုံးရေပေါ်မိုးလေဝသဝတ်မှုန်ရွှေရည်ချင်းပြည်နယ်နိုင်ငံတကာ စာတတ်မြောက်ရေးနေ့လီဆူလူမျိုးမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့မြန်မာနိုင်ငံ၏ အလံများ စာရင်းနိကာယ် ငါးရပ်ကဗျာလင်္ကာအင်းဆက်လားရှိုးမြို့အင်းဝမင်းဆက်အာဖဂန်နစ္စတန်နိုင်ငံသေနတ်ကျင့်ဝတ်ကမ္ဘောဇသာဒီရွှေနန်းတော်ပီမိုးနင်းကရင် အမျိုးသား အစည်းအရုံးနက္ခတ် ၂၇ လုံးမအင်္ဂါ အစေ့မေတ္တေယျဘုရားကာကွယ်ရေးဦးစီးချုပ်(ရေ)သင်္ဂါယနာနို့လင်ခန်းမယားခန်း ပြတ်စဲခြင်းငါးပါးသီလပညတ်တော်ဆယ်ပါးလိင်မှတဆင့် ကူးစက်တတ်သော ရောဂါငါး (တိရစ္ဆာန်)မောင်သာချိုသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)တီဘီရောဂါပန်းဆယ်မျိုးအပျိုမြှေးကရင်ရိုးရာပွဲတော်များအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်အာဋာနာဋိယသုတ်နတ်ပြည် ၆ ထပ်ခင်ပွန်းကြီးဆယ်ပါးမကွေးတိုင်းဒေသကြီးအစ္စရေးနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နာဇီဂျာမနီဗီယက်နမ်နိုင်ငံမြန်မာနိုင်ငံ၏ ရွာများအဲလ်ဘတ် အိုင်းစတိုင်းပြစ်မှုဆိုင်ရာဥပဒေတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များစီးပွားရေးမွန်လူမျိုး🡆 More