ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့၊ (အင်္ဂလိပ်: Union Revolutionary Council၊ အတိုကောက် URC) တော်လှန်ရေးကောင်စီ သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဦးနု၏ အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့ကာ ၁၉၇၄ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ၁၉၇၄ ခုနှစ် မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထုတ်ပြန်ကြေညာချိန်အထိ အုပ်ချုပ်ခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးအာဏာကို တစ်ခုတည်းသော ဥပဒေပြုလွှတ်တော်ဖြစ်သည့် ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်းပေးခဲ့သည်။
အတိုကောက် | URC၊ RC |
---|---|
ဆက်ခံသည့် အဖွဲ့အစည်း | ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ |
ဖွဲ့စည်းခြင်း | ၂ မတ် ၁၉၆၂ |
ပြိုကွဲချိန် | ၃ မတ် ၁၉၇၄ |
အမျိုးအစား | စစ်တပ် |
ဦးတည်ချက် | ဆိုရှယ်လစ်စနစ်တည်ဆောက်ခြင်း |
ဌာနချုပ် | ရန်ကုန် |
တည်နေရာ | |
ဥက္ကဋ္ဌ | ဦးနေဝင်း |
တော်လှန်ရေးကောင်စီ၏ ခံယူချက်သည် ၁၉၆၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် ချမှတ်ခဲ့သော မြန်မာနိုင်ငံအား ဆိုရှယ်လစ် ဒီမိုကရက်တစ်စနစ် ပြောင်းလဲရန် ရည်ရွယ်သော မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို အခြေခံသည်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို တည်ထောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ မဆလသည် တော်လှန်ရေးကောင်စီ၏ အမာခံအဖွဲ့ဝင်များအပါအဝင် အမြုတေအဖွဲ့ဝင်များအား ပါတီဝင်အဖြစ် ပြောင်းလဲခဲ့သည်။ ပါတီ၏ ပထမအကြိမ် ညီလာခံတွင် ပါတီဝင်ပေါင်း ၃၄၄,၂၂၆ ဦး ရှိခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မဆလပါတီဝင်ဦးရေမှာ ၁.၅ သန်းအထိ ရှိခဲ့သည်။
ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့ကို ဥက္ကဋ္ဌဖြစ်သူ ဦးနေဝင်းနှင့် အဖွဲ့ဝင် ၁၆ ဦးမှ ဦးဆောင်သည်။ တော်လှန်ရေးကောင်စီအဖွဲ့ တည်ထောင်သူ အဖွဲ့ဝင်များအားလုံးသည် တပ်မတော်အရာရှိများ ဖြစ်ကြပြီး ယင်းတို့မှာ
This article uses material from the Wikipedia မြန်မာဘာသာ article ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.