ချူးအင်းဂမ်း

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု တွင် ချောကလက်၊ သကြားလုံး တို့ကဲ့သို့ လူသုံးများသော စားစရာတစ်မျိုးမှာ ချူးအမ်းဂမ်း'ဟုခေါ်သော ကပ်စေးနဲ သကြားခဲ ဖြစ်သည်။ ကပ်စေးနဲသကြားခဲဟု ဆိုသည့်အတိုင်း ယင်းကို ပါးစပ်အတွင်း၌ ဝါးစားကြည့်လျှင် ချိုရဲရဲနှင့် စေးကပ် နေသည်။ ထိုစားစရာမျိုးကို မြန်မာလူမျိုးတို့ ဝယ်ယူစားသုံးလေ့ ရှိကြသည်မှာ မကြာလှသေးချေ။ ကပ်စေးနဲ သကြားခဲမှာ အမေရိကန်လူမျိုးတို့က ပထမဆုံး စတင်တီထွင်လိုက်သော စားစရာဖြစ်၍၊ အမေရိကန်ပြည် ထောင်စုတွင်မူ တစ်နှစ်အတွင်း ကျောင်းသုံးစာအုပ်များပေါ်၌ ကုန်ကျသောငွေထက် ကပ်စေးနဲ သကြားခဲဖိုးပေါ်၌ ကုန်ကျသောငွေက ပိုမို များပြားသည်ဟု သိရသည်။ ယခုအခါ အခြားနိုင်ငံများတွင်လည်း တစ်နေ့ တစ်ခြား ကပ်စေးနဲသကြားခဲကို အသုံးများလာကြလေပြီ။

ချူးအင်းဂမ်း
ချူးအင်းဂမ်းကို မြန်ာနိုင်ငံ၌ ပီကေ ဟု ခေါ်ကြသည်။

ကပ်စေးနဲသကြားခဲကို ဝါးပေးနေခြင်းဖြင့် ပါးစပ်မှာ အမြဲ တမ်း လှုပ်ရှားနေရကား ကြံ့ခိုင်၍ သန်မာသော မေးရိုးများ ရရှိစေနိုင်သည်ဟု ယူဆကြသည်။ ကပ်စေးနဲသကြားခဲကို သကြားလုံးများ လုပ်သကဲ့သို့ သကြားဖြင့် မွမ်းမံ၍ အနံ့အရသာနှင့် ပြည့်စုံအောင် လုပ်ထားသည်။ သကြားခဲအတွင်း၌ ဝါး၍ မကုန် သော ပျော့ဖတ်ဖတ် အစေးခဲကလေးရှိသည်။ ထိုအစေးခဲ ကလေးမှာ 'ချီကလာ'သို့မဟုတ် 'ချစ်ကယ်'ခေါ် အစေး တစ်မျိုးဖြစ်၍ မက္ကဆီကို၊ ဂွာတီမားလားနှင့် ဗြိတိသျှဟွန်ဒူးရပ်နိုင်ငံများ၌ ပေါက်သော ဆပိုဒီးလခေါ် အပင်များမှ ထုတ်ယူရရှိသည်။ ကော်ဖတ်စေးနှင့် ခပ်ဆင်ဆင်တူသည်။ ၁ဝ နှစ်သား ကျော်သော အပင်များ၏ပင်စည်တွင် ဓားနှင့် ထစ်၍ ပေးလိုက်လျှင် ချစ်ကယ်အစေးများ စီးထွက်လာသည်။

ဆပိုဒီးလအပင်များမှာ အတော်မြင့်မားလေရာ အစေး အကွက် အထစ်ထစ်ပေးရာ၌ ပင်ရင်းမှ အထက်ပေ ၃ဝ ခန့် အမြင့်နေရာတွင် ငါးဆူးတောင်သဖွယ် ဉ္စ သဏ္ဌာန်ထစ်ပေးရ၍ အစေးများကို စက္ကူခွက်များဖြင့် ခံယူရသည်။ တဖြည်းဖြည်း စီးထွက်သော အစေးများမှာ ၂ နာရီခန့်အတွင်း၌ ၂ ပိဿာခန့် ဖြစ်လာသည်။ အစေးထုတ်ဖန်များလျှင် အပင်သေတတ်သောကြောင့် တစ်ခါ အစေးထုတ်ပြီးသော အပင်ကို နောက်ထပ်နှစ် အနည်းငယ်အတွင်း အစေးထုတ်မယူရချေ။ အစေးတစ်ခါထုတ်လျှင် အပင် ၂ဝဝ၊ ၃ဝဝ ခန့်က ထုတ်ယူ သည်။

ချစ်ကယ်အစေးများကို ကပ်စေးနဲသကြားခဲ ပြုလုပ်သော စက်ရုံကြီးများသို့ မပို့မီ ကြီးမားသော စည်ကြီးများထဲသို့ ထည့်၍ ပျစ်ခဲလာအောင် ကျိုရသည်။ ထို့နောက် အစေးများကို အအေးခံပြီး ၂၅ ပေါင်ခန့် အချိန်စီးသော အတုံးကြီးများ ပြုလုပ်၍ တင်ပို့သည်။

ကပ်စေးနဲသကြားခဲစက်ရုံတွင် ထိုအတုံးကြီးများ ညက်ညက်ကြေအောင် ကြိတ်လိုက်ပြီးလျှင် အရည်ပျော်အောင် ကျို၍ စစ်ယူသည်။ စစ်ပြီးသောအရည်များကို စည်ကြီးများထဲသို့ လောင်းချကာ သကြား၊ အဖျော်ရည်နှင့် အမွှေးဆီများကို ရောထည့်၍ မွှေပေးသည်။ ထို့နောက် ခပ်ပျော့ပျော့ရှိနေခိုက်တွင် စက်ဖြင့် အချောင်းကလေးများ ဖြစ်အောင် လှိမ့်ပေးသည်။ ထိုအချောင်းများကို ဖြတ်တောက်ပြီးလျှင် သေသပ်လှပစွာ ထုပ်၍ ရောင်းချရန် တင်ပို့သည်။

ချစ်ကယ်အစေးမှာ အလွန်ဈေးကြီး ရှားပါးသဖြင့် ယင်း တစ်မျိုးတည်းနှင့်သာ ကပ်စေးနဲသကြားခဲ မလုပ်နိုင်တော့ဘဲ အခြားအစေးတစ်မျိုးကို ရှာဖွေကြသည်။ ယနေ့သော်ကား စင်္ကာပူမြို့မှထွက်သော ဂျီလူတန်ခေါ် အစေးနှင့် ချစ်ကယ်အစေး ၂ မျိုးကို ရောနှော၍ ကပ်စေးနဲသကြားခဲ လုပ်ကြ၏။ ယခုအခါ ကပ်စေးနဲသကြားခဲကို ကမ္ဘာတစ်ဝန်း သုံးစွဲလာကြသဖြင့်၊ ကြီးကျယ်သောလုပ်ငန်းတစ်ခု ဖြစ်လာလေပြီ။


ကိုးကား

Tags:

ကျောင်းသုံးစာအုပ်အမေရိကန်ပြည်ထောင်စု

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပရိက္ခရာ ၈-ပါးနှလုံးအလောင်းမင်းတရားမြန်မာကိန်းဂဏန်းများရန်ကုန်တိုင်းစစ်ဌာနချုပ်မြဝတီမြို့ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းဘိသိက်မင်္ဂလာသရေခေတ္တရာမြေပဲပါရာဇိကစကားကြီး ဆယ်မျိုးရှမ်းလူမျိုးဇီဝဇိုးငှက်မန်ချက်စတာ ယူနိုက်တက်ကောလင်း ပေါင်ဝဲလ်သင်္သကရိုက်ဘာသာစကားမေတ္တေယျဘုရားနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ဦးပိန်တံတားပရိမိတ္တဇာလသုတ်ပန်ဂရမ်မြိတ်ကျွန်းစုဇာတ်ကြီးဆယ်ဘွဲ့မြန်မာနိုင်ငံရှိ မြို့များသိပ္ပံပညာမြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းအင်္ဂါဂြိုဟ်စာရင်းအင်း ပညာတိုင်းစစ်ဌာနချုပ်စစ်တွေမြို့ကချင်လူမျိုးပဉ္စဝဂ္ဂီငါးဦးမြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအိန္ဒိယနိုင်ငံနွေရာသီပုဂံမင်းဒူဘိုင်းမြို့တပင်ရွှေထီးဘူရိဒတ်လင်္ကာကြီးပိတောက်ပန်း (ကဗျာ)မြန်မာစာရေးဆရာများ စာရင်းမြန်မာအဘိဓာန်ဆခွဲကိန်းအဖြူဆင်းခြင်းမြောက်ဦးမြို့သီပေါမင်းသမုဒ္ဒရာသဗ္ဗညုဘုရား(ပုဂံ)အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြင်သစ်နိုင်ငံဘိက္ခုနီဒိဋ္ဌိမယ်နုအုတ်ကျောင်းလ (ကမ္ဘာရံဂြိုဟ်)အင်းဝမင်းဆက်လေးချိုးအင်္ဂလိပ်ဘာသာစကားရွှေဝါရောင် တော်လှန်ရေးမြင့်မြတ် (ရုပ်ရှင်သရုပ်ဆောင်)ဂြိုဟ်ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းမဟော်သဓာဇာတ်တော်၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဂျန် အောကြယ်တံခွန်ဧရာဝတီတိုင်းဒေသကြီး၂၀ ရာစုနှစ်ဂဠုန်ဆရာစံကျားလောက်သေပင်ခါကာဘိုရာဇီအပြင် ၃၇ မင်းမင်္ဂလာပါ🡆 More