နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၁၉၅၅ ခုနှစ်တုန်းက မင်္ဂလာဒုံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၅၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဖွဲ့စည်းပုံ W.E (B.A/437/1/58) နဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစိတ်အပိုင်းတခုအဖြစ် ပြန်ဖွဲ့ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ နေရာကို မင်္ဂလာဒုံကနေ ကန်တော်လေး (၃၄/၃၉) ကြေးနန်း ဆက်သွယ်ရေးတပ်ဖွဲ့ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
နကတ | |
အမည် (အင်္ဂလိပ်) | National Defence College (NDC) |
---|---|
အမျိုးအစား | စစ်ဘက်ဆိုင်ရာ တက္ကသိုလ် |
တည်ထောင် | ၁၉၅၈ |
နှီးနွယ်အဖွဲ့အစည်း | ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး |
ကျောင်းအုပ်ကြီး | ဗိုလ်ချုပ် |
တည်နေရာ | နေပြည်တော်, နေပြည်တော် ပြည်ထောင်စုနယ်မြေ, မြန်မာနိုင်ငံ |
အဲဒီကနေ ၁၉၆၆ ခုနှစ် မေလ ၅ ရက်နေ့မှာ အမှတ် (၄) အလံပြဘုရားလမ်း ဒဂုံ (၁) ကျောင်းအနီးဆီ ထပ်ရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၇၆ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့မှာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာကို ၉ မိုင်ခွဲဆီ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံ (War Establishment – W.E) ကဖ ၁ဝ၆၊ ၂- ၉၁ နဲ့ ထပ်မံ ပြင်ဆင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ၉ မိုင်ခွဲနေရာကနေ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကုန်းမြင့်သာဆီ ပြောင်းခဲ့ပါတယ်။ ကုန်းမြင့်သာကို စစ်ရုံးကြီးတခုလုံး ပြောင်းရွှေ့လာချိန်မှာ နေရာမဆန့်တာကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၂ဝဝ၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ကုန်းမြင့်သာကနေ ဒဂုံမြို့နယ်ရှိ စစ်ရုံး ရုံးဟောင်းဝင်းကြီးအတွင်း ထပ်ရွှေ့ခဲ့ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ ၁၉၆၆ ခုနှစ်ကနေ ၁၉၇ဝ ခုနှစ်ထိ တပ်မှူးများ မွမ်းမံ သင်တန်း ၉ ခုကို ဖွင့်လှစ်ခဲ့ပြီး ၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ ဥပဒေရက်တို မွမ်းမံသင်တန်း ၁ဝ ခု ဖွင့်လှစ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၁၉၉၂-၁၉၉၃ ခုနှစ်မှာ တပ်မှူးများ မွမ်းမံ သင်တန်း ၄ ခုနဲ့ အရာရှိကြီးများ အုပ်ချုပ်မှုသင်တန်း ၄ ခု ဖွင့်လှစ် သင်ကြားခဲ့ပါတယ်။ အဲဒီသင်တန်းတွေတုန်းက နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟာ အဆင်သင့် မဖြစ်သေး တာကြောင့် မင်္ဂလာဒုံ ရန်ကုန်တိုင်း စစ်ဌာနချုပ် စုပေါင်းရိပ်သာ (ခရေပင်လမ်းခွဲ) မှာပဲ ဖွင့်လှစ် ခဲ့ရပါသေးတယ်။ အဲဒီနောက် ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးတွေကို နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ လေ့ကျင့် သင်ကြားပေးတဲ့ သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ် ၁ ကနေ ၉ အထိ အရာရှိကြီး ဦးရေ ၅ဝဝ ဦးခန့် သင်ကြား ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။
အဲ့ဒီအဖွဲ့ရဲ့ အမျိုးသား ကာကွယ်ရေး ရည်မှန်းချက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ မူဝါဒဆိုင်ရာ လမ်းညွှန်အဖွဲ့အနေနဲ့ နာယကအဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆောင်ရွက်ပြီး ဥက္ကဋ္ဌအဖြစ် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ဆောင်ရွက်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း ရေ လေ)၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ လေကြောင်း ကာကွယ်ရေး အရာရှိချုပ်၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နဲ့ အတွင်းရေးမှူးအဖြစ် ကျောင်းအုပ်ကြီးတို့ ပါဝင်ဖွဲ့စည်းထားတာ တွေ့ရပါတယ်။
သိပ္ပံပညာ ထွန်းကားမှုကြောင့် စစ်မှုအတတ်ပညာ (Military Technology) လည်း ပြောင်းလဲ တိုးတက်နေရာ စစ်မှုအတတ် ပညာတိုးတက်မှုနှင့်အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘောတရားများလည်း စဉ်ဆက်မပြတ် ပြောင်းလဲလျက် ရှိပါတယ်။ ဒါကြောင့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ဖို့ ဗိုလ်မှူးကြီး အဆင့် စစ်ခေါင်းဆောင်များအား လေ့လာ ဆည်းပူး လေ့ကျင့်ပွားများနေရန် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အပိုင်း (၁၁) ပိုင်း ခွဲခြားပြီး ပို့ချခဲ့ပါတယ်။ သင်တန်းသားများကို တဦးချင်းရော၊ အဖွဲ့လိုက်ပါ ဆောင်ရွက်စေတဲ့ လုပ်ငန်းများ ရှိပါတယ်။
သင်တန်းသား တဦးချင်း အနေနဲ့ ဘာသာရပ်သုံးသပ်ခြင်း (ရေးသားမှု)၊ ဘာသာရပ် သုံးသပ်ခြင်း (ဟောပြောတင်ပြမှု)၊ ပထမအကြိမ် ကိုးကားရမဲ့ စာအုပ်စာတမ်း လေ့လာ သုံးသပ်ခြင်း၊ ဒုတိယအကြိမ် ကိုးကားရမဲ့ စာအုပ်စာတမ်းများ လေ့လာသုံးသပ်ခြင်း၊ ဟောပြော တင်ပြခြင်း (မြန်မာဘာသာ)၊ ဟောပြောတင်ပြခြင်း (အင်္ဂလိပ်ဘာသာ)၊ ဘွဲ့ယူ စာတမ်း ပြုစု တင်ပြခြင်းတို့ ပါဝင်ပါတယ်။ အဖွဲ့လိုက် အနေနဲ့ အဖွဲ့လိုက် ဆွေးနွေးခြင်း၊ အဖွဲ့ဖြင့် ပြဿနာ အဖြေရှာခြင်း၊ မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ နှီးနှောဖလှယ်ပွဲ၊ စီးပွားရေးရာ နှီးနှော ဖလှယ်ပွဲ၊ မဟာဗျူဟာ လေ့လာရေး စာတမ်း ပြုစုခြင်း စသည်တို့ ပါဝင်ပါတယ်။
အဆိုပါ အပိုင်း (၁၁) ပိုင်းထဲမှာ စစ်ရေးပိုင်းဆိုင်ရာ (၄) ပိုင်း၊ မူဝါဒနဲ့ ဩဝါဒပိုင်းဆိုင်ရာ (၂) ပိုင်း၊ နိုင်ငံတကာရေးရာ ဆိုင်ရာ (၂) ပိုင်း၊ စီမံခန့်ခွဲရေး ဆိုင်ရာ (၁) ပိုင်း၊ စီးပွားရေး ဆိုင်ရာ (၁) ပိုင်း၊ နိုင်ငံ့စွမ်းအား ဆိုင်ရာ (၁) ပိုင်း ပါဝင်နေတာကို ခြုံငုံ လေ့လာသိရှိရပါတယ်။
နောက်ဆုံးမှာတော့ သင်တန်းသားတွေဟာ အပိုင်း (၁၁) ဖြစ်တဲ့ နိုင်ငံတော်၏ အနာဂတ် အမျိုးသားရေး မဟာဗျူဟာ စာတမ်းကို ပြုစုရေးသား တင်ပြကြရပြီး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေး ခန်းမကြီးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ကို သင်တန်းသားတွေ ကိုယ်တိုင် အသီးသီး ရှင်းလင်းတင်ပြရပြီးနောက် သင်တန်းဆင်းသွားကြရပါတယ်။
This article uses material from the Wikipedia မြန်မာဘာသာ article နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.