နာဂဒီပပုရာဏဝိဟာရ

နာဂဒီပပုရာဏဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ မြောက်ပိုင်းစီရင်စုနယ် ဂျက်နာခရိုင် (Jaffna) တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာစေတီတော်တစ်ဆူ ဖြစ်သည်။ သီရိလင်္ကာနိုင်ငံရှိ အထွတ်အမြတ်ထားရာ ဗုဒ္ဓသာသနာ့နယ်မြေ ၁၆ ခု (Solosmasthana) တွင် ဤစေတီတော်သည် တစ်ခုအပါအဝင် ဖြစ်သည်။ ခေတ်ပြိုင်ကာလ သမိုင်းများအရ စေတီတော် တည်ရှိသည့် နေရာသို့ ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်ရှိပြီး ငါးနှစ်မြောက်တွင် ကြွရောက်တော်မူခဲ့သည်။ မြတ်စွဘုရားသည် ရန်လိုနေသည့် နဂါးမင်းနှစ်ဦးဖြစ်သည့် Chulodara နှင့် Mahodara အကြားတွင် နေကာ ငြိမ်းအေးအောင် လုပ်ဆောင်ခဲ့သည်။

နာဂဒီပပုရာဏဝိဟာရ
නාගදීප පුරාණ විහාරය
நயினாதீவு நாக விகாரை
နာဂဒီပပုရာဏဝိဟာရ
The Nagadeepa Purana Viharaya, one of the 16 Solosmasthana
အချက်အလက်များ
တည်နေရာNagadeepa, Sri Lanka
ကိုဩဒိနိတ်09°36′45.9″N 79°46′26.3″E / 9.612750°N 79.773972°E / 9.612750; 79.773972 79°46′26.3″E / 9.612750°N 79.773972°E / 9.612750; 79.773972
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Jaffna
စီရင်စုNorthern Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
ဝက်ဘ်ဆိုဒ်nagadeepaviharaya
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist temple

မဟာဝံသကျမ်းနှင့် တမီဗုဒ္ဓဘာသာမော်ကွန်းမျာအရ ရှေးဟောင်းသမိုင်းများတွင် စိန်စီခြယ်ထားသည့် ပလ္လင်နှင့် ဗုဒ္ဓ၏ ခြေတော်ရာပါရှိသည့် ကျောက်တုံးတစ်ခုသည် Nainativu (နဂဒီးပ) ကျွန်းတွင် တည်ရှိသည်ဟု ဆိုကြသည်။ ထိုနေရာသို့ အိန္ဒိယမှ ဘုရားဖူးများသည် သွားရောက်ကာ လည်ပတ်ဖူးမြော်ကြသည်။

သမိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု

နာဂဒီပပုရာဏဝိဟာရ 
Buddha's visit to Nagadeepa. Detail from Kelaniya Raja Maha Vihara

စေတီတော်တည်ရှိရာနေရာသည် မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်ရှိပြီး ငါးနှစ်မြောက်အချိန်တွင် ဒုတိယမြောက်အကြိမ်အဖြစ် သီရိလင်္ကာနိုင်ငံသို့ လာခဲ့ရာနေရာဖြစ်သည်။ နဂါးမင်းနှစ်ပါးဖြစ်သည့် Chulodara နှင့် Mahodara တို့၏ အကြားတွင် သီတင်းသုံးကာတရားထိုင်ခဲ့သည်။

ရန်မူလာသည့် နဂါးမင်းတို့သည် မြင်သည့်အခါ မြတ်စွာဘုရားသည် တန်ခိုးကို အသုံးပြုကာ ကောင်းကင်ထက်တွင် သီတင်းသုံးနေခဲ့သည်။ ထိုအခါ နဂါးမင်းတို့သည် အံ့အားသင့်ခြင်း ပျော်ရွှင်ခြင်းများ ဖြစ်ပေါ်လာရသည်။ မြတ်စွာဘုရားသည် နဂါးတို့ကို တရားဟောကြားသည့်အခါတွင် နဂါးမင်းတို့သည် မြတ်စွာဘုရား၌ သက်ဝင်ယုံကြည်ကြကာ အရိုအသေပေးခဲ့ကြသည်။ နဂါးမင်းတို့သည် မြတ်စွာဘုရားအား ပလ္လင်ကို လှူဒါန်းကာ မြတ်စွာဘုရားအပေါ်၌ သက်ဝင်ယုံကြည်သူများ ဖြစ်သွားကြသည်။

ဤဝိဟာရကို Devanampiya Tissa နှင့် ဒုဋ္ဌဂါမဏိမင်း လက်ထက်များတွင် ပြင်ဆင်မှုများ၊ အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ကြပြီး ထိုနေရာကိုလည်း မြင့်မြတ်သည့်နေရာတစ်ခုအဖြစ်သို့ ရောက်စေခဲ့သည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

စိန်ပန်းပင်မြန်မာ့ယဉ်ကျေးမှုကဗျာလင်္ကာဟံသာဝတီနေပြည်တော်မြို့ညှင်းအင်းဝမင်းဆက်ဒိုးလုံးယူကျူ့ဘ်သံလွင်မြစ်သီဟိုဠ်သရက်ပင်အိုမန်နိုင်ငံမကွေးမြို့လောကနီတိကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများခရူးဆိတ် စစ်ပွဲများဘားအံမြို့ခရေပင်ခရစ်ယာန်ဘာသာကျန်စစ်သားကမ္မဋ္ဌာန်းလား (တိရစ္ဆာန်)ရှမ်းဘာသာစကားစိတ်ချရသော လိင်ဆက်ဆံမှုဂုဏ်ဆယ်ပါးဆရာပြည်ထဲရေး ဝန်ကြီးဌာနမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)နေဝင်း (ဗိုလ်ချုပ်ကြီး)မိုင်းလားမြို့ညိုစောသာရိပုတ္တရာထေရ်ဖော်ကာပုလွေမှုတ်ခြင်းဝေလငါးမူးယစ်ဆေးဝါးခွေးရူးပြန်ရောဂါပလတ်စတစ်ဇာတကအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရေဗီယက်နမ်စစ်ပွဲကရင် အမျိုးသား အစည်းအရုံးကလောမြို့သက်ရှိဟန်နီနွေဦးပရိတ်ကြီး ၁၁ သုတ်ငှက်စီမံခန့်ခွဲခြင်းနယ်ခြားစောင့်တပ်ဖွဲ့ကျိုင်းတုံခရိုင်နေအဖွဲ့အစည်းဆင်ပါတော်မူခြင်းဂျပန်ဘာသာစကားပဒိုင်းမြန်မာ့တပ်မတော် သမိုင်းကြောင်းစက္ကူပန်းဝ လူမျိုးတပ်မတော် (ရေ)ရခိုင်လူမျိုးဓနုလူမျိုးပနားမား တူးမြောင်းမြန်မာစာပေဂဠုန်ပဋိစ္စသမုပ္ပါဒ်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)ဝီကီပီးဒီးယားနွယ်အေးဗလီတိရစ္ဆာန်ကြက်နွားလိင်🡆 More