ထရန်စဗားနယ်

ထရန်စဗားနယ်သည် တောင်အာဖရိက ပြည်ထောင်စုနယ်တွင် အပါအဝင်ဖြစ်၏။ ဗားမြစ်၏ တစ်ဘက်တွင် တည်ရှိသည်ကိုအစွဲပြု၍ ထရန်စဗားဟုတွင်သည်။ ထိုနယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် လင်ပိုးပိုးမြစ်၊ အရှေ့ဘက်တွင် ပေါ်တူဂီပိုင် အရှေ့အာဖရိကတိုက်နယ်၊ တောင်ဘက်တွင် ဗားမြစ်၊ အနောက်ဘက်တွင် ဗာဆူးတိုလန်နှင့် ဗက်ချူအားနာလန်နယ်တို့ဖြစ်သည်။

ထရန်စဗားနယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၁ဝ၄၅ဝ မိုင်ရှိသည်။ လူဦးရေမှာ ၄၈ဝဝဝဝဝ ကျော်ရှိသည်။ နယ်တစ်ခုလုံးသည် ဗားမြစ်ဝှမ်းနှင့် လင်ပိုးပိုးမြစ်ဝှမ်းအကြားတွင် ရှိနေသော်လည်း၊ မြေပြင်မှာ အများအားဖြင့် ကုန်းမြင့်ဖြစ် လေသည်။ ထိုနယ်ရှိ ဒရက်ကင်စဗတ်တောင်တန်းမှာ ထင်ရှားသော တောင်တန်းဖြစ်သည်။

၁၈၃၄ ခုနှစ်တွင် ဗြိတိသျှတို့သည် ငွေဝယ်ကျွန်များကို လွှတ်၍၊ ကျွန်ကုန်ကူးရေးအလုပ်ကို ဖိနှိပ်ပိတ်ပင် လိုက်သောအခါ၊ ကိပ်ကိုလိုနီနယ်တွင်နေထိုင်သော ဒပ်ချလူမျိုး လယ်သမားများဖြစ်ကြသည့် ဗိုးဝါးတို့သည် မြောက်ပိုင်းသို့ တဖြည်းဖြည်း တက်လာကြပြီးနောက်၊ ဩရိန်းမြစ်ကိုဖြတ်ကာ ထရန်စဗားနယ်တွင် အိုးအိမ် စိုက်ထူနေထိုင်ခဲ့ကြလေသည်။

ထိုအခါကနယ်အတွင်း၌လည်း တိုင်းရင်းသားလူမည်းများရှိရာ၊ ဗိုးဝါးတို့သည် ထိုတိုင်းရင်းသားလူမျိုးထဲမှ စွမ်းလွန်းတမန်ရှိသော ဇူးလူးလူမျိုးတို့နှင့် မကြာခဏ ခိုက်ရန်ဖြစ်ပွားသည့်ပြင် ဗြိတိသျှတို့နှင့်လည်း မသင့်မမြတ်ဖြစ်ခဲ့ကြလေသည်။

၁၈၇၇ ခုနှစ်တွင် ဗြိတိသျှတို့သည် ထရန်စဗားနယ်ကို ခေတ္တသိမ်းပိုက်ထားရာ၊ ၁၈၈၁ ခုနှစ်၌ ထရန်စဗားနယ်ရှိ ဗိုးဝါးတို့နှင့်စတင်၍ အချင်းများကြပြီးနောက် တိုက်ပွဲတွင် ဗြိတိသျှတို့ အရေးရှုံးနိမ့်လေသည်။ ထိုနောက် ထိုနယ်သည် လွတ်လပ်ခဲ့ပြီးလျှင် ဗြိတိသျှတို့၏ ထိန်းသိမ်းစောင့်ရှောက်မှုကို လက်ခံလာလေသည်။

သို့သော် ရွှေကံစမ်းရှာဖွေခွင့်နှင့်စပ်လျဉ်း၍ ဗိုးဝါးစစ်ပွဲကြီးသည် ၁၈၉၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက် နေ့တွင် စတင်ဖြစ်ပွားလေသည်။ ထိုစစ်ပွဲမှာ ၃ နှစ်မျှကြာ၍ နောက်ဆုံး စစ်ပြေငြိမ်းရေးစာချုပ်အရ ထရန်စဗားနယ်မှာ ဗြိတိသျှကိုလိုနီ နိုင်ငံတစ်ခု ဖြစ်လာလေသည်။

တိရစ္ဆာန်များ

ထရန်စဗားနယ်သို့ လူဖြူများ ရှေးဦးစွာ ရောက်လာစဉ်က ခြင်္သေ့ဆင်ကျားသစ်သစ်ကုလားအုပ်မြင်းကျားနှင့်ကြံ့များသည် တောကြီးတောင်ကြီးများထဲ၌၎င်း၊ ရေမြင်းနှင့် မိကျောင်းများသည် မြစ်ချောင်း အင်းအိုင်များထဲ၌၎င်း အလွန် ပေါများ၏။ သို့သော် ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် အတော်ပင်ယုတ် လျော့သွားကြလေသည်။

မြို့ကြီးများ

ပရီတိုးရီးယားမြို့သည် ထရန်စဗားနယ်၏ မြို့တော်ဖြစ်၍၊ တောင်အာဖရိကပြည်ထောင်စု၏ ရုံးစိုက်ရာ အချက်အချာ မြို့ဖြစ်၏။ အခြားမြို့ကြီးများမှာ ဂျိုဟန္နက်စဗတ်မြို့၊ ဗီနိုးနိုင်းမြို့၊ ကရူးဂါးစဒေါ့မြို့တို့ ဖြစ်ကြသည်။

တွင်းထွက်သတ္တုများ

ထရန်စဗားနယ်သည် ကမ္ဘာပေါ်တွင် ရွှေထွက်ရာဗဟိုဌာန ဖြစ်သည်။ စိန်၊ ကျောက် မီးသွေး၊ ရွှေဖြူ၊ သံ၊ ငွေ၊ ကြေးနီ၊ ခဲ၊ ယမ်းစိမ်းနှင့် ကန့်များကိုလည်း တူးဖော်ရရှိလေသည်။

၁၉ဝ၆ ခုနှစ်တွင် ထရန်စဗားနယ်သည် ကိုယ်ပိုင်အုပ်ချုပ် ရေးရပြီးလျှင်၊ ၁၉၁ဝ ပြည့်နှစ်၌ အသစ်ဖွဲ့စည်း တည်ထောင်၍ တောင်အာဖရိကပြည်ထောင်စုတွင် ပြည်နယ်တစ်နယ် ဖြစ်လာလေသည်။


ကိုးကား

Tags:

ထရန်စဗားနယ် တိရစ္ဆာန်များထရန်စဗားနယ် မြို့ကြီးများထရန်စဗားနယ် တွင်းထွက်သတ္တုများထရန်စဗားနယ် ကိုးကားထရန်စဗားနယ်တောင်အာဖရိကနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဇီဝဇိုးငှက်ထမံသီရွာ၊ ဟုမ္မလင်းမြို့နယ်လက်ဖက်သုပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအိန္ဒိယနိုင်ငံကာဗွန်ဒိုင်အောက်ဆိုက်ပုပ္ပားမယ်တော်ခရစ္စတီယာနို ရော်နယ်လ်ဒိုသန်လျင် မင်းကျောင်းဆရာတော်ကျုံပျော်မြို့ကြာသပတေးဂြိုဟ်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂အမ်မီနမ်ရက္ခိုင့်တပ်တော်ပုပ္ပါးတောင်လိမ်လည်မှုဟာဝိုင်ယီပြည်နယ်မြန်မာ့တပ်မတော် သမိုင်းကြောင်းဟက်စတင်းစ်တိုက်ပွဲရေသည်ပြဇာတ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဟံသာဝတီတပေါင်းလပြည့်နေ့မိန်းမ မျိုးပွားအင်္ဂါဇီးကွက်ဆင်ဖြူကျွန်းမြို့နာဂလူမျိုးမြောက်ဥက္ကလာပမြို့နယ်ပဋိစ္စသမုပ္ပါဒ်စုန်းကဝေအတတ်တောင်ရိုးလူမျိုးချင်းလူမျိုးယုန်တို့ဗမာအစည်းအရုံးဗီယက်နမ်နိုင်ငံဖျားနာခြင်းသူငယ်နာနက္ခတ် ၂၇ လုံးနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမက္ခရာမင်းသားကြီးမြန်မာနိုင်ငံအသံခရူးဆိတ် စစ်ပွဲများမင်းအောင်လှိုင်ဘောလုံးကစားခြင်းမြန်မာနိုင်ငံ၏ နိုင်ငံရေးဗုဒ္ဓမရမ်းကုန်းမြို့နယ်မဟော်သဓာဇာတ်တော်စိန်ပြင်ဦးလွင်မြို့ကျောက်မီးသွေးတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများပလောင်းနိုင်ငံအာဠာဝကဘီလူးရဲဘော်သုံးကျိပ်ရခိုင်ပြည်နယ် တံဆိပ်နှင့် အလံဝေလမင်းသမီး ဒိုင်ယာနာပခုက္ကူမြို့ဂျပန်သမိုင်းရာသီခွင်ဆေးပေါ့လိပ်ညောင်ရမ်းမင်းဆက်ထားဝယ်လူမျိုးတောင်တရုတ်ပင်လယ်ကြူကြူလှကာကွယ်ရေးဦးစီးချုပ်(ကြည်း)ငါးပါးသီလမြထွန်းဦးအရင်းရှင်ဝါဒဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ချက်သမ္မတနိုင်ငံမိတ္ထီလာမြို့မင်းအောင်ဘန်နီဖြိုးပစိဖိတ် သမုဒ္ဒရာရူပဗေဒ🡆 More