မြင်းကျား

†E.

မြင်းကျား
Zebra
Temporal range: Pliocene to recent 5.3–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
မြင်းကျား
A herd of plains zebras (Equus quagga) in the Ngorongoro Crater in Tanzania
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Perissodactyla
မျိုးရင်း: Equidae
မျိုးစု: Equus
Subgenus: Hippotigris
C. H. Smith, 1841
Species

capensis
E. grevyi
koobiforensis
mauritanicus
oldowayensis
E. quagga
E. zebra

မြင်းကျား
Modern range of the three living zebra species

မြင်းကျား ဆိုသည်မှာ အာဖရိကမှ မြင်းနှင့်တူသော သတ္တဝါဖြစ်ပြီး သူတို့၏ အဖြူနှင့် အနက် အစင်းများအတွက် အသိများကြသည်။ သူတို့၏ အစင်းကျားပုံသဏ္ဌန်သည် တစ်ကောင်ချင်းစီအတွက် သီးခြား ကွဲပြားခြားနားသော ပုံသဏ္ဌန်ရှိသည်။ သူတို့သည် အုပ်စုဖွဲ့နေတတ်သော သတ္တဝါဖြစ်ပြီး အထီးနှင့် အမများအုပ်စုမှသည် အကောင်ရေများစွာရှိသော အုပ်စုကြီးအထိတွေ့ရတတ်သည်။ မြင်းကျားသည် ပုံမှန်အားဖြင့် ၈ ပေ (၂.၃ မီတာ) မျှရှည်လျား၍ ပခုံးအထိအမြင့်မှာ ၄ ပေမှ ၅ ပေ(၁.၂၅ မီတာ မှ ၁.၅ မီတာ) အထိရှိပြီး ၆၆၀ ပေါင် (၃၀၀ ကီလိုဂရမ်) မျှ အလေးချိန်ရှိတတ်ပြီး အချို့အကောင်များမှာ ၉၀၀ ပေါင်(၄၁၀ ကီလိုဂရမ်) အထိ အလေးချိန်ရှိတတ်သည်။ မြင်းကျားများတွင် အစင်းကျားများသာမက ဦးစွန်းဖုတ်နှင့်တူသော ထောင်နေသော လည်ဆံမွှေးများလည်း ရှိသည်။ လူတို့သည် မြင်းကျားများကို သူတို့၏ အနီးစပ်ဆုံးဆွေမျိုးများဖြစ်သော မြည်းနှင့် မြင်းတို့ကဲ့သို့ လုံးဝယဉ်ပါးအောင် မွေးမြူနိုင်ခြင်းမရှိသေးပေ။

ပုံမှန်အားဖြင့် လွင်ပြင်မြင်းကျား၊ ဂရေဗီမြင်းကျားနှင့် တောင်မြင်းကျားဟူ၍ မြင်းကျားမျိုးကွဲ ၃ ခုရှိသည်။ လွင်ပြင်မြင်းကျားနှင့် တောင်မြင်းကျားတို့သည် Hippotigris မျိုးစုသေးတွင် ပါဝင်ကြပြီး ဂရေဗီမြင်းကျားမှာ Dolichohippus မျိုးစုသေးတွင် ပါဝင်သော တစ်ခုတည်းသော မျိုးကွဲဖြစ်သည်။ ဂရေဗီမြင်းကျားမှာ မြည်းနှင့် အလားသဏ္ဌန်တူပြီး လွင်ပြင်မြင်းကျားနှင့် တောင်မြင်းကျားတို့မှာ မြင်းနှင့်တူသည်။ သို့သော်လည်း ဒီအင်န်အေ နှင့် မော်လီကျူလာဆိုင်ရာ အချက်အလက်များအရ မြင်းကျားအားလုံးတို့သည် တူညီသော ဘိုးဘေးအစဉ်အဆက်မှ ဆင်းသက်လာကြောင်းပြသနေသည်။ ထိုမျိုးကွဲ ၃မျိုးစလုံးသည် Equus မျိုးစုတွင် အခြားမြင်းနှင့်တူသော သတ္တဝါများနှင့်အတူ ပါဝင်နေသည်။ ကင်ညာရှိ အချို့ဒေသများတွင် လွင်ပြင်မြင်းကျားနှင့် ဂရေဗီမြင်းကျားတို့ကို အတူတကွ တွေ့ရတတ်သည်။

သူတို့၏ ထင်ရှားသော အစင်းကြောင်းများနှင့် အပြုအမူများကြောင့် မြင်းကျားတို့ကို လူတို့နှင့် အကျွမ်းဝင်ဆုံး သတ္တဝါများတွင် အပါအဝင်ဖြစ်စေသည်။ မြင်းကျားများသည် မြက်ခင်းပြင်များ၊ ဆာဗားနားလွင်ပြင်များ၊ သစ်ပင်များထူထပ်သော နေရာများ၊ ဆူးချုံဒေသများ၊ တောင်များနှင့် ကမ်းရိုးတန်းတောင်များ စသည့် ဒေသအမျိုးမျိုးတို့တွင် နေထိုင်ကျက်စားကြသည်။ သို့သော် လူတို့နှင့် ပတ်သက်သော အရာများက ရှိနေသော မြင်းကျားဦးရေကို အလွန်ပင် အနှောင့်အယှက်ဖြစ်စေသည်။ အထူးသဖြင့် အရေခွံအတွက် အမဲလိုက်ခြင်းနှင့် စားကျက်မြေများ ပျက်စီးစေခြင်းတို့ကြောင့်ဖြစ်သည်။ ဂရေဗီ မြင်းကျားနှင့် တောင်မြင်းကျားတို့မှာ မျိုးတုံးပျောက်ကွယ်မည်ကို စိုးရိမ်ရသည့် အခြေအနေရှိပြီး လွင်ပြင်မြင်းကျားမှာမူ အများအပြားရှိနေသေးသည်။ မျိုးစုသေး တစ်ခုဖြစ်သော quagga မှာ ၁၉ ရာစုနှောင်းပိုင်းတွင် မျိုးတုံးပျောက်ကွယ်ခဲ့သည်။ zebra ဟူသော အခေါ်အဝေါ်မှာ ရှေးခေတ်ပေါ်တူဂီစကား zevra မှဆင်းသက်လာပြီး မြည်းရိုင်းဟု အဓိပ္ပာယ်ရသည်။

ကိုးကား



Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မန်ကျည်း၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမေတ္တေယျဘုရားမဏိစန္ဒာသောမတ် အက်ဒီဆင်မိတ္ထီလာမြို့ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းကသည်းလူမျိုးယူနိုက်တက်ကင်းဒမ်းနိုင်ငံငလျင်လှုပ်ခြင်းXVideosစစ်မှုထမ်းခြင်းအဲလ်ဘတ် အိုင်းစတိုင်းယူဇနာအချိန်၊ မြန်မာ့ရိုးရာတပ်မတော်နည်းပညာတက္ကသိုလ်ကြာခရူးဆိတ် စစ်ပွဲများဝတ်မှုန်ရွှေရည်စိုးဝင်း၊ ဗိုလ်ချုပ်ကြီးရာပြည့်နဂါးဘားအံမြို့သန္ဓေတားဆေးငါးလွှတ်ပွဲဝပြည်နယ်ကွန်ဒုံးဒွတ္တဘောင်မင်းကြီးမယ်နုအုတ်ကျောင်းတပ်မတော်အက်ဥပဒေများဧရာဝတီတိုင်းဒေသကြီးတက္ကသိုလ်ဘုန်းနိုင်ထိုင်းနိုင်ငံအမျိုးသားညီညွတ်ရေး အစိုးရကျောက်ဆည်မြို့မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များယောက်ဖခွေးခေါ်ငှက်မင်းသိင်္ခမဲဆောက်မြို့စိန္တာမဏိဂါထာကလောမြို့လူ၏ အရိုးဖွဲ့စည်းပုံသစ္စာလေးပါးကစားခုန်စားခြင်းလောကဓံဆော်ဒီအာရေဗျနိုင်ငံကျေးရွာအုပ်စုခြင်းလုံးသပြေပင်မောရသုတ်မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းရွှေစာရံ စေတီတော် (မန္တလေး)ဓမ္မရံကြီးဘုရားမြေပုံသံဃာဂုဏ်တော်မြန်မာနိုင်ငံ၏ အလံများ စာရင်းမြန်မာအကအင်းဝမင်းဆက်ဂျူး (စာရေးဆရာမ)ဂျိန်းဘာသာပျူပြည်ထောင်စုနေ့တရုတ်သမ္မတနိုင်ငံအဘိဏှသုတ်ရှေးဟောင်းမြန်မာဘာသာစကားကင်ပွန်းချဉ်ပင်သိန်းစိန် (နိုင်ငံတော်သမ္မတ)ဗြိတိသျှအင်ပါယာနောင်ချိုမြို့နယ်သံဃာဒိသေသ်အာပတ်အင်းစိန်အကျဉ်းထောင်ဂျပန်ဘာသာစကားငှက်ပစ်တောင်ဘုရားပုတီးစိပ်နည်းဖားအောက်တောရဆရာတော်🡆 More