စန္ဒကူး

စန္ဒကူး (အင်္ဂလိပ်: Santalum album) သည် Santalaceae မိသားစုဝင် မုတ်သုံရာသီဥတိုတွင် ပေါက်ရောက်သော အပင်ငယ်တစ်မျိုးဖြစ်ပြီး sandalwood ၏ အရင်းအမြစ်အဖြစ်လူသိများကြသည်။ ဤမျိုးကွဲသည် နှစ်ပေါင်းများစွာပင် အသုံးချခြင်း၊ စိုက်ပျိုးခြင်းနှင့် ကုန်သွယ်ခြင်း ပြုလုပ်လာကြပြီး အချို့သော ယဉ်ကျေးမှုများတွင် သူ၏ ရနံ့နှင့် ဆေးဖက်ဆိုင်ရာ အသုံးဝင်မှု တို့ကြောင့် အလွန် အလေးထားကြသည်။ မရှိမဖြစ်သော ဆီတစ်မျိုးအဖြစ် အလွန်ဈေးကောင်းသည်။ သို့သော် တစ်ချိန်က လက်ရာကောင်းသော သစ်သားပစ္စည်းများအဖြစ် အသုံးပြုခဲ့မှုကြောင့် အတော်များများပျောက်ကွယ်နေပြီ ဖြစ်သည်။ ထိုအကြောင်းများကြောင့် စန္ဒကူးကို လူတို့က အကျိုးအမြတ်အဖြစ် အသုံးပြုနေကြပြီး တောရိုင်းဒေသများတွင် မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။ စန္ဒကူးကို စိုက်ပျိုးရန် နှစ်ပေါင်း ၄၀ ကျော်မျှကြာသော်လည်း အများအပြားစိုက်ပျိုး၍ ရှင်သန်နေဆဲပင်ဖြစ်သည်။

စန္ဒကူး
စန္ဒကူး
Vulnerable
မျိုးရိုးခွဲခြားခြင်း
လောက:
Plantae
မျိုးပေါင်းစု:
Magnoliophyta
မျိုးပေါင်း:
Magnoliopsida
မျိုးစဉ်:
Santalales
မျိုးရင်း:
Santalaceae
မျိုးစု:
Santalum
မျိုးစိတ်:
S. album
ဒွိနာမ
Santalum album


စန္ဒကူးသည် အလွန် မွှေးကြိုင်၍၊ အဖိုးတန်သော သစ်မျိုး ဖြစ်သည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ အရှေ့အိန္ဒိယကျွန်းစု၊သီဟိုဠ် ကျွန်း၊ ဖိလစ်ပိုင်ကျွန်းစုနှင့် ဩစတြေးလီးယားနိုင်ငံများမှထွက် သည်။

စန္ဒကူးနှစ်မှာ လေးလံ၍ ရေတွင်ချသော် မပေါ်ဘဲ နစ် သည်။ အနှစ်မှာ လိမ္မော်ရောင်သော်လည်းကောင်း၊ အဝါညိုရောင်သော် လည်းကောင်း ရှိသည်။ အဆီရှိ၍ ထိုအဆီကိုထုတ်ယူသော် စန္ဒကူးဆီကို ရရှိနိုင်သည်။ စန္ဒကူးကို အိန္ဒိယတိုင်းသားများနှင့် တရုတ်လူမျိုး တို့က ပိုမိုနှစ်သက်ကြသည်။ စန္ဒကူးသားကို ရုပ်တုဆင်းတုထု လုပ်ခြင်း၊ သေတ္တာ၊ ယပ်တောင်၊ အမွှေးတိုင်များ ပြုလုပ်ခြင်း တို့တွင် အသုံးပြုသည်။ ကြုတ်၊ တောင်ဝှေး၊ ဘီး စသည်တို့ကို လည်း စန္ဒကူးဖြင့်ပြုလုပ်ကြသည်။ သိုးမွှေးများကို ဆေးဆိုးရာ တွင် စန္ဒကူးသားကို အဓိကအားဖြင့် အသုံးပြုကြသည်။ စန္ဒကူး ဆီကို ရေမွှေးအဖြစ်လည်းကောင်း၊ ဆေးဝါးအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။

စန္ဒကူးကို သစ်ပင်တစ်မျိုးတည်းသာမဟုတ်ဘဲ၊ သစ်ပင် အမျိုးများစွာမှ ထုတ်ယူနိုင်သည်။ အများအားဖြင့် 'ဆန်တာ လမ်း အဲလဗစ်'ခေါ် သစ်ပင်မျိုးမှ ထုတ်ယူရရှိသည်။ ထို သစ်ပင်မှာ အနှစ် ၂ဝ ရှည်ကြာလျှင် အနှစ်ရရှိနိုင်သည်။ ပင်စည်အချင်း တစ်ပေခန့်အထိကြီးသည်။ စန္ဒကူးပင်ကို ခုတ် လှဲပြီးနောက် အကာသားများကို ခြစားခံထားတတ်သည်။ အနှစ် ကိုကား ခြမစားနိုင်ချေ။ အကာများ ဆွေးပဲ့ကုန်မှ အနှစ်ကိုယူ လေ့ရှိသည်။ စန္ဒကူးအမြစ်မှာ ပို၍မွှေးကြိုင်သည်။

စန္ဒကူးအနီမျိုးလည်းရှိသည်။ နေရောင်ခံထားလျှင် ကြာ သော် ဝါညစ်ညစ်ဖြစ်သွားတတ်သည်။ ဟိန္ဒူဆေးကျမ်းများအလို အရ ဖန်သောအရသာရှိ၍ ခွန်အားကို ဖြစ်စေတတ်သည်ဟု ဆိုသည်။

မြတ်စွာဘုရားသည် ဆဋ္ဌဝါကို ရာဇဂြိုဟ်ပြည်၌ ကပ်တော် မူစဉ်၊ ရာဇဂြိုဟ်သဌေးသည် ဟိမဝန္တာမှမျောပါလာသော စန္ဒကူး တို့ကို သပိတ်ပြုလုပ်၍ ဈာန်ပျံနိုင်သော အရှင်တို့ကောင်းကင် ခရီးဖြင့် ဆောင်ယူရန် ပေးလှူထားရာ၊ ဒိဋ္ဌိဆရာတို့မယူနိုင်ဘဲ၊ ရှင်ပိဏ္ဍောလသာလျှင် ရယူနိုင်ကြောင်းဖြင့် ကျမ်းဂန်၌ဆိုသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ၊ အလောင်းတော်ကို စန္ဒကူးထင်းတို့ဖြင့် မီးပူဇော်ကြောင်းဖြင့်လည်း ကျမ်းဂန်၌ဆို သည်။ စန္ဒကူးမျိုးတွင် ဂေါသီတစန္ဒကူးမှာ ဆီပူတွင်ထည့်သော် ကျွက်ကျွက်ဆူသောဆီပင်လျှင် အေးငြိမ်းရသည်ဟု ဆိုသည်။ ရှေးမြန်မာကျောက်စာများတွင် စန္ဒကူးကို တန်စိကူဟူ၍ ရေး သားသည်။

အောက်မြန်မာနိုင်ငံ၌ စိုက်ပျိုးသောစန္ဒကူးပင်သည် အရွယ် သင့်ရုံမျှသာကြီးသည်။ မြန်မာနိုင်ငံမှထွက်သော စန္ဒကူးများ သည် ထုတ်ကုန်အဖြစ်ဖြင့် ရောင်းချနိုင်လောက်အောင်မမြောက် များချေ။

ကိုးကား



Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ပြည်ထောင်စုနေ့ရန်ကုန်တက္ကသိုလ်ဂျူး (စာရေးဆရာမ)မန္တလေးတိုင်းဒေသကြီးကျန်းမာရေးဂေါတမဗုဒ္ဓမကွေးမြို့Minecraftထက်ထက်မိုးဦးနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသယ်ယူပို့ဆောင်ရေးအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နေဝင်း (ဗိုလ်ချုပ်ကြီး)ကိုကိုအပင်လောကကမ္ဘာ့အလုပ်သမားနေ့စိုးထွဋ်အကြည်တော်ကဗျာလင်္ကာတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နရသီဟပတေ့ဘိုးမင်းခေါင်မြန်မာအက္ခရာမြန်မာနိုင်ငံ၏ သမ္မတမြန်မာ-အင်္ဂလိပ် အဘိဓာန်ဇော်ဂျီကရင် အမျိုးသား အစည်းအရုံးမြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟင်္သာတထွန်းရင်မြေပုံပြည်ထဲရေး ဝန်ကြီးဌာနပြေတီဦးတရားဂုဏ်တော်အင်ဒိုနီးရှားနိုင်ငံစိုင်းထီးဆိုင်ဝိနည်းဝပြည်နယ်ဘရူနိုင်းနိုင်ငံအင်းဝမင်းဆက်တတိယ အင်္ဂလိပ် - မြန်မာစစ်ခန္ဓသုတ်လိင်စိတ် နိုးထခြင်းဆေးခြောက်ပင်ရသကွန်ဒုံးဘန်ကောက်မြို့ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများလောက်ကိုင်မြို့သံချပ်ကာယန္တရားတပ်ဖွဲ့ပညာရေးဝန်ကြီးဌာနနေတိုး (ရုပ်ရှင်သရုပ်ဆောင်)မိန်းမ မျိုးပွားအင်္ဂါလက်ဖက်စကားထာယူနိုက်တက်ကင်းဒမ်းနိုင်ငံကွမ်းခြံကုန်းမြို့နဂါးအာဋာနာဋိယသုတ်မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ရွှေသိမ်တော်ဘုရား (ကျောက်ဆည်)ရုရှားနိုင်ငံမြန်မာနိုင်ငံ၏ လူဦးရေထူးအိမ်သင်သမ္ဗုဒ္ဓေခါကာဘိုရာဇီဂျိုးဇတ် စတာလင်နာဂစ်မုန်တိုင်းလွတ်လပ်ရေးကြေညာစာတမ်းပုသိမ်မြို့စောမောင် (ဗိုလ်ချုပ်မှူးကြီး)အရှေ့တောင်အာရှနိုင်ငံများအသင်းမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မိုးလေဝသ🡆 More