ခါးပတ်

ခါးဝတ်မြဲရန် ခါးတွင်ပတ်သော တန်ဆာကို ခါးပါတ်ဟု ခေါ်သည်။ ခါးပတ်ကို နှစ်ပေါင်းများစွာက စတင်၍ အသုံးပြုခဲ့ကြသည်။ မြက်ခါးပတ်၊ အဝတ်ခါးပတ်၊ ငွေခါးပတ်၊ ရွှေခါး ပတ်၊ ပိုးခါးပတ်၊ သားရေခါးပတ် စသဖြင့် ပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်သော ခါးပါတ်များစွာ ရှိလေသည်။ ခါးပတ်များတွင် သားရေခါးပတ်ကို ရှေးနှစ်ပေါင်း များစွာကစ၍ ယခုတိုင် သုံးစွဲကြသည်။ ယခုခေတ် ပလပ်စတစ် ပေါ်ပေါက်လာသောအခါ ပလပ်စတစ်ခါးပတ်များ ခေတ်စားလာ၏။ သို့ရာတွင် သားရေ ခါးပတ်လောက်ကား လူကြိုက်မများချေ။

ခါးပတ်
နေရာတကာတွင် တွေ့ရနိုင်သော အနက်ရောင် သားရေခါးပတ်

သားရေတို့သည် ဈေးကြီးသောကြောင့် စစ်သားများ အတွက် ခြည်ဖြင့်ရက်လုပ်သော ခါးပတ်များကို သုံးကြရသည်။ စစ်သားခါးပတ်တွင် ယမ်းအိတ်နှင့် အခြားချိတ်စရာ များကို ချိတ်တွယ်၍ ထားနိုင်သည်။

အင်္ဂလန်ပြည်၌ ဆာဘွဲ့ရ နိုက်အဖြစ် သူကောင်းပြုခံရ သူများသည် မိမိတို့ ဂုဏ်ထူးနှင့်အညီ ကိုင်ဆောင်ရသော ဓားချိတ်ခါးပတ်များကို အသုံးပြုခဲ့ကြသည်။ ခါးပတ်ကို အသုံးပြုခဲ့သည်မှာ ခါးဝတ်တန်ဆာမြဲရန်သာ မဟုတ်။ ဘင်ခရာအဖွဲ့တွင် ဘင်ချိတ်ရန်လည်း အသုံးပြုခဲ့ကြသည်။ အလံကိုင်များသည်လည်း လေးလံသော အလံကို သယ်ဆောင် နိုင်ရန် ခါးပတ်တွင် အလံစိုက်စရာ သားရေကွင်း တပ်ထား တတ်သည်။ ရဲနှင့် စစ်ဖက် ဆိုင်ရာ အရာရှိများ ဝတ်ဆင်သည့် ဆမ်ဗရောင်းခါးပတ်ကို ဥရောပတိုက်၌ ဖြစ်ပွားသော နှစ်သုံး ဆယ်စစ် (ခရစ် ၁၈၁၈-၄၈)အတွင်းက စတင်အသုံးပြုခဲ့ဟန် တူသည်ဟု အဆိုရှိသည်။

ရှေးကျသော ယဟူဒီလူမျိုးများသည် ခါးပတ်ပတ်ခြင်းမှာ သန့်ရှင်းသော ကိုယ်အင်္ဂါအထက်ပိုင်းကို အောက်ပိုင်းနှင့် ခွဲခြား ခြင်းဖြစ်သည်ဟု ယူဆကြလေသည်။ အလယ်ခေတ် (ခရစ်နှစ် ၅ဝဝ-၁၄ဝဝ)က အနောက်နိုင်ငံများ၌ စာပေလိုက်စားသူများ သည် မင်ထည့်သည့်ချိုကိုလည်းကောင်း၊ ကုန်သည်များသည် ပိုက်ဆံအိတ်ကိုလည်းကောင်း၊ အမျိုးသမီးများသည် သော့တွဲ ကိုလည်းကောင်း ခါးပတ်တွင် ချိတ်ဆွဲထားလေ့ ရှိကြသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

၃၁-ဘုံမေတ္တာမင်္ဂလာတရား ၃၈-ပါးစပိန်နိုင်ငံပီရူးနိုင်ငံခမာလူမျိုးရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းသင်းခွေချပ်ပထမ ကမ္ဘာစစ်နေကြတ်ခြင်း နှင့် လကြတ်ခြင်းရှင်သီဝလိဂါထာတက္ကသိုလ်ဘုန်းနိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သန်လျင် မင်းကျောင်းဆရာတော်ဗမာပြည် ကွန်မြူနစ်ပါတီစိတ်တရုတ်မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးယိမ်းအမျိုးသားရေးဝါဒအီဂျစ်နိုင်ငံမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ဆားရုရှားနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးမာရဝိဇယဗုဒ္ဓရုပ်ပွားတော်လိပ်ပြာ (ရုပ်သံဇာတ်လမ်းတွဲ)အယုဒ္ဓယဒုတိယ ကမ္ဘာစစ်တပ်မတော်စိန်ရတုနှစ်တံဆိပ်သောတာပန်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ဧရာဝတီတံတား (ပခုက္ကူ)ဟော့ဘစ်ပခုက္ကူမြို့မြိတ်ကျွန်းစုမြန်မာပြည် စာတိုက် သင်္ကေတများမြန်မာသဒ္ဒါမီရှဲလ် အိုဘားမားကချင်လူမျိုးဖောင်တော်ဦးဘုရား (အင်းလေး)မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့မင်းအောင်အနုပညာသီရိလင်္ကာနိုင်ငံယေရှု ခရစ်တော်ရှစ်ပါးသီလမင်္ဂလာပါပဲခူးတိုင်းဒေသကြီး၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များထိုင်းလူမျိုးငါးရာ့ငါးဆယ် နိပါတ်တော်မိုးဟေကိုနေအဖွဲ့အစည်းကျောက်ကပ်နာဂစ်မုန်တိုင်းBig Bagထားဝယ်လူမျိုးအင်းလေးကန်ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သမိုင်းကာမေသုမိစ္ဆာစာရယူကရိန်းနိုင်ငံမွန်ပြည်နယ်မြန်မာနိုင်ငံ၏ ရပ်ကွက်များမြန်မာနိုင်ငံ၏ နိုင်ငံရေးတစ်ကိုယ်ရည်အာသာဖြေခြင်းကုန်သည်လေတယ်လီဖုန်း ကုတ်နံပါတ်မင်းသုဝဏ်အင်းဝမင်းဆက်သက်ရှိ🡆 More