ခရီးသွားစဉ်၌ ယဉ်ကျေးခြင်း

ခရီးသွားစဉ်၌ ယဉ်ကျေးခြင်း သည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။ ခရီးသွားစဉ်၌ ယဉ်ကျေးခြင်းတွင် ယေဘုယျအားဖြင့် (၁၁) မျိုးရှိသည်။ ထို (၁၁) မျိုးမှာ -

  1. ရထားနှင့်ဖြစ်စေ၊ သင်္ဘောဖြင့်ဖြစ်စေ အခြားသောယာဉ်တို့ဖြင့်ဖြစ်စေ ခရီးသွားသောအခါ အတင်းတိုး၍ မဝင်ရ၊ အားနည်းသူများကို ပထမဦးစွာ အခွင့်အရေးပေးရာ၏။ (ခရီးသွားစဉ်သူတစ်ပါးအား အထူးသဖြင့် အားနည်းသူများအား တတ်နိုင်သမျှ ကူညီရာ၏။ အကယ်၍ တစ်စုံတစ်ရာ မကူညီစေကာမူ မိမိအတွက် အနှောင့်အယှက် မဖြစ်စေသင့်၊ တံခါးကိုဖွင့်ပေးခြင်း၊ ပစ္စည်းတစ်ခုခုကို ယူပေးခြင်း၊ အတက်အဆင်း၌ လွယ်ကူစွာရှိစေရန် ကူညီခြင်း၊ လေးသောဝန်ကို ပင့်ပေးခြင်း၊ ချပေးခြင်း စသည်ဖြင့် ချမ်းသာစွာ သွားလာနေထိုင်နိုင်ကြရန် ကြိုးစား၍ ကူညီရာ၏။)
  2. မိမိအတွက် သင့်လျော်သည်ထက်ပို၍ နေရာမယူသင့်။
  3. ထိခိုက်မိ၍သော်လည်းကောင်း၊ တစ်စုံတစ်ရာကြောင့်သော်လည်းကောင်း၊ တောင်းပန်ရန်ရှိခဲ့လျှင် နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ တောင်းပန်ရာ၏။
  4. ကျေးဇူးတင်သင့်လျှင်တင်ကြောင်း၊ အပြစ်မှခွင့်လွှတ်ကြောင်းများကို ယဉ်ကျေးစွာ ပြောအပ်၏။
  5. လူအများနှင့် ဆက်ဆံရာနေရာများတွင် တံတွေးမထွေးပါနှင့်၊ တံတွေးထွေးခြင်းသည် ညစ်ညမ်းစေရုံမျှမက ဉပါဒ်အန္တရာယ်ကိုလည်း ဖြစ်စေ၏။
  6. ရထားအတွင်း၊ သင်္ဘောအတွင်း၊ ဘတ်စကားများအတွင်းစသည့် လူအများနှင့် ဆက်ဆံရာနေရာများတွင် စကားကျယ်စွာ မပြောရ၊ အော်ဟစ်ခြင်းကို မပြုရ။ မိမိတို့အချင်းချင်း ကြားရုံမျှသာ စကားပြောရာ၏။
  7. ပါးစပ်ထဲတွင် တစ်စုံတစ်ရာရှိစဉ် စကားမပြောရ။ သူတစ်ပါးမခံသာသော အနံ့ရှိသည့် ပစ္စည်းများကိုပင် အသုံးမပြုရ။
  8. စက္ကူစုတ်၊ မုန့်ထုပ်စက္ကူ၊ သစ်သီးခွံ၊ စားကြွင်း စသည်တို့ကို မတင်မရှိအောင် သတိပြုရာ၏။
  9. ချောင်းဆိုးခြင်း၊ ချေဆတ်ခြင်းကို လူရှေ့တွင် မပြုလုပ်ရာ၊ တစ်ခြားနေရာသို့ ထသွားခြင်းငှာ မတတ်နိုင်ပါလျှင် လက်ကိုင်ပဝါအုပ်၍ ပြုလုပ်ရာ၏။ အချို့သူတို့သည် လူရှေ့တွင် သမ်းခြင်းကိုပင် ရှောင်ကြဉ်ရာ၏။
  10. ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်၊ ရုပ်ရှင်ရုံ၊ ဇာတ်ရုံစသည်တို့၌ လက်မှတ်ခံခြင်း၊ ဝင်ခြင်း၊ ထွက်ခြင်းတို့တွင် တိုးဝှေ့ခြင်းမရှိဘဲ တစ်ယောက်နောက် တစ်ယောက်စီကာ မိမိအလှည့်ကို စောင့်ဆိုင်းရာ၏။ ဤသို့သောနေရာမျိုးတွင် မိမိအတွက် အလျင်ရရန်၊ ရောက်ရန် တိုးဝှေ့၍ တက်ခြင်း၊ ရောက်နှင့်ပြီးသူတို့ကို ကျော်၍တက်ခြင်း၊ နေရာကောင်းကို လုခြင်း၊ နေရာရွေးခြင်း၊ မိမိကိုသာလျှင် ဦးစွာဆောင်ရွက်စေလိုခြင်းစသော အပြုအမူတို့သည် ယဉ်ကျေးသော နိုင်ငံကြီးသားတို့၏ အပြုအမူမဟုတ်ကြောင်းကို အထူးသတိပြုရာသည်။
  11. လူစည်ကားရာ အရပ်တွင် မိန်းကလေးများရှိရာသို့ အတင်းဝင်၍တိုးခြင်း၊ နောက်ပြောင်ပြောဆိုခြင်းသည် လွန်စွာရိုင်းပြသော အမူအရာဖြစ်၍ ရှက်ဖွက်ကောင်းလှ၏။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

စွယ်စုံကျမ်းရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်စကားကြီး ဆယ်မျိုးအင်းလေးကန်တရုတ်စံကားကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံစစ်ပွဲအင်းဝခေတ်မေကရင်ပြည်နယ်ဂျပန်နိုင်ငံမြန်မာသဒ္ဒါဆီးချိုရောဂါလက္ခဏာများဧရာဝတီမြစ်တောင်ငူမြို့ဘဒ္ဒကမ္ဘာခွေးလိင်ဆက်ဆံခြင်းဖူးခက်၃၂ ကောဋ္ဌာသမျိုးကြီးမြန်မာနိုင်ငံဖျားနာခြင်းထားဝယ်လူမျိုးတိုင်းစစ်ဌာနချုပ်ဆေးခြောက်ပင်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)မြန်မာ့သမိုင်းကာလသားရောဂါဘီလူးလီတာလူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မဂ္ဂင် ၈ ပါးအယုဒ္ဓယညစ်ညမ်းခြင်းများမြန်မာ သက္ကရာဇ်ည (ရုပ်ရှင်)မိတ္ထီလာမြို့ဦးသန့်ဟစ်တလာအာဖဂန်နစ္စတန်နိုင်ငံနေ့နံသစ္စာလေးပါးမြန်မာသရုပ်ဆောင်များစာရင်းငလျင်လှုပ်ခြင်းအလင်္ကာဂျူးဘာသာလိင်တူစုံမက်ခြင်းခရေပင်မဏိစန္ဒာမိန်းမ မျိုးပွားအင်္ဂါဟင်္သာတမြို့ဗလာဒီမီယာ ပူတင်အင်္ဂလိပ်ဘာသာစကားသဇင်ပန်းကံ့ကော်ပင်အေ (အက္ခရာ)သူငယ်နာသောမတ် အက်ဒီဆင်ရွှေပြည်သာမြို့နယ်အပျိုမြှေးဓာရဏပရိတ်ဂဠုန်သရပါတံခါးတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနလွှမ်းပိုင်နှလုံးသွေးကြောကျဉ်းရောဂါလက်ဖက်အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပြင်သစ်နိုင်ငံဒြပ်စင်🡆 More