ခန္တီးခရိုင်

ခန္တီးခရိုင် (အင်္ဂလိပ်: Hkamti District) သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်တစ်ခုဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ခန္တီးမြို့ ဖြစ်သည်။

ခန္တီးခရိုင်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ခန္တီးခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ခန္တီးခရိုင်
ခန္တီးခရိုင်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ကိုဩဒိနိတ်: 26°00′N 95°41′E / 26.000°N 95.683°E / 26.000; 95.683 95°41′E / 26.000°N 95.683°E / 26.000; 95.683
နိုင်ငံခန္တီးခရိုင် မြန်မာ
တိုင်းဒေသကြီးခန္တီးခရိုင် စစ်ကိုင်း
မြို့နယ်ပေါင်း
မြို့တော်ခန္တီးမြို့
လူဦးရေ (၂၀၁၄)၄၂၂,၆၉၂
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သောမြို့နယ်များ

ခန္တီးခရိုင် 
ခန္တီးခရိုင်မြို့နယ်များ
  ခန္တီးမြို့နယ်

ခန္တီးခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

သမိုင်း​ကြောင်း

၁၉၄၀ပြည့်နှစ် ဇန်နဝါရီ ၁ရက်နေ့မတိုင်မီက ခန္တီးဒေသသည် အထက်ချင်းတွင်းခရိုင်တွင် ပါဝင်ခဲ့သည်။ ၁.၁.၁၉၄၀ပြည့်နှစ်မှစ၍ နာဂတောင်တန်းခရိုင်ကို ဖွဲ့စည်းခဲ့ရာ ခန္တီးမြို့နယ်တစိတ်တဒေသသည် ခန္တီးစော်ဘွားနယ်တွင် ပါဝင်ခဲ့သည်။ ယခင်ခရိုင်ဝန်ရုံးသည် ဟုမ္မလင်းမြို့၌ တည်ရှိသည်။ ၁၉၄၇ခုနှစ် ဇွန်လ ၆ရက်နေ့တွင် နာဂတောင်တန်းခရိုင်၌ (က)နာဂတောင်တန်းဒေသ၊ (ခ) ဇင်္ဂလိန်းခန္တီးနယ်မြေ၊ (ဂ)သောင်သွပ်ရှမ်းစော်ဘွားနယ်မြေ တို့ပါဝင်ကြသည်။ ခရိုင်ရုံးကို ခန္တီးမြို့သို့ ပြောင်းရွှေ့ရုံးစိုက်သည်။ ၁၉၅၂ခုနှစ် နိုဝင်ဘာ ၃၀ရက်နေ့တွင် စော်ဘွားများ အာဏာစွန့်ခဲ့ကြသည်။ ၁၉၆၅ခုနှစ် မတ်လ ၂ရက်နေ့တွင် နာဂတောင်တန်းခရိုင်ကို ခန္တီးခရိုင်ဟု အမည်ပြောင်းခဲ့သည်။

ယခင်က ခန္တီးခရိုင်တွင် ဟုမ္မလင်းခရိုင်ခွဲနှင့် လဟယ် (အမ့်ပေါ်) ခရိုင်ခွဲ ဟူ၍ ခရိုင်ခွဲနှစ်ခု ပါဝင်ကြပြီးလျှင် ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီး မြို့နယ်၊ လဟယ်( အမ့်ပေါ်) မြို့နယ်နှင့် နန်းယွန်းမြို့နယ် ဟူ၍ မြို့နယ်ငါးနယ် ပါဝင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအရ လေရှီးမြို့နယ်လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းခဲ့ရာ ခန္တီးခရိုင်တွင် ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်များသာ ကျန်ရှိခဲ့သည်။ ၂၀၂၂ခုနှစ်တွင် ခရိုင်အသစ်များဖွဲ့စည်းရာ ခန္တီးခရိုင်မှ ဟုမ္မလင်းမြို့နယ်အား ဟုမ္မလင်းခရိုင်အဖြစ် အဆင့်မြှင့်တင်ခဲ့သဖြင့် ခန္တီးခရိုင်တွင် ခန္တီးမြို့နယ်သာ ကျန်ရှိ​တော့သည်။

ပထဝီဝင်အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

မြောက်လတ္တီတွဒ် ၂၅ဒီဂရီ ၂၁မိနစ်မှ ၂၆ဒီဂရီ ၃၅မိနစ်အထိ၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၂မိနစ်မှ ၉၆ဒီဂရီ ၁၂မိနစ်အတွင်း တည်ရှိသည်။ အရှေ့နှင့်အနောက် ၇၂မိုင် ၄ဖာလုံ၊ တောင်နှင့်မြောက် ၈၃မိုင် ၆ဖာလုံ ရှည်လျားသည်။ ဧရိယာစတုရန်းမိုင်ပေါင်း (၃၁၆၅.၄၅) ကျယ်ဝန်းသည်။

နယ်နိမိတ်

ခန္တီးခရိုင်၏ အရှေ့ဘက်တွင် ကချင်ပြည်နယ်မှ မိုးညှင်းခရိုင်နှင့် တနိုင်းခရိုင်၊ တောင်ဘက်တွင် ဟုမ္မလင်းခရိုင်၊ အနောက်ဘက်နှင့်မြောက်ဘက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ခါကာဘိုရာဇီနှင့် ပတ်ကွိုင်တောင်တန်းများမှ ဆက်လက်ဖြစ်ပေါ်လာသော နာဂတောင်တန်း တောင်စွယ်၊ လျှိမြောင်၊ ချိုင့်ဝှမ်းများ တည်ရှိသည်။ တောင်တန်းများသည် အနောက်ဘက်နှင့်မြောင်ဘက်တွင် မြင့်မားကာ တောင်ဘက်တွင် နိမ့်ဆင်းသွားသည်။ မြေပြန့်နည်းပါးသည်။ ခရိုင်အတွင်းအမြင့်ဆုံးတောင်မှာ စာရာမေတိတောင်ဖြစ်ကာ အမြင့်ပေ (၁၂,၅၅၃)ပေမြင့်သည်။

ရေဆင်း

မြို့နယ်၏အလယ်တွင် ချင်းတွင်းမြစ် စီးဆင်းနေပြီး အခြားသောရေစီးသန်သည့်ချောင်းများလည်း စီးဆင်းနေသည်။ ခရိုင်အတွင်း မြစ်ချောင်းများပေါများသည်။

လူဦးရေ

၂၀၁၄သန်းခေါင်စာရင်းကောင်ယူချိန်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား ခန္တီးခရိုင်အတွင်း ထည့်သွင်းကောက်ယူထားသဖြင့် ခန္တီးခရိုင်တွင် မြို့နယ် (၅)ခုပါဝင်သည်။ ထို့ကြောင့်ခန္တီးခရိုင်၏လူဦးရေမှာ (၄၂၂,၆၉၂) ဖြစ်သည်။ ခရိုင်အတွင်း နာဂလူမျိုးများ အများဆုံးနေထိုင်ကြပြီး ဗမာ၊ ရှမ်း၊ ချင်း၊ ကချင်၊ လီဆူး၊ ရခိုင်နှင့် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာ နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြပြီး ခရစ်ယာန်ဘာသာကို ဒုတိယအများဆုံးကိုးကွယ်ကြသည်။

စီးပွားရေး

ခန္တီးခရိုင်သည် စစ်ကိုင်းတိုင်းအတွင်း စီးပွားရေးတိုးတက်မှုနှေးကွေးသော ခရိုင်ဖြစ်သည်။ ခရိုင်နေပြည်သူများသည် တနိုင်တပိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုသာ အဓိကလုပ်ကိုင်ကြသည်။ ကျောက်စိမ်းတူးဖော်ခြင်း၊ ရွှေတူးခြင်းကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြသည်။ အဓိကထွက်ကုန်မှာ ဒညင်းသီးနှင့် ဂရိတ်ဖရုသီးတို့ဖြစ်ပြီး ဟုမ္မလင်းမြို့နှင့် မုံရွာမြို့များသို့ တင်ပို့သည်။

ပို့ဆောင်ဆက်သွယ်ရေး

ခန္တီးခရိုင်သည် ပို့ဆောင်ဆက်သွယ်ရေးခက်ခဲသည်။ ခန္တီးမြို့တွင် ​လေဆိပ်ရှိသည်။ မုံရွာနှင့် ချင်းတွင်းမြစ်ကြောင်းတလျှောက်ရှိမြို့များကို ရေကြောင်းဖြင့်လည်းကောင်း၊ ပွင့်လင်းရာသီတွင် မော်တော်ကားလမ်းဖြင့်လည်းကောင်း၊ မန္တ​လေးမြို့သို့ ​လေ​ကြောင်းခရီးဖြင့်လည်း​ကောင်း ဆက်သွယ်သွားလာနိုင်သည်။ ချင်းတွင်းမြစ်သည် ​နွေရာသီတွင် ​ရေနည်းသဖြင့် သွားလာရန်ခက်ခဲသည်။

ကိုးကား


Tags:

ခန္တီးခရိုင် ပါဝင်သောမြို့နယ်များခန္တီးခရိုင် သမိုင်း​ကြောင်းခန္တီးခရိုင် ပထဝီဝင်အနေအထားခန္တီးခရိုင် လူဦးရေခန္တီးခရိုင် စီးပွားရေးခန္တီးခရိုင် ပို့ဆောင်ဆက်သွယ်ရေးခန္တီးခရိုင် ကိုးကားခန္တီးခရိုင်ခန္တီးမြို့စစ်ကိုင်းတိုင်းဒေသကြီးအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကင်ဆာရောဂါတောင်ငူခေတ်မြန်မာကဗျာ ကာရန်ယူနည်းများတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာသီအလိုက်ပွင့်သောပန်းများတောက်တဲ့မြန်မာနိုင်ငံ၏ အလံများ စာရင်းအောင်လအန်ဆန်းစိန်ပြောင်းဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ကိုလိုနီခေတ်ပြည်မြို့ထန်းရည်ထိုင်းနိုင်ငံ၏ ပြည်နယ်များမြန်မာ့​ကျောက်မျက်ရတနာ ​ရောင်းဝယ်​ရေး လုပ်ငန်းအာဖဂန်နစ္စတန်နိုင်ငံအောင်လံမြို့စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမွန်ဘာသာစကားထမနဲပွဲကောသလမင်း အိပ်မက် (၁၆)ချက်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)သရေခေတ္တရာသန်လျင်မြို့စစ်ကိုင်းတိုင်းဒေသကြီးမအင်္ဂါ အစေ့အောင်သူ (ဘောလုံးသမား)ဘီလူးသဲအင်းဂူဆရာတော်ကာလသားရောဂါဘရူနိုင်းနိုင်ငံဒူးရင်းသီးဧရာဝတီတံတား (ပခုက္ကူ)နှလုံးသွေးကြောကျဉ်းရောဂါကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်လေးဖြူစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ဒူဘိုင်းမြို့ဘုရားဂုဏ်တော်ဗီယက်နမ်နိုင်ငံပိုပေါ့ကျုံးဟိန္ဒူဘာသာသီတင်းကျွတ်လပြည့်နေ့တိုက်မင်းအောင်လှိုင်ဂျပန်နိုင်ငံမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းရွှေသိမ်တော်ဘုရား (ကျောက်ဆည်)လူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များဂျူးဘာသာငါးရာငါးဆယ်ဇာတ်တော်များစာရင်းကြိတ်မှန်ပင်စစ်တွေမြို့အင်္ဂလန်နိုင်ငံစမူဆာထိုင်းနိုင်ငံတရုတ်ပြည်မှ မဟာရံတံတိုင်းကြီးအိုမန်နိုင်ငံMinecraftလက်ဖက်ဓဇဂ္ဂသုတ်သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)အင်းလေးကန်ကျေးရွာအုပ်စုဆူခွိုင်း ၃၀အသည်းရောင် အသားဝါ ရောဂါ စီပိုးဂုဏ်တော်ကွန်ချာကဗျာလင်္ကာရိုင်ဖယ်ဆိုရှယ်လစ်ဝါဒကိန်းC++ပုလွေမှုတ်ခြင်းမဟာသတိပဋ္ဌာနသုတ်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနွားနောက်တနင်္သာရီမြို့🡆 More