ကွန်မန်ဒို

ကွန်မန်ဒို ဟူသော မူရင်းဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကား Commando မှ ဆင်းသက်လာသည့် ဝေါဟာရဖြစ်သည်။ ယင်း၏ အဓိပ္ပာယ်မှာ အလစ်တွင် ရုတ်တရက် လျှပ်တစ်ပြက်ဝင်ရောက် တိုက်ခိုက်သည့် တပ်ဖွဲ့ငယ်တစ်ခုမှ တပ်သားဟူ၍ ဖြစ်သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီး အတွင်းက ပေါ်ပေါက်လာခဲ့သော ကွန်မန်ဒိုဟူသည့် ဝေါဟာရသည် ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးမှ လက်ခံသုံးစွဲလာကြသည်။


ကွန်မန်ဒို ဟူသော စကားလုံးကို စောစောပိုင်းက မြန်မာသတင်းစာများနှင့် ဂျာနယ်မဂ္ဂဇင်း၌ အသေခံတပ်သားများဟူ၍ သုံးစွဲခဲ့ကြရာမှ ယခုအခါ မူရင်းဘာသာစကား အသံထွက်အတိုင်း ကွန်မန်ဒို ဟူ၍ပင် တိုက်ရိုက်သုံးစွဲလာခဲ့ကြသည်။ (မြန်မာ့ရုပ်ရှင် ဇာတ်ကားတစ်ကား၏ အမည်ကို မို⁠မိုချစ်တဲ့ ကွန်မန်ဒို ဟူ၍ သုံးစွဲလာသည်အထိ ကျယ်ပြန့်လာခဲ့သည်။) မူလက ကွန်မန်ဒိုကို အသေခံတပ်သား ဟူ၍ မြန်မာပြန်ဆို သုံးစွဲခဲ့ကြရာမှ အထက်တွင် ဖော်ပြခဲ့သည့် မူရင်းအဓိပ္ပာယ်အရ ရုတ်တရက် အလစ်တွင် လျှပ်တစ်ပြက်ဝင်ရောက် တိုက်ခိုက်သည့် တပ်ဖွဲ့ငယ်တစ်ခုမှ တပ်သား ဟူ၍ နားလည်ထားခဲ့ကြရာမှ ထိုသို့ လျှပ်တစ်ပြက် ဝင်ရောက်တိုက်ခိုက်ရာတွင် မိမိအသက်ကို ပဓာနမထားပဲ သက်စွန့်ဆံဖျား အသေခံ၍ တိုက်ခိုက်ကြရသည့်အတွက် ကွန်မန်ဒိုဆိုသည်မှာ အသေခံတပ်သားဟူ၍ အလွယ်တကူ ခေါ်ဝေါ်လာခဲ့ကြခြင်း ဖြစ်သည်။


သို့သော် ကွန်မန်ဒို (ဝါ) အသေခံတပ်သား ဟူသော ဝေါဟာရသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မထင်ရှားသေးပဲ စစ်ပြီးကာလ ၁၉၇၀-ပြည့် လွန်နှစ်များတွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် လေယာဉ်အပိုင်စီးမှုများ နှင့် ပြန်ပေးဆွဲမှုများကို အကြောင်းပြု၍ ပါလစတိုင်း ပြောက်ကျားများက စတင်သုံးစွဲ လာခဲ့ရာမှ ပိုမိုထင်ရှားလာခဲ့သည်။ အထူးသဖြင့် ၁၉၇၆-ခုနှစ်က ယူဂန်ဒါနိုင်ငံ အင်တက်ဘီ လေဆိပ်၌ ခရီးသည် ၁၀၀ကျော်တို့အား ပြင်သစ်လေယာဉ်ကြီးနှင့်အတူ ပြန်ပေးဆွဲထားခဲ့သည့် ပါလစတိုင်း ပြောက်ကျားများအား အစ္စရေးကွန်မန်ဒို (အသေခံတပ်သား)များက လျှပ်တစ်ပြက်ဝင်ရောက် စီးနင်းကယ်တင်ခဲ့ကြရာမှ ကွန်မန်ဒိုဟူသော ဝေါဟာရသည် ပိုမိုကျော်ကြား လူသိများလာခဲ့ကြသည်။


ထိုမှတဖန် ၁၉၇၇-ခုနှစ်တွင် ဂျပန်တပ်နီများက ဂျပန်လေယာဉ်ကြီးတစ်စင်းကို အပိုင်စီးခဲ့ကြ၍၊ ဂျာမာန်မြို့ပြ ပြောက်ကျားများကလည်း အနောက်ဂျာမန်လေယာဉ်ကြီးတစ်စင်းကို အပိုင်စီးခဲ့ကြပြီးနောက် ကွန်မန်ဒိုဟူသော ဝေါဟာရသည် (မော်တော်ကား၊ ရေဒီယို၊ တီဗွီ၊ ကက်ဆက်) စသော အင်္ဂလိပ်စာလုံးများကဲ့သို့ မြန်မာစာနယ်ဇင်းများက ဖောဖောသီသီ သုံးစွဲလာကြခြင်း ဖြစ်သည်။ ထို့နောက် ကွန်မန်ဒိုဟူသော အင်္ဂလိပ်စကားလုံးကိုပင် မသုံးစွဲကြတော့ဘဲ မူရင်းအဓိပ္ပာယ်အတိုင်း အသေခံတပ်သားဟူ၍ ပြောင်းလွဲသုံးစွဲလာခဲ့ကြသည်မှာ ရာစုနှစ် ထက်ဝက်ကျော်မျှပင် ရှိခဲ့ပြီဖြစ်သည်။


သို့သော် ကွန်မန်ဒိုဟူသော အမည်ကို ပထမဆုံးစတင်သုံးစွဲခဲ့၍ အသေခံတပ်သားအဖြစ် သက်စွန့်ဆံဖျား ဆောင်ရွက်ခဲ့သည့် ကမ္ဘာကျော် ကွန်မန်ဒိုတစ်ယောက် ၁၉၄၄-ခုနှစ်လောက်က အထင်အရှား ပေါ်ပေါက်ခဲ့ဘူးသည်။ အဆိုပါ ကမ္ဘာကျော် ကွန်မန်ဒိုမှာ အခြားသူမဟုတ်၊ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးလုဆဲဆဲ အချိန်တွင် ဟစ်တလာအတွက် ညာလက်ရုံးသဖွယ် အားကိုးခဲ့ရ၍ အရေးကြီးသည့် စစ်ဆင်ရေးများတွင် စွန့်လွှတ်စွန့်စားခဲ့ရသည့် အော်တို စကော်ဇနီ ဆိုသူဖြစ်၍ အခြား⁠အခြားသော ဂျာမန်စစ်ဗိုလ်ချုပ်ကြီးများထက်ပင် ထင်ရှားကျော်ကြားခဲ့သူ ဖြစ်သည်။

ကိုးကား

Tags:

ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မဟာသတိပဋ္ဌာနသုတ်ရှမ်းဘာသာစကားအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ဆူးပုပ်ကြီးအင်းဝခေတ်ဗုဒ္ဓဂေါ်ရင်ဂျီကျွန်းစစ်တွေမြို့တို့ဗမာအစည်းအရုံးသတိပဋ္ဌာန်တရုတ်စံကားကေ (အက္ခရာ)မဟာဘုတ်နီယွန်စိုးဝင်း၊ ဗိုလ်ချုပ်ကြီးမစ်(ဂ်)-၂၉မန်ဂျပ်ရှားမိုးကုတ်တရားဦးနုမြန်မာ့ လက်ဝှေ့ကျုံးမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းကမ္ဘောဒီးယားနိုင်ငံမြင်းခွာပင်လောက်ကိုင်မြို့လျှပ်စစ်ဓာတ်အားကိုးပါးသီလဝ လူမျိုးသမ္မာကျမ်းစာဓဇဂ္ဂသုတ်စစ်တက္ကသိုလ် (ပြင်ဦးလွင်)သရေခေတ္တရာလင်းနို့မြွေဗီယက်နမ်နိုင်ငံနတ်စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးဆင်ဖြူရှင်မင်းထက်ထက်မိုးဦးစကားကြီး ဆယ်မျိုးသံချပ်ကာယန္တရားတပ်ဖွဲ့ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးဆီးချိုရောဂါလက္ခဏာများအင်္ဂုလိမာလသုတ်ရှင်ပြုခြင်းမင်းတုန်းမင်း၃၁-ဘုံဖွတ်ဗိုလ်ချုပ်မှူးကြီးအိချောပိုအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးမြန်မာ့စွယ်စုံကျမ်းဂြိုဟ်တနင်္သာရီမြို့နတ်မောက်မြို့ယေရှု ခရစ်တော်အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သရပါတံခါးဟစ်တလာမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ဆွီဒင်နိုင်ငံတပ်မတော်အမေရိကန်ပြည်ထောင်စုနိုင်ငံတကာ စာတတ်မြောက်ရေးနေ့မထိုးသွင်းသော လိင်ဆက်ဆံခြင်းငါးရာငါးဆယ်ဇာတ်တော်များစာရင်းရာဟုကာမြန်မာဘာသာစကားဦးပိန်တံတားလ (ကမ္ဘာရံဂြိုဟ်)နေတိုး (ရုပ်ရှင်သရုပ်ဆောင်)မြန်မာနိုင်ငံ ရဲတပ်ဖွဲ့🡆 More