ကွန်ပျုတာကို တိုက်ရိုက်အဓိပ္ပာယ်ပြန်လျှင် သင်္ချာတွက်စက်ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းမှာ လျှပ်စစ်စွမ်းအားနှင့် သင်္ချာပညာရပ်များအား အသုံးပြု၍ လုပ်ငန်းရပ်များအား အဆင်ပြေချောမွှေ့လွယ်ကူစေရန် ဖန်တီးယူထားသည့် စက်အမျိုးအစား တစ်ခုဖြစ်သည်။ မှတ်တမ်းများ သိမ်းဆည်းခြင်း (Data storage)၊ ပြန်လည်ခေါ်ယူခြင်း (Retrive)၊ အစီအစဉ်များ ထည့်သွင်းခြင်းနှင့် ထုတ်ယူခြင်း (l/O Device)၊ စဉ်းစားတွက်ချက်ပေးခြင်း (Calculate) တို့အား လုပ်ငန်းစဉ်များအလိုက် အသုံးပြုနိုင်ရန် စီစဉ်ထားသည်။ ကွန်ပျုတာအား တီထွင်ရန် စတင်စဉ်းစားခဲ့စဉ်ထဲကပင် လုပ်ငန်းရပ် အသီးသီး၌ အသုံးပြုနိုင်ရန် ရည်ရွယ်၍ တီထွင်ခဲ့ခြင်းဖြစ်သည်။ စတင်တီထွင်ခဲ့စဉ်အချိန်တွင် (Analog Computer) နှင့် (Digital Computer) ဟူ၍ တည်ဆောက်ပုံ နှစ်မျိုးရှိခဲ့သည်။ (Analog Computer) သည် လျှပ်စစ်စွမ်းအား ရရှိမှုပမာဏ အနည်းအများပေါ်မူတည်၍ အနီးစပ်ဆုံးဖော်ပြ ပေးခြင်းအားဖြင့် လုပ်ဆောင်ပါသည်။ (Digital Computer) သည် လျှပ်စစ်စွမ်းအား အတိအကျရရှိမှုအပေါ် မူတည်၍ လုပ်ဆောင်ပါသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
၁၆ ရာစုနှစ် နှောင်းပိုင်းမှ စတင်၍ လုပ်ငန်းရပ် အသီးသီးအား လွယ်ကူချောမွှေ့ အဆင်ပြေစေရန် ပညာရှင်အသီးသီးမှ ပေသီး (abacus)အား အခြေခံ၍ အဆင့်ဆင့် စမ်းသပ်တီထွင် လာခဲ့ကြသည်။ ၁၆၁၄ ခုနှစ်တွင် (John Napier) မှ သင်္ချာပညာရပ်ပိုင်းဆိုင်ရာ တွက်ချက်မှုများအား အဆင်သင့်ကြည့်ရှုနိုင်ရန် .၅ ဒဿမငါး နေရာအထိ အတိအကျ တွက်ယူ အဖြေထုတ်ပေးထားသော အစီအစဉ် (Logarithms) အား တီထွင်ဖန်တီးခဲ့သည်။ ၁၆၁၅ တွင် William Oughtred မှနေ၍ (Slide Rule) စနစ်အားတီထွင်ခဲ့သည်။ (Slide Rule) ဆိုသည်မှာ လျင်မြန်စွာ တွက်ချက်နိုင်ရန်အတွက်(Logarithms) စနစ်အား အကျဉ်းချုံး စီစဉ်ထားသော သင်္ချာပညာရပ်ပိုင်းဆိုင်ရာ အသုံးချမှုများဖြစ်သည်။ ၎င်းအား ယနေ့ကာလခေတ်ပေါ် အီလက်ထရွန်းနစ် သင်္ချာတွက်စက် (Electronic Calculator) များတွင် အသုံးပြုထားသည်။ ၁၆၂၃ တွင် William Schickard မှသင်္ချာတွက်စက်၏ အစဖြစ်သော (Mechanical Calculator) အားတီထွင်ခဲ့သည်။
ပထမဦးဆုံး စက်ကိရိယာဖြင့် တွက်ချက်ခြင်း အစီအစဉ်အား ပြင်သစ်နိုင်ငံသား ဖြစ်သူ သင်္ချာနှင့် ဒဿနိကပညာရှင် Blaise Pascal မှ ၁၆၄၂ ခုနှစ်တွင် တီထွင်ခဲ့ပြီး ၁၆၄၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ ၎င်းကိရိယာအား အလုပ်လုပ်ဆောင်နိုင်ရန်အတွက် လက်ဖြင့်မောင်းနှင်ရသော ဂီယာ (gear) များ၊ စက်သီး (Pulley) များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ၁၆၇၂-၁၆၇၄ ခုနှစ်တွင် ဂေါ့ဖရိဒ် လိုက်ဘနစ် (Gottfried Leibniz) မှပထမဆုံး(Calculator) အား တီထွင်နိုင်ခဲ့သည်။ ၁၈၀၁ ခုနှစ်တွင် Joseph Marie Jacquard ၏ ကြိုးပမ်းအားထုတ်မှုဖြင့် အလိုအလျောက် လည်ပတ်နိုင်သော ယက်ကန်းစက် တစ်မျိုးဖြစ်သည့် (Analytical Engine) ကိုရရှိခဲ့သည်။ ၎င်းစက်မှာ အပေါက်များစွာ ပါဝင်သော ကဒ်ပြား (Punched-Card) များဖြင့်ထည့်သွင်း အသုံးပြု ခဲ့သည်။ ၁၈၂၀ တွင် Charles Thomas de Colmar မှ ပထမဆုံး ပြည်စုံသော တွက်ချက်မှု အတိုင်းအတာအား တိုးမြှင့်ပေးခဲ့သည်။
၁၈၂၂ ခုနှစ်တွင်အင်္ဂလန်နိုင်ငံမှ Charles Babbage သည်ဓာတ်ခွဲစက် (Analytical Engine) တစ်ခုပြုလုပ်ရန် အကြံရှိခဲ့၍ ၎င်းစက်တွင် မည်သည့် တွက်ချက်မှုမျိုးမဆို ပါဝင်ထည့်သွင်းထားသည်။ သို့ရာတွင် ၎င်းစက်အတွက် လိုအပ်သည့် ဖွဲ့စည်းပုံအား တည်ဆောက်နိုင်ရန်အတွက်မူ ယင်းအချိန် ကာလတွင် ပညာရှင်များအနေဖြင့် များစွာမှ အခက်အခဲ ရှိခဲ့ကြသည်။ Charles Babbage ၏ မူလစိတ်ကူးမှာ ယင်းစက်သည် အချက်အလက်ပေါင်း မြောက်မြားစွာအား လက်ခံနိုင်၊ ထည့်သွင်းနိုင်၊ အဖြေထုတ်နိုင်ရန် ဖြစ်သည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် လေဟာမီးလုံး (Vacuum Tube) များအား အသုံးပြုခြင်းဖြင့် ကွန်ပျုတာ စက်မှုပညာမှ အီလက်ထရောနစ်စနစ်သို့ ကူးပြောင်းလာခဲ့ကြ၍ ဂီယာ (Gear) နှင့် စက်သီး (Pulley) တို့အား မလိုအပ်တော့ချေ။ လျှပ်စစ်ခလုတ်များမှ တူညီသော ရလဒ်အဖြေများကို ရရှိနိုင်ပြီဖြစ်သည်။
ယင်းတွင်သင်္ကေတ နှစ်ခုပါသည့် (Binary) ဘာသာများဖြင့်အသုံးပြု ထားသည်။ အချက်အလက်နှင့် ညွှန်ကြားချက်များအား (l/O) ဖြင့် အကျဉ်းချုံးထားသည်။ ၎င်းစနစ်မှာ (0) နှင့် (၁) နံပါတ်များအားအဖွင့်၊ အပိတ် (On/Off) လုပ်ပေးခြင်းဖြင့် လုပ်ငန်းရပ်များ အားဝန်ပိုကျုံ့လာစေသည်။ လေဟာမီးလုံး (Vacuum Tube) များမှာ ဂီယာ (Gear) နှင့် စက်သီး (Pulley) များထက် ပိုမိုတိကျစွာ အလုပ်လုပ်ဆောင်လာနိုင်သည်။ Charles Babbage စဉ်းစားထားခဲ့သည့် (Analytical Engine) မှာ ၁၈၃၀ ခုနှစ်ရောက်မှ အပြီးသတ် ဖန်တီးနိုင်ခဲ့သည်။ နောက်ဆုံးတွင် ၎င်း၏ စဉ်းစားမှုများ အားလုံးသည် ယနေ့ခေတ်ကာလ အသုံးချနေကြသော (Programmable Computer) အဖြစ်သို့ ရောက်ရှိလာခဲ့သည်။
၁၈၉၀ ခုနှစ်တွင် Herman Hollerith မှ အမေရိကန် သန်းခေါင်စာရင်း မှတ်တမ်းအတွက် ကဒ်ပြားများအား အပေါက်ဖောက်ခြင်းစနစ် (punched-Card System) အဖြစ် တိုးမြှင့်ပေးခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် Alan Turing မှကွန်ပျုတာ၏ သင်္ချာပညာရပ်ပိုင်းဆိုင်ရာ သီအိုရီများအား တိုးမြှင့်ထုတ်လုပ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် Konrad Zuse မှ (Boolean) အက္ခရာသင်္ချာစနစ်အား အသုံးပြု၍ ပထမဆုံး (Binary Caculator) အဖြစ် တည်ဆောက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင်ပထမဆုံးသင်္ချာနှင့် ရူပဗေဒ ပညာရပ်များအား လျှပ်စစ်စွမ်းအားဖြင့် အဓိက အသုံးပြုထားပြီး စက်ပိုင်းဆိုင်ရာ တွက်ချက်မှုဖြင့် အလုပ်လုပ်နိုင်သော (J V Atanasoff-Barry) ကွန်ပျုတာအား အမေရိကနိုင်ငံတွင် တီထွင်ခဲ့သည်။ ၎င်းစက်အား ပထမဆုံး လေဟာမီးလုံးတွဲများနှင့် အသုံးပြု ဖန်တီးတည်ဆောက်ထားခဲ့သည်။ ၎င်းစက်မှာ လုပ်ငန်းရပ် တစ်ခုအတွက်သာ ပုံဖော်ထားသည်။ သို့ရာတွင် အလွန် ရှည်လျားသော သင်္ချာပညာရပ်ပိုင်းဆိုင်ရာ ဇယားကြီးများ၏ တွက်ချက်မှုများအား တစ်ခုချင်းစီ အနီးစပ်ဆုံး တွက်ချက်နိုင်အောင် ရေးဆွဲခဲ့သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ကွန်ပျူတာ သမိုင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.