ကျိုက်ထိုမြို့နယ်

ကျိုက်ထိုမြို့နယ် သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျိုက်ထိုမြို့ ဖြစ်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင်  မြန်မာလွှတ်တော်များမှ ဖြေကြားပေးသည့် အချက်အလက်များအရ ကျိုက်ထိုမြို့နယ်တွင် လူဦးရေ ၁၅၇, ၂၁၆ ဦးခန့်နေထိုင်ပြီး အိမ်ထောင်စု ၂၇,၇၄၅ စု ရှိသည်။ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၁၈ ခုနှစ်အောက်တိုဘာလ ၁ ရက် မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အိမ်ထောင်စု ၂၁၆၀၈ စုရှိပြီး လူဦးရေ ၁၆၄၈၁၂ ရှိသည်။ ထို့ပြင် ကုတင် ၂၅ လုံးဆန့် ဆေးရုံတစ်ရုံ၊ ကုတင် ၁၆လုံးဆန့် သိမ့်ဇရပ်စခန်း ဆေးရုံ၊ မိခင်နှင့်ကလေး စောင့်ရောက်ရေး‌ဂေဟာတစ်လုံး၊ ကျေးလက်ဆေးပေးခန်း ၇၊ ကျေးလက်ဆေးပေးခန်းဌာနခွဲ ၂၈ ခုရှိဆို၏။

ကျိုက်ထိုမြို့နယ်
မြို့နယ်
သထုံခရိုင်အတွင်း တည်နေရာ
သထုံခရိုင်အတွင်း တည်နေရာ
ကျိုက်ထိုမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျိုက်ထိုမြို့နယ်
ကျိုက်ထိုမြို့နယ်
ကျိုက်ထိုမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 17°18′0″N 97°1′37″E / 17.30000°N 97.02694°E / 17.30000; 97.02694
နိုင်ငံကျိုက်ထိုမြို့နယ် မြန်မာ
ပြည်နယ်ကျိုက်ထိုမြို့နယ် မွန်
ခရိုင်ကျိုက်ထိုခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ကျိုက်ထိုမြို့
လူဦးရေ (၂၀၁၄)၁၈၄,၅၃၂
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သဘာဝဘေး

ရေကြီးရေလျှံမှု

ကျိုက်ထိုမြို့နယ်တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် ရပ်ကွက်အချို့ ရေမြုပ်ခြင်း၊ မြေပြိုမှုကြောင့် လူနေအိမ် ၇ လုံး ပြိုကျခြင်း၊ ၈ လုံး ပျက်စီးခြင်းအပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင်လည်း ရေလျှံမှုဖြစ်ပွားခဲ့ပြီး ကားသွားလာဖြတ်သန်းမှု ယာယီရပ်ဆိုင်းခဲ့ရသည်ထိ ဖြစ်ပွားခဲ့သည်။ ကျိုက်ထိုမြို့ပေါ် တိုးချဲ့ရပ်ကွက်များဖြစ်သည့် ကော့စနိုင်ရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်နှင့် သမလရပ်ကွက်တို့တွင် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေလွှမ်းခံရမှုကြောင့် ဒေသခံ ၄၀ဝ၀ နီးပါးတို့ ဘေးလွတ်ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရသည်။ ရေကြီးရေလျှံမှုကြောင့် ကျိုက်ထိုတွင် ကယ်ဆယ်ရေးစခန်း ၆ ခု၊ လူဦးရေ ၃၉၁၆ ဦး၊ မြေပြိုကယ်ဆယ်ရေးစခန်း ၁ ခု၊ လူဦးရေ ၉၁ ဦးတို့ ဘေးလွတ်ရာ ခိုလှုံခဲ့ကြရသည်။ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ်အချိန်မှစ၍ ကျိုက်ထိုမြို့နယ်အတွင်း ရေအားလုံးပြန်ကျသွားသည့်အတွက် ရေဘေးရှောင်သူများ နေအိမ်များသို့ ပြန်ခဲ့ကြသည်။

ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တို့တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုဒဏ်ခံရလေ့ရှိပြီး ဒေသခံထောင်နှင့်ချီပြီး ဘေးလွတ်ရာတိမ်းရှောင်ရသည့်အဖြစ်မျိုး ၁၉၉၇ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကြုံတွေ့ခဲ့ဖူးသည်။

ကိုးကား



Tags:

ကျိုက်ထိုခရိုင်ကျိုက်ထိုမြို့မြန်မာနိုင်ငံမွန်ပြည်နယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများကုန်းဘောင်မင်းဆက်မုတ္တမမြို့နေဝင်း (ဗိုလ်ချုပ်ကြီး)ဧပြီကာလီမယ်တော်ရှမ်းပြည်နယ်ပိန္နဲပင်သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)စစ်အေးတိုက်ပွဲအိန္ဒြာကျော်ဇင်သီရိလင်္ကာနိုင်ငံချင်းတွင်းမြစ်တပ်မတော် (ကြည်း)နာဇီဂျာမနီတပ်မတော် (လေ)မောင်စွမ်းရည် (စာရေးဆရာ)ဂျပန်ဘာသာစကားစီမံခန့်ခွဲခြင်းတောက်တဲ့နရသီဟပတေ့မြန်မာ့ အစားအစာဘာသာမဲ့ အယူဝါဒမြန်မာ့ ပထမဆုံးများပုပ္ပါးတောင်ကလပ်အယ်လ်နီညိုသစ္စာလေးပါးဓာရဏပရိတ်စက္ကူပန်းရဝမ်ဒါနိုင်ငံအသည်းရောင် အသားဝါ ရောဂါ စီပိုးဘန်နီဖြိုးဝိနည်းပန်းကျီးရာသီဥတုလေဖြတ်ခြင်းအစ္စလာမ်ဘာသာမြဝတီမြို့နယ်နိုင်းမြစ်မြန်မာ ယူနီကုဒ်ရေတောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းမြန်မာပြည်သိန်းတန်ကျုံးလောကနီတိတရားမြွေထိုင်းနိုင်ငံ၏ ပြည်နယ်များစောမောင် (ဗိုလ်ချုပ်မှူးကြီး)သရက်သီးဦးဇွန်း၊ ဒေါ်လင်ခန်းမယားခန်း ပြတ်စဲခြင်းလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)အဘိဓမ္မာကြို့ထိုးခြင်းရန်ကုန်တိုင်းဒေသကြီးလက်ဖက်ကာကွယ်ရေးဦးစီးချုပ်(လေ)မင်္ဂလာပါယူကျူ့ဘ်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနခါကာဘိုရာဇီသထုံမြို့မန္တလေး နန်းတော်မြန်မာနိုင်ငံ၏ အလံများ စာရင်းနန်းခင်ဇေယျာကျိုင်းတုံခရိုင်လိင်ဖြင့်မျိုးပွားခြင်းစကြဝဠာအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမဟော်သဓာဇာတ်တော်ဦးပုညပုစွန်​တောင်ခုံး​ကျော်တံတားဝေလငါး🡆 More