သဒ္ဓါ

(၁) သဒ္ဓါ၊ သဒ္ဓါတရား၊ ယုံကြည်-ကြည်ညို-ခြင်း၊ ယုံကြည်ကြောင်း-ယုံကြည်တတ်သော-ယုံကြည်ခြင်းမျှ ဖြစ်သော-တရား၊ သဒ္ဓါစစ်၊ သဒ္ဓါစေတသိက်။

(က) ကံ, ကံ၏အကျိုးနှင့် ရတနာသုံးပါးကို ယုံကြည်ခြင်း။

(ခ) အဖန်ဖန်-အထပ်ထပ်-အဖန်တလဲလဲ-ထပ်တလဲလဲ-ဖြစ်သော-သဒ္ဓါ။

(ဂ) လောကုတ္တရာတရားကို လိုချင်သော သမ္မာဆန္ဒကြောင့်ဖြစ်သော ကံ, ကံ၏အကျိုး နှင့် ရတနာသုံးပါးကို ယုံကြည်သော သဒ္ဓါ။

(ဃ) ရတနာသုံးပါး၌-ယုံကြည်-ကြည်ညို-ခြင်း။

(င) ဘုရား ဟောတော်မူအပ်သည့် တရားတော်နှင့်ဘုရား၌ ယုံကြည်သော အခြင်းအရာ။

(စ) ဘုရားနှင့် တရားတော်၌ မတုန်မလှုပ် ယုံကြည်ခြင်း။

(ဆ) ဓမ္မကထိက ဖြစ်သော တပည့်သာဝကနှင့် တရားတော်၌ ယုံကြည်မှု။

(ဇ) ကံ, ကံ၏အကျိုးနှင့် တမလွန်လောကကို ယုံကြည်သော သဒ္ဓါတရား။

(ဈ) လောကီ, လောကုတ္တရာအားဖြင့် နှစ်ပါးသော သဒ္ဓါ။

(ည) သဒ္ဓေယျဝတ္ထုသို့ သက်ဝင်၍ ယုံကြည်သော၊ ပသာဒနီယဝတ္ထု၌လည်း အလွန်ကြည်ညိုသော၊ သဒ္ဓါ။

(ဋ) မတုန်မလှုပ် သက်ဝင်ယုံ ကြည်သည်ဖြစ်၍ ဖြစ်သောသဒ္ဓါ။

(ဌ) မဂ်ဖြင့်-လာ-ကပ်-ရောက်-ရသော ယုံကြည်မှု သဒ္ဓါ။

(ဍ) လှူဒါန်းကြောင်းဖြစ်သော သဒ္ဓါ။

(ဎ) ပစ္စဝေက္ခနာဇော နှင့်ယှဉ်သော သဒ္ဓါ။

(ဏ) သမ္ပယုတ်တရားတို့ကို အလွန်ကြည်လင်စေတတ်သော၊ သမ္ပယုတ်တရားတို့၏ အလွန်ကြည် လင်ကြောင်းဖြစ်သော-သဒ္ဓါ၊ သဒ္ဓါတရား။

(၂) သဒ္ဓါသုတ် (၄) သုတ် (D.P.P.N-၌ကား-သံ၊၃၊၁၉၇။ အံ၊၃၊၂၆၄-တို့၌ လာသော အာပဏသုတ်, ဈာနသုတ်ပါ ထည့်၍ ခြောက်သုတ်-ဟုပြသည်။)

(၃) ယုံ-ယုံကြည်-ခြင်း(သဒ္ဓါအတု၊ သဒ္ဓါဟနာကာရ-အဓိမောက္ခ တရား)။

(၄) သဒ္ဓါမည်သော ဥပါသိကာမ။

(၅) (သိကြားမင်း၏ သမီးတော်) သဒ္ဓါနတ်သမီး။

သဒ္ဓါစေတသိက်၏ လက္ခဏာ စသည်

သဒ္ဓါသည် သမ္ပယုတ်တရားတို့ကို ကြည်စေခြင်းလက္ခဏာရှိ၏၊

နောက်သို့မဆုတ် စုပ်စုပ် နှစ်လျက် ... သက်ဝင်ခြင်း လက္ခဏာရှိ၏။

တစ်နည်း— ရတနတ္တယကမ္မကမ္မဖလ-ဟုဆိုအပ်သော သဒ္ဓေယျဝတ္ထုကို ယုံကြည်ခြင်း လက္ခဏာရှိ၏။

(တစ်နည်း) “ဤဝတ္ထုသည် ဤသို့ သဘောရှိ၏ " ဟု သဒ္ဒေယျဝတ္ထုသို့ သက်ဝင်၍ ကြံစည်ယုံကြည်ခြင်း လက္ခဏာ ရှိ၏။

ရေနောက် မြူနယ်ကို ကြည်စေတတ်သော စက္ကဝတ်မင်းဖျား (စကြဝတေးမင်း)၏ ပတ္တမြားရတနာကဲ့သို့ နောက်ကျခြင်းဟူသောအညစ်အကြေးကို ပယ်ထုတ်၍ သမ္ပယုတ် တရားတို့ကို ကြည်စေခြင်း ကိစ္စရှိ၏။


(တစ်နည်း)မိကျောင်း, မကာရ်းစသည်ဖြင့် ပြွမ်းသောရေအယဉ်ကို မကြောက်မရွံ့မဆုတ် မနစ် ကူးခတ်ဝံ့သော ယောက်ျားကဲ့သို့ ဒါန, သီလ စသည်တို့၌ မသက်ဝင်နိုင်သည်ဖြစ်၍ ဆုတ်နစ်သော သဟဇာတ်တရားတို့ကို မနစ် မစုတ် စုပ်စုပ် သက်ဝင်စေခြင်း ကိစ္စရှိ၏။

ဝါ၊ လွတ်လွတ် စုပ်စုပ်အားဖြင့် အာရုံသို့ သက်ဝင်ခြင်း ကိစ္စရှိ၏။

သမ္ပယုတ်တရားတို့၏ မနောက် မကျုသည်၏အဖြစ်ဖြင့် ဉာဏ်အား ရှေးရှုထင်တတ်၏။

(တစ်နည်း) ကြည်ညိုအပ်သော ဘုရားအစရှိသောအရာ၌ ကြည်ညို ခြင်းမှ ဖောက်ပြန်သော အကုသိုလ်ဟူသော အဿဒ္ဓိယ, မကြည်ညိုအပ်သော ပူရဏကဿပ အစရှိသည်တို့၌ ကြည်ညိုခြင်းဟုဆိုအပ်သော မိစ္ဆာအဓိမောက္ခ၏ ဆန့်ကျင်ဘက် ဖြစ်၍ သဒ္ဓေယျဝတ္ထု၌တည်လျက် ဆုံးဖြတ် တတ်သောတရားဟူ၍ ဉာဏ်အား ရှေးရှုထင် တတ်၏။

ရတနတ္တယ, ကမ္မ, ကမ္မဖလ-ဟူသော ယုံကြည်အပ်သော ဝတ္ထုလျှင် နီးစွာသော အကြောင်းရှိ၏။ (တစ်နည်း) သဒ္ဓမ္မသဝန စသော သောတာပတ္တိမဂ်၏ အင်္ဂါလျှင် နီးစွာသော အကြောင်းရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၂-၃။ ဝိသုဒ္ဓိ၊၂၊၉၄။ မဟာနိ၊ဋ္ဌ၊၄၇။)

“သဒ္ဓါစစ်, သဒ္ဓါတု "

ရတနာ ၃-ပါး, ဤပစ္စုပ္ပန်-လောက-ဘဝ, နောက် တမလွန်-လောက-ဘဝ, ကံ, ကံ၏ အကျိုးတရားတို့ကို ဧကန်စင်စစ် ရှိ၏ ဟူ၍ ယုံကြည်မှု သဘောတရားသည် သဒ္ဓါအစစ် ဖြစ်၍ ပူရဏကဿပ စသည့် ဂိုဏ်းခေါင်းဆောင် တိတ္ထိဆရာတို့ကို ယုံကြည်မှုကား သဒ္ဓါအတု (မိစ္ဆာဓိမောက္ခ) ဖြစ်သည်။

“သဒ္ဓါ၏ ဥပမာများ”

သဒ္ဓါတရားကို စကြဝတေးမင်းပတ္တမြားရတနာ,

စစ်မြေပြင်၌ အလွန်ရဲရင့်သော စစ်ဗိုလ်ချုပ်ကြီးတို့နှင့်လည်းကောင်း၊

လက်=နှာမောင်း, စည်းစိမ်ဥစ္စာ, မျိုးစေ့တို့နှင့် လည်းကောင်း၊

ရေနှင့်လည်းကောင်း၊

ပန်းနှင့် လည်းကောင်း၊

အဆီ အစေးနှင့်လည်းကောင်း၊

တံခါးတိုင်နှင့် လည်းကောင်း၊

တန်ဖိုးငွေ နှင့်လည်းကောင်း ဥပမာပြု၍ ဟောကြားတော်မူသည်။

ကိုးကား

Tags:

သဒ္ဓါ စေတသိက်၏ လက္ခဏာ စသည်သဒ္ဓါ “စစ်, တု သဒ္ဓါ “၏ ဥပမာများ”သဒ္ဓါ

🔥 Trending searches on Wiki မြန်မာဘာသာ:

အမ်းမြို့ထိုင်းနိုင်ငံပွေး(ရောဂါ)အင်္ဂလန်နိုင်ငံမင်းအောင်မြိတ်မြို့အရေပြားလေးဘက်နာရောဂါဘားအံမြို့ပထမ ကမ္ဘာစစ်ထန်းပင်ထားမက်သနောလ်မြင့်မြတ်ဘိုလီးဗီးယားနိုင်ငံ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီချိုခါးဆိမ့်သက် အချစ်တစ်ခွက်မြန်မာနိုင်ငံ၏ နိုင်ငံရေးမဂ္ဂသစ္စာရွှေစည်းခုံ စေတီတော် (ပုဂံ)အင်္ဂုလိမာလသုတ်မင်းယုဝေအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကတောင်ကြီးမြို့မီရှဲလ် အိုဘားမားဝတ်မှုန်ရွှေရည်စပိန်နိုင်ငံမြန်မာနိုင်ငံ၏ အလံများ စာရင်းချေ၊ (ဂျီ)မစန္ဒာနွေရာသီမြသန်းတင့်ချင်းလူမျိုးဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းကာဗွန်ဒိုင်အောက်ဆိုက်မေတ္တသုတ်စကော့တလန်နိုင်ငံလက်ပံတောင်းတောင်အစီရင်ခံစာဒုတိယ ကမ္ဘာစစ်ဗင်းဆင့် ဗန်ဂိုးတာဂျစ်ကစ္စတန်နိုင်ငံမင်းတုန်းမင်းဂျပန်ဘာသာစကားဂေါတမဗုဒ္ဓစကားပုံခေါင်းကိုက်ခြင်းကျိုင်းတုံမြို့ဩစတြေးလျတိုက်လာအိုနိုင်ငံဟန်ထူးလွင်ဟံသာဝတီကမ္ဘာဂြိုဟ်အမျိုးသမီးများ၏ အခွင့်အရေးပင်လုံစာချုပ်ဘရောက်ဆာ စစ်ပွဲများပဋိစ္စသမုပ္ပါဒ်အောင်သူ (ဘောလုံးသမား)ဘုရား (ဗုဒ္ဓဘာသာ)ပညာရေးဝန်ကြီးဌာနမဟာဗန္ဓုလကိုယ်ဝန်ဖျက်ချခြင်းရန်ကုန်မြို့အမျိုးသားရေးဝါဒသံချပ်ကာယန္တရားတပ်ဖွဲ့ခရစ္စတီယာနို ရော်နယ်လ်ဒိုစက်တော်ရာမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းနဂါးစောင်းကောက်ဘိုးမင်းခေါင်လား (တိရစ္ဆာန်)အလင်္ကာဦးနုမြင့်မြတ်သော ရောမအင်ပါယာမွန်လူမျိုးတိုက်🡆 More