အယ်ရစ္စတော့ဖနီး

အယ်ရစ္စ တော့ဖနီး(ဘီစီ ၄၄၆ ခန့်-၃၈၇ ခန့်)သည် ထင်ရှားသော ဂရိပြဇာတ်ရေးဆရာ ဖြစ်သည်။ သူရေးသော ပြဇာတ်များမှာ အသောပြဇာတ်များဖြစ်၍ ထိုခေတ် က အေသင်မြို့တွင် တွေ့ကြုံရသော နိုင်ငံရေးနှင့် လူမှုဆက်ဆံရေး အခြေအနေတို့ကို သရုပ်ဖော်ထားသည်။ အယ်ရစ္စတော့ဖနီး ရေးခဲ့သည့် အသောပြဇာတ် ၅၄ ပုဒ်အနက် ၁၁ ပုဒ်သာ ယခု ထက်တိုင် ကျန်ရစ်လေသည်။

အယ်ရစ္စတော့ဖနီး မွေးဖွားသည့်ခုနှစ်ကိုလည်းကောင်း၊ ကွယ်လွန်သည့် ခုနှစ်ကိုလည်းကောင်း အသေအချာ မသိရချေ။ သူ၏ ဇာတိနေရပ်သည်လည်း အီဂျိုင်းနားကျွန်းဖြစ်မည်ဟု ထင်ရသည်။ သူ၏ အတွေးအခေါ်များသည် အလွန်ရှေးဆန်သဖြင့် ခေတ်ဆန်သမျှတို့ကို မုန်းတီးသည်။ ထို့ကြောင့် တိမ်တိုက်များ အမည်ရှိ ပြဇာတ်တွင် ဂရိပညာရှင် ဆိုကရေးတီး၏ ပညာရေးအယူအဆသစ်ကို လှောင်ပြောင်ခဲ့သည်။ ဖားများ အမည်ရှိပြဇာတ်တွင်လည်း အလွမ်းပြဇာတ် ဆရာ ယူရစ်ပီးဒီးကို သရော်ခဲ့သည်။ နိုင်ငံအုပ်ချုပ်ရေးတွင် အမျိုးသမီးများဝင်ရောက်ရေး၊ ဆိုရှယ်လစ်အယူအဆအစရှိသော ထိုခေတ်တိုးတက်မှုတို့ကို မကြိုက်မနှစ်သက်သူ ဖြစ်သည့်အလျောက် မိမိရေးသောပြဇာတ်များ၌ အပြောင်အလှောင် အသောအရွှမ်းတို့ဖြင့် သရော်ခဲ့လေသည်။


အယ်ရစ္စတော့ဖနီးရေးသော ပြဇာတ်များသည်များသော အားဖြင့် ပါဝင်သီဆိုကပြသူတို့ သရုပ်ဆောင်သည့် ပုံသဏ္ဌာန်ကိုလိုက်၍အမည်တွင်ခဲ့သည်။ ထို့ကြောင့် ထင်ရှားသောပြဇာတ်အချို့၌ အမည်များမှာ နိုက်သူရဲကောင်းများ၊ တိမ်တိုက်များ၊ နကျယ်ကောင်များ၊ ငှက်များ၊ ဖားများဟူ၍ ဖြစ်လေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

၃၁-ဘုံဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်မင်းယုဝေစောင်းကောက်နွေရာသီတပေါင်းလပြည့်နေ့ခုနစ်နေ့ဘုရားရှိခိုးမူးယစ်ဆေးဝါးထားဝယ်မြို့နယ်မန္တလေး နန်းတော်ဆောက်လုပ်ရေး ဝန်ကြီးဌာနခင်ညွန့် (ဗိုလ်ချုပ်ကြီး)ခရူးဆိတ် စစ်ပွဲများရှစ်ပါးသီလကျုံးကဝါဗတား ယာဆူနာရီမုန့်ဟင်းခါးသေမင်းတမန် ရထားလမ်းအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ကြွက်နို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမြန်မာနိုင်ငံရှိ ပွဲတော်များလမ်းမတော်ဖိုးတုတ်စမ်းချောင်းမြို့နယ်မိုင်တဲလ် မြန်မာကိုကိုဦး (ဗိုလ်ချုပ်)စုဖုရားလတ်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်မြန်မာလများမြန်မာနိုင်ငံ ရဲတပ်ဖွဲ့တရားဘရောက်ဆာ စစ်ပွဲများအားနာဇီဂျာမနီနာရီယောလူမျိုးလများ (အချိန်အတိုင်းအတာ)ဇဏ်ခီဩကာသ ဘုရားရှိခိုးမြန်မာကျပ်ငွေ၁၉၈၁ချိုခါးဆိမ့်သက် အချစ်တစ်ခွက်မြန်မာစာရေးဆရာများ စာရင်းရှင်ပြုခြင်းကျောက်စိမ်းဆိုရှယ်လစ်ဝါဒမျောက်မဟာရဋ္ဌသာရ၊ သျှင်တွံတေးသိန်းတန်ထန်းလျက်မင်းအောင်လှိုင်ဆင်ဖြူရှင်မင်းယူကရိန်းနိုင်ငံမြိတ်မြို့ဘုရင့်နောင်ပြစ်မှုဆိုင်ရာဥပဒေအိချောပိုဗြိတိသျှအင်ပါယာချင်းပြည်နယ်အောင်ဆန်းစုကြည်လူ့အခွင့်အရေးChatGPTအသည်းရောင် အသားဝါ ရောဂါ ဘီပိုးမြင့်မြတ်သော ရောမအင်ပါယာမုံရွာမြို့စစ်တက္ကသိုလ် (ပြင်ဦးလွင်)Groupe Canal+ကဗျာလွတ်ခြင်းလုံးမြန်မာစာစတင်ဖြစ်ပေါ်လာပုံတစ်သောင်းကျပ်တန် ငွေစက္ကူဘာသာစကားအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကအမျိုးသားနေ့ဝီကီမီဒီယာ ဖောင်ဒေးရှင်းကမ္ဘာ့လေထု🡆 More