အန်ဒီ ဆားကစ်

အန်ဒရူး ကလဲမန့် ဆားကစ် (အင်္ဂလိပ်: Andrew Clement Serkis) သည် အင်္ဂလိပ် ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ ဇာတ်ကောင်နောက်ခံ အနုပညာရှင် တစ်ဦးဖြစ်သည်။ ကွန်ပျူတာဖြင့်ဖန်တီးယူသော ဇာတ်ကောင်များအတွက် လှုပ်ရှားမှု၊ အသံ သရုပ်ဆောင်ခြင်းများဖြင့် လူသိအများဆုံးဖြစ်ကာ လက်စွပ်များ၏ အရှင်သခင် ရုပ်ရှင်သုံးကား (၂၀၀၁-၂၀၀၃)၊ ဟော့ဘစ် : မျှော်လင့်မထားသော ခရီးစဉ် (၂၀၁၂) တို့၌ ဂိုလမ်၊ ၂၀၀၅ တွင်ထွက်ရှိသော ကင်းကောင်ရုပ်ရှင်၌ ကင်းကောင်၊ မျောက်ဝံတို့၏ ဂြိုဟ်ရုပ်ရှင်တွဲများ (၂၀၁၁-၂၀၁၇) ၌ ဆီဇာ၊ စတီဗင် စပီးလ်ဘတ်ခ်၏ တင်တင်၏ စွန့်စားခန်းများ (၂၀၁၁) တွင် ကပ္ပတိန် ဟဒ်ဒေါ့ခ်၊ ကြယ်တာရာစစ်ပွဲများ နောက်ဆက်ဇာတ်လမ်းများဖြစ်သော ကြယ်တာယာစစ်ပွဲ : စွမ်းအားနိုးထလာခြင်း (၂၀၁၅) ၊ ကြယ်တာယာစစ်ပွဲ : နောက်ဆုံးဂျက်ဒိုင်း (၂၀၁၇) တို့၌ ခေါင်းဆောင်ကြီး စနုတ်ခ်တို့နေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ၌ ကိုယ်တိုင်ရိုက်ကူးသော မောက်ဂ်လီ:တောတွင်းရာဇဝင် ရုပ်ရှင်၌ ဘာလူးအဖြစ်လည်း သရုပ်ဆောင်ထားသည်။

အန်ဒီ ဆားကစ်
အန်ဒီ ဆားကစ်
၂၀၁၇ ၌ တွေ့ စဉ်
မွေးဖွားအန်ဒရူး ကလဲမန့် ဆားကစ်
(1964-04-20) ၂၀ ဧပြီ၊ ၁၉၆၄ (အသက် ၆၀)
Ruislip Manor, Middlesex, England
မိခင်ကျောင်းလန်ကာစတာ တက္ကသိုလ်
အလုပ်အကိုင်
  • သရုပ်ဆောင်
  • ထုတ်လုပ်သူ
  • ဒါရိုက်တာ
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၅–လက်ရှိ
အိမ်ထောင်ဖက်(များ)Lorraine Ashbourne (လက်ထပ် ၂၀၀၂)
သားသမီး

ဆားကစ်သည် သမိုင်းတစ်လျှောက် စုစုပေါင်းဝင်ငွေအများဆုံးရ သရုပ်ဆောင်တစ်ဦးဖြစ်ကာ ၎င်း၏ ထိုသို့ နောက်ခံသရုပ်ဆောင်မှုများအတွက် ချီးကျူးထောမနာပြုခြင်းခံရသူတစ်ဦးလည်းဖြစ်သည်။ အင်ပါယာဆုတစ်ခု၊ စေတန်ဆုနှစ်ခုရရှိထားပြီး ၂၀၀၆ တွင် Longford ရုပ်သံဇာတ်လမ်းတွဲမှ အီယန် ဘရာဒီဇာတ်ကောင်နေရာကို ရွှေကမ္ဘာလုံးဆု လျာထားခြင်းခံခဲ့ရသည်။ Sex & Drugs & Rock & Roll ဇာတ်ကားတွင်လည်း အီယန် ဒြူရီအဖြစ် သရုပ်ဆောင်နေရာအတွက် ဘာဖ်တာဆု လျာထားခြင့်ခံခဲ့ရ၏ ။ ဗြိတိသျှရုပ်ရှင်အတွက် ထုးချွန်စွာပေးဆပ်မှုကဏ္ဍအတွက် ဘာဖ်တာဆုကို ၂၀၂၀ တွင် လက်ခံရရှိသည်။ The Letter for the King (၂၀၂၀) အတွက် Daytime Emmy Award ဆုကမု ၂၀၂၁ ၌ ရရှိခဲ့ပြန်သည်။

ကိုးကား

Tags:

စတီဗင် စပီးလ်ဘတ်ခ်ဟော့ဘစ် - မျှော်လင့် မထားသော ခရီးစဉ် (ရုပ်ရှင်)အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ဖင်လန်နိုင်ငံဓဇဂ္ဂသုတ်ဆောင်တော်ကူးပန်းပင်နိုင်ငံရေးကုန်းဘောင်ခေတ်ခြင်းလုံး ကစားခြင်းရခိုင်လူမျိုးသဘာဝပတ်ဝန်းကျင်တိရစ္ဆာန်အာရှနိုင်ငံများရှမ်းပြည်တပ်မတော်-မြောက်ပိုင်းစတီဖင် ချောင်မင်္ဂလာပါလောကသာရ ဆုံးမစာပျို့စိန်ငှက်သိုက်စမူဆာအဘိဓမ္မာပိဋကတ်မျိုးကြီးကျန်စစ်သားရေနံအနိစ္စမြန်မာဇာတ်သဘင်မြန်မာနိုင်ငံရှိ မြို့များလာအိုနိုင်ငံအပူချိန်လူ့အခွင့်အရေးတိုင်းစစ်ဌာနချုပ်စုန်းကဝေအတတ်ရှရွတ်ခန်းလောက (ဗုဒ္ဓဘာသာ)ကျောက်ခေတ်ကရင်လူမျိုးမုန်းစွဲ (ရုပ်ရှင်)ပုလွေမှုတ်ခြင်းသစ်တောဦးစီးဌာနမာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပါကစ္စတန်နိုင်ငံဆံပင်သိဒ္ဓတ္ထမင်းသားခါဂုဏ်တော်တောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းဘိုးမင်းခေါင်အင်္ဂုလိမာလသုတ်နန်းမတော်မယ်နုဗောဓိညောင်ပင်စိန်ပန်းပင်အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ကင်းခြေများပုဗ္ဗဏှသုတ်အရှေ့တောင်အာရှအငဲထေရဝါဒသာယာဝတီမင်းမြန်မာနိုင်ငံ၏ အမည်များမဟာဘူတဝေဿန္တရာဇာတ်တော်ဆေးခြောက်ညှင်းမကွေးမြို့ရန်ကုန်မြို့ခုနစ်စဉ်ကြယ်ခင်ပွန်းကြီးဆယ်ပါးမထိုးသွင်းသော လိင်ဆက်ဆံခြင်းသင်္ကန်းအာနန္ဒာဘုရားမြန်မာအဘိဓာန်ဂျပန်နိုင်ငံ၃၁-ဘုံမြစေတီကျောက်စာ၂၄ ပစ္စည်းဝါဆိုလ🡆 More