အချက်အလက်ပြည့်စုံမှုမရှိသည့် မျိုးစိတ်

အချက်အလက်ပြည့်စုံမှုမရှိသည့် မျိုးစိတ်များ ( Data Deficient - DD ) ဆိုသည်မှာ ဇီဝမျိုးစိတ်တစ်ခု (ဝါ) တစ်စု၏ပျံ့နှံ့တည်ရှိမှုနှင့် ဦးရေပမာဏ အရေအတွက်အပေါ် အခြေခံ၍ ၎င်း၏မျိုးသုဉ်းမှု အန္တရာယ် အတိုင်းအတာကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကဲဖြတ်သုံးသပ်နိုင်ရန် လုံလောက်သော အချက်အလက်များ မရှိကြောင်းကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN) မှ ၎င်းမျိုးစိတ်အပေါ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အမျိုးအစား ခွဲခြားသတ်မှတ်ပေးခြင်းဖြစ်သည်။

ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း
Bufo periglenes ဤဓာတ်ပုံသည် ၁၅ မေ ၁၉၈၉ တွင်ရိုက်ကူးနိုင်ခဲ့သော ရွှေရောင်ဖားငယ် မျိုးစိတ် (ဘပ်ဖို ပယ်ရစ်ဂလင်း) ၏ နောက်ဆုံးမှတ်တမ်းဓာတ်ပုံဖြစ်သည်။
မျိုးသုဉ်းသည့် အဆင့်
အန္တရာယ်မြင့်မားသည့် အဆင့်
အန္တရာယ်နည်းပါးသည့် အဆင့်

အခြားသတ်မှတ်မှု အဆင့်

ဆက်စပ်​သော အကြောင်းအရာများ

IUCN Red List category abbreviations (version 3.1, 2001)
အထက်ပါ IUCN အနီရောင်စာရင်းသတ်မှတ်ချက်နှင့်
အောက်ပါ NatureServe သတ်မှတ်ချက်အား နှိုင်းယှဉ်မှု

NatureServe category abbreviations

ဤအဆင့်အတန်း အမျိုးအစားတွင် ပါဝင်နေသော မျိုးစိတ်များသည် ၎င်းတို့နှင့်ပတ်သက်သောအချက်အလက်များအား စေ့စပ်သေချာစွာ အကျယ်တဝင့် လေ့လာခံထားရခြင်းမရှိသေးဟု ဆိုလိုခြင်းမျိုးမဟုတ်ဘဲ ယင်းမျိုးစိတ်များကြွယ်ဝမှုနှင့် ပြန့်နှံ့တည်ရှိမှု သတင်းအချက်အလက်အနည်းငယ် (သို့) လုံးဝ မရရှိနိုင်သေးကြောင်းကို သတ်မှတ်ဖော်ပြခြင်းသာ ဖြစ်သည်။

မှတ်တမ်းမှတ်ရာ မရှိသေးခြင်းသည် အန္တရာယ်ကျရောက်နေသည့် အုပ်စု၌ ပါဝင်နေခြင်းမဟုတ်ပေ။ ဤအုပ်စုတွင်ပါဝင်နေသည့် မျိုးစိတ်များသည် ၎င်းတို့၏ အချက်အလက်များကို ပိုမိုလိုအပ်နေကြောင်း ဖော်ပြခြင်းမျိုးသာဖြစ်၍ နောင်လုပ်မည့် လေ့လာဆန်းစစ်ရေး လုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းတိုင်းတာမှုများ အစရှိသည့် သုတေသနပြုလုပ်ခြင်းမှ အဆင့်အတန်းအမျိုးအစားကို ဖော်ပြနိုင်ကြောင်းကို အသိအမှတ်ပြုထားခြင်းဖြစ်သည်။

သို့သော် မျိုးစိတ်တစ်ခုအား ဤအဆင့်အတန်းအဖြစ် သတ်မှတ်ခဲ့သည်မှာ အချိန်ကာလအတော်ကြာမြင့်ခဲ့ပြီဆိုပါက ၎င်းမျိုးစိတ်၏ အခြေအနေနှင့်ပတ်သက်၍ ၎င်းအပေါ် အဆင့်အတန်းတစ်ခုကို သတ်မှတ်ပေးရန် လိုအပ်မည်ဖြစ်သည်။

နောက်ထပ်ကြည့်ရန်

ကိုးကား

 

ပြင်ပလင့်များ

Tags:

နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်းမျိုးစိတ်

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းဖျားနာခြင်းအမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဗြိတိသျှအင်ပါယာခင်ဝင့်ဝါ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတရားဂုဏ်တော်အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ပန်းဆယ်မျိုးပီမိုးနင်းကင်ဆာရောဂါဟက်စတင်းစ်တိုက်ပွဲလာအိုနိုင်ငံတပ်မတော် (လေ)အချိန်မြန်မာ့သမိုင်းကမ္ဘောဒီးယားနိုင်ငံရှမ်းဘာသာစကားကာလသားရောဂါမဂ္ဂင် ၈ ပါးဂင်္ဂါမြစ်လများ (အချိန်အတိုင်းအတာ)အီရန်နိုင်ငံမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ဆားဝေဿန္တရာဇာတ်တော်အိန္ဒိယနိုင်ငံတောင်ဝင်ရိုးစွန်းချဉ်ပေါင်သေဒဏ်ဒူဘိုင်းမြို့ပုဂံခေတ်ကွန်ဒုံးဧရာဝတီမြစ်ဝီကီပီးဒီးယားပါကစ္စတန်နိုင်ငံမြန်မာ စံတော်ချိန်ပါရမီအင်္ဂလိပ်ဘာသာစကားရွှေတိဂုံစေတီတော်ထားဝယ်မြို့နယ်ကရင် အမျိုးသား အစည်းအရုံးလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံမွန်ဘာသာစကားမြန်မာ့သနပ်ခါးဗမာလူမျိုးအဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)ဒီမိုကရေစီသာလွန်မင်းမလေးရှားနိုင်ငံလွှမ်းမိုးအိုမန်နိုင်ငံသင်္ကြန်စာမြန်မာနိုင်ငံ၏ စီးပွားရေးငါး (တိရစ္ဆာန်)မြန်မာနိုင်ငံ၏ ရပ်ကွက်များသက္ကရာဇ်လီဆူလူမျိုးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကျိုက်ထီးရိုးဘုရား၁၂၇၂ဝေလမင်းသမီး ဒိုင်ယာနာဆာရာဝပ်ပြည်နယ်တို့ဗမာ ဆင်းရဲသား အစည်းအရုံးဦးသန့်မဟာဘုတ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်လက္ခဏာဗေဒဆွစ်ဇာလန်နိုင်ငံဝက်သက်ရောဂါမဟာရဋ္ဌသာရ၊ သျှင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တရုတ်သမ္မတနိုင်ငံမဟာသမယသုတ်🡆 More