သန်းသန်းဆွေ

ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၃ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်သည်။ သူသည် ဗဟိုဘဏ်၏ သမိုင်းတွင် ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးကို တာဝန်ယူသည့် ပထမဦးဆုံးသော အမျိုးသမီး ဖြစ်သည်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ပြီး ဥက္ကဋ္ဌ ဖြစ်လာသူ ဖြစ်သည်။ ထိုတာဝန်များ မခန့်အပ်ခံရမီ သူသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားရေးမှူးချုပ်တစ်ဦးအဖြစ် ထမ်းဆောင်ခဲ့သည်။

သန်းသန်းဆွေ
၁၃ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၉ ဩဂုတ်လ ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
လက်ထောက်ဦးဇော်မြင့်နိုင် (ဒုဥက္ကဋ္ဌ)
ဒေါက်တာ လင်းအောင် (ဒုဥက္ကဋ္ဌ)
ယခင်လူဦးသန်းညိန်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တာဝန်သက်တမ်း
၄ ဖေဖော်ဝါရီလ ၂၀၂၁ – ၁၈ ဩဂုတ်လ ၂၀၂၂
အတူထမ်းဆောင်ဦးဝင်းသော် (ဒုဥက္ကဋ္ဌ)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၃ ဖေဖော်ဝါရီ ၁၉၆၇&#၁၆၀;(၁၉၆၇-၀၂-၀၃) (အသက် ၅၇)

ဝန်ထမ်းဘဝ

ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဝန်ထမ်းဘဝဖြင့် သူ၏အချိန်များ ကုန်ဆုံးခဲ့သည်။ ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၆၁/၂၀၁၅ ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေးကြပ်မတ်ကွပ်ကဲမှုဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။ ယင်းနောက် ဗဟိုဘဏ်မှာပင်  ဌာနများ ပြောင်းလဲပြီး ညွှန်ကြားရေးမှူးချုပ်များအဖြစ်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ထမ်းဆောင်သည်။

သူမကို စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် (၂၆/ ၂၀၂၁) ဖြင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ အဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးသည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ ရက်စွဲ အမိန့်အမှတ် (၅၄/ ၂၀၂၂) ဖြင့် နစက က ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးသို့ တိုးမြှင့်ခံရသဖြင့် (၁၃) ဦးမြောက် ဗဟိုဘဏ်၏ဥက္ကဋ္ဌ ဖြစ်လာပြီး ယင်းဘဏ်၏ ပထမဆုံးသော အမျိုးသမီးအဖြစ် သမိုင်းပြုသည်။

ထင်ရှားဖြစ်ရပ်

၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်တွင် ရန်ကုန်မြို့ရှိ သူ၏နေအိမ်အတွင်း ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရသည်။ ပြင်းထန်ဒဏ်ရာသာ ရရှိခဲ့၍ အသက်မဆုံးခဲ့ပေ။

ကိုးကား

Tags:

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂျူး (စာရေးဆရာမ)ကာတွန်း ရုပ်ပြောင်ရေသည်ပြဇာတ်ထွန်းမြတ်နိုင်မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့Groupe Canal+ဧရာဝတီတံတား (ပခုက္ကူ)မြန်မာနိုင်ငံ၏ အမည်များကူဗလိုင်ခန်ပန်ထွာဘုရင်မပုဗ္ဗဏှသုတ်အင်းဝမြို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပထဝီဝင်ရဲယိုပင်နတ်ပြည် ၆ ထပ်သဇင်ပန်းမွန်ဂိုအရေပြားလေးဘက်နာရောဂါခင်ပွန်းကြီးဆယ်ပါးဩစတြေးလျချေ၊ (ဂျီ)တိုကျိုမြို့မြစ်ပန်းပဲလောကနီတိသဗ္ဗညုဘုရား(ပုဂံ)ရာသီဥတုဂျာနယ်ကျော် မမလေးညောင်ရမ်းမင်းဆက်မေတ္တသုတ်သင်္ကြန်စာကုန်းဘောင်ခေတ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမုတ်သုန်အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ဗျည်းမြန်မာနိုင်ငံရှိ မြို့နယ်များဆင်ဖြူကျွန်းမြို့စအိုဖြင့် လိင်ဆက်ဆံခြင်းပြင်သစ်နိုင်ငံကိုရီးယားစစ်ပွဲဝိပတ္တိတရားလေးပါးဘရောက်ဆာ စစ်ပွဲများစိန်စိတ်လစ်ဗျားနိုင်ငံကျိုင်းတုံမြို့ဟင်္သာတထွန်းရင်အမ်မီနမ်သိဒ္ဓတ္ထမင်းသားပြင်သစ် တော်လှန်ရေးကရင်ပြည်နယ်ဘရူနိုင်းနိုင်ငံသွေးလွန်တုပ်ကွေးဆိုရိုးစကားကရင်အမျိုးသားအလံတော်ကာကွယ်ရေးဝန်ကြီးဌာနလိင်ခုနှစ်နှစ်စစ်တောင်ရိုးလူမျိုးဂျပန်သမိုင်းပါဠိကုလသမဂ္ဂအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝီကီပီးဒီးယားသာလွန်မင်းရိုဟင်ဂျာလီယွန်နယ် မက်ဆီနှင်းဆီအချိန်ရတနာသုံးပါးဂျပန်နိုင်ငံစမ်းချောင်းမြို့နယ်ရှင်ပြုခြင်း🡆 More