ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ

လွန်ခဲ့သော အနှစ် (၂ဝ) ကာလ ၁၉၈၉ ခုနှစ်က ဝ ပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကို ပြန်လည်ရယူနိုင်ရန်နှင့် ဝ ပြည် ကို ပြန်လည်ဖော်ထုတ်နိုင်ရန် ဝ အမျိုးသား ခေါင်းဆောင်ကြီးများနှင့် ဝ အမျိုးသားတပ်မတော်တို့သည် ရဲရင့် ပြတ်သား သောစိတ်ဓာတ်ဖြင့် ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ UWSPနှင့် ပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော်UWSA တို့ကို စတင်ဖွဲ့စည်း ထူထောင်လာခဲ့ကြသည်။

ဝပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ
အင်္ဂလိပ် အမည်United Wa State Party
ဥက္ကဋ္ဌZhao Ni-Lai
တည်ထောင်ခြင်း၁၉၈၉ (၁၉၈၉)
ခွဲထွက်ဗမာပြည်ကွန်မြူနစ်ပါတီ
ဌာနချုပ်ပန်ဆန်းမြို့ဝပြည်နယ်
လက်နက်ကိုင် အဖွဲ့အစည်းဝပြည် သွေးစည်းရေး တပ်မတော်
နိုင်ငံရေး သဘောတရားဝလူမျိုး အခွင့်အရေး
အရောင်အနီ၊ အစိမ်းနှင့် အပြာ
ဝက်ဘ်ဆိုဒ်
Gawng Hak tiex Vax
ပါတီအလံ
ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ

သမိုင်းကြောင်း

ဝ ဒေသသည်ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၌ ရှိပြီး တောင်တန်းထူထပ်သည့်အပြင် အင်္ဂလိပ်ကိုလိုနီခေတ်ကာလကပင် အုပ်ချုပ်ရေးအာဏာ မသက်ရောက်ခဲ့သည့် ဒေသဖြစ်သည်။ လွတ်လပ်ရေးရပြီး ကာလမှာလည်း ဝ ဒေသ သို့ ပြည်မအစိုးရ ဩဇာအာဏာသက်ရောက်မှု မရှိခဲ့ပေ။ ၁၉၅၀-နောက်ပိုင်း တရုတ်ပြည်မှ စစ်ရှုံးပြီး ဝင်ရောက်လာသည့် ကူမင်တန်တပ်များနှင့် နယ်ခံကာကွယ်ရေးတပ်များ၏ ဗိုလ်ကျမှုကို ခုခံတိုက်ခိုက်သည့် ဝ လယ်သမားသူပုန်အဖွဲ့များသည် ၁၉၆၆ ဝန်းကျင်မှစ၍ ဝဒေသတွင် ပေါ်ပေါက်ခဲ့သည်။ ထိုလယ်သမား ပြောက်ကျားတပ်ဖွဲ့များတွင် ခွင်းမားဒေသမှ ပေါက်ယိုချမ်း၊ ပေါက်စမ်ပန်းတို့ ဦးစီးသည့် ပြောက်ကျားတပ်၊ အိုက်ချိန်ဒေသမှ အိုက်ခိန်း၊ အိုက်ခလုံးတို့ ဦးစီးသည့် ပြောက်ကျားတပ်၊ ပန်ဝိုင်ဒေသမှ ကျောက်ညီလိုင် ဦးစီးသည့် ပြောက်ကျားတပ်၊ ဟူစွမ်ဒေသမှ လူရှင်းကော့ ဦးစီးသည့် ပြောက်ကျားတပ်တို့မှာ ထင်ရှားသည်။

၁၉၆၈-ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲများ အရှေ့မြောက် နယ်စပ်သို့ ဝင်ရောက်လာသည့် နောက်တွင် ဝ လယ်သမား ပြောက်ကျားတပ်ဖွဲ့များအား စည်းရုံးသိမ်းသွင်းခဲ့သည်။ အဆိုပါ ဝ လယ်သမား ပြောက်ကျားခေါင်းဆောင်များမှ တဆင့် ဝလူထုအား စည်းရုံးသိမ်းသွင်း နိုင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီထဲတွင် အင်အားကောင်းသော တိုက်ရည်ခိုက်ရည်ရှိသော ဝတပ်ဖွဲ့ ပေါ်ထွက်လာခဲ့ပြီး ဝဒေသအများစုကို လွတ်မြောက်စေနိုင်ခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် ဝခေါင်းဆောင် ကျောက်ညီလိုင်နှင့် ပေါက်ယိုချမ်းတို့ ဦးစီးသည့် ဝတပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပုန်ကန်ခွဲထွက်ပြီး UWSP/UWSA ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ/ ဝ ပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော်အဖြစ် ရပ်တည်ခဲ့သည်။ ထို့နောက် နဝတ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး နဝတက ရှမ်းအထူးဒေသ ၂ အဖြစ်သတ်မှတ် ပေးခဲ့သည်။ လက်ရှိ UWSP/UWSA တပ်ဖွဲ့ အနေနှင့် ရပ်တည်ခဲ့သည်မှာ ၃၂-နှစ် ရှိခဲ့ပြီး၊ လယ်သမား ပြောက်ကျား သူပုန်၊ ဗမာပြည်ကွန်မြူနစ်ပါတီကာလများကတည်းက တွက်လျင် ၅၅-နှစ်ခန့် လက်နက်ကိုင်သက်တမ်းရှိပြီဖြစ်သည်။

ခေါင်းဆောင်မှု

UWSP သည် ဝ ဒေသ၏ အဓိက ခေါင်းဆောင်မှုဖြစ်သည်။ UWSPအား အဓိက ခေါင်းဆောင်သည် ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီ ဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် (၈)ဦး ရှိသည်။

  1. ဦးပေါက်ယိုချမ်း (အထွေထွေ အတွင်းရေးမှူး)
  2. ဦးရှောက်မင်လျံ (ဒု အထွေထွေ အတွင်းရေးမှူး)
  3. ဦးကျောက်ကျုံးတန်း
  4. ဦးဝေရှောက်ကမ်း ခေါ် ဦးစိန်ဝင်း
  5. ဦးကျောက်ကော့အန်း
  6. ဦးပေါက်ယိုလျံ
  7. ဦးဝေရှောက်လျံ ခေါ် အိုက်လောင်း
  8. ဦးပေါက်ယိုရိ (ဒု အထွေထွေ အတွင်းရေးမှူး)တို့ ဖြစ်သည်။

၎င်းအမြဲတမ်းကော်မတီ အောက်တွင် ဗဟိုကော်မတီဝင် ၁၈ ဦး၊ အရံ ဗဟိုကော်မတီဝင် ၂၁ ဦး ပါဝင်သည့် ဗဟိုကော်မတီ ရှိသည်။

နိုင်ငံရေးဌာန

  • ဌာနကြီးမှူး - ကျောက်အိုက်နပ်လိုင်
  • ဒုဌာနကြီးမှူး - ညီကျော်
  • ဘဏ္ဏာရေးဌာန ဌာနကြီးမှူး - ပေါက်ယိုလျံ
  • ဒုဌာနကြီးမှူး - ပေါက်ကျင်ဖုန်း
  • ဒုဌာနကြီးမှူး - ပေါက်ဆမ်ဆွဲ
  • ပြင်ပဆက်ဆံရေးဌာန ဌာနကြီးမှူး - ကျောက်ဒကာ့အန်း
  • ဒုဌာနကြီးမှူး - ပေါက်ဆမ်ခွန်

UWSP အောက်တွင် ဝပြည်နယ်ပြည်သူ့အစိုးရနှင့် UWSA ကို ဖွဲ့စည်းထားရှိသည်။

ကိုးကား

Tags:

ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ သမိုင်းကြောင်းဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင်မှုဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ နိုင်ငံရေးဌာနဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ ကိုးကားဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်

🔥 Trending searches on Wiki မြန်မာဘာသာ:

မော်လမြိုင်မဟာသမယသုတ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပတ္တမြားအောင်လအန်ဆန်းအင်္ဂလိပ်-မြန်မာ စစ်ပွဲများပန်းချီမြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများပုသိမ်မြို့တဖုဿနှင့် ဘလ္လိကရွှေဘိုမြို့ပုဂံခေတ်ဆယ်ပါးသီလမြန်မာဝီကီပီးဒီးယားဂျောင်ဂျောင်ကုပန်းဘီယာခရစ်ယာန်ဘာသာကြယ်တံခွန်မြန်မာသရုပ်ဆောင်များစာရင်းဘားအံမြို့ဗန်းမော်ဆရာတော်ကုန်းဘောင်ခေတ် နာမည်တွက်နည်းဩစတြေးလျနိုင်ငံသရေခေတ္တရာစစ်တွေမြို့နံကရိုင်းမယ်တော်ပထမ ကမ္ဘာစစ်လောက်ကိုင်မြို့ယဉ်ကျေးမှုသက္ကာယဒိဋ္ဌိမေတ္တသုတ်လယ်တီဆရာတော်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ပြန်ကြားရေးဝန်ကြီးဌာနတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခင်မောင်တိုးလောက်သေပင်ဂုဏ်ဆယ်ပါးနေဖားဦးပုညအင်းဝခေတ်Rဇာနည်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတိုင်းစစ်ဌာနချုပ်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)သီတင်းကျွတ်လပြည့်နေ့တြိဂံတိုက်သမိန်ဗရမ်းနို့ဆိုနီ တေးဂီတ ဖျော်ဖြေရေးမေထုနပါရာဇိကကောသလမင်း အိပ်မက် (၁၆)ချက်ပညာရေးထန်းရည်စုဖုရားလတ်သနပ်ခါးနပိုလီယန်အစ္စရေးနိုင်ငံမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုရှယ်လစ်ဝါဒမွန်ပြည်နယ်နတ် (ဝိညာဉ်)ပဋိစ္စသမုပ္ပါဒ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဝ လူမျိုးရွှေဝါရောင် တော်လှန်ရေးမကာရ (ဗေဒင်)ကျုံဒိုးမြို့အဘိဓမ္မာတွင်းနက်သိန်း၊ ဆရာ (မော်ပီ)ကုန်းဘောင်ခေတ်မြစ်🡆 More