မိုက်ခရိုကွန်ထရိုလာ ဆိုသည်မှာကွန်ပျူတာစနစ် ကို အခြေခံသော ဒစ်ဂျစ်တယ် အီလက်ထရွန်နစ် ကွန်ထရိုလာ ဖြစ်သည်။ ကွန်ပျူတာကို အခြေခံ လော့ဂျစ်ဂိတ် များဖြင့် တည်ဆောက်ထားသည်။ဘူးလင်းဖော်ပြချက်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် မြန်နှုန်းမြင့်တွက်ချက်ပြီး အဖြေထုတ်ပေးနိုင်သည်။ တစ်ကိုယ်ရည်သုံး ကွန်ပျူတာများသည် စီးပွားရေးလုပ်ငန်းသုံး ကိရိယာဖြစ်သကဲ့သို့ မိုက်ခရိုကွန်ထရိုလာသည်လည်း စက်မှုလုပ်ငန်းသုံး ကိရိယာတစ်ခုဖြစ်ပါ သည်။ မိုက်ခရိုကွန်ထရိုလာသည် ပြင်ပတွင် တပ်ဆင်ထားသော Detector , Sensor နှင့် Command ပေးကိရိယာတို့မှ ပေးပို့သော အချက်ပြ (signal ) များကို လက်ခံရယူပြီး ၎င်း၏ အဖြေ( output ) ကို ထုတ်ပေးပါသည်။၎င်းထုတ်ပေးလိုက်သော အဖြေ(output) များအတိုင်း ဝန်( load ) များက လိုက်နာ၍ အလုပ်လုပ်ကြရသည်။ မိုက်ခရိုကွန်ထရိုလာတွင် ပါဝင်တည်ဆောက်ထားသော အီလက်ထရွန်နစ်စနစ်သည် တစ်ကိုယ်ရည်သုံး ကွန်ပျူတာတွင် ပါဝင်သော အဓိက အီလက်ထရွန်နစ်စနစ်ဖြစ်သည်။၎င်းတို့မှာ CPU , Memory နှင့် I/O unit ကဲ့သို့ ဒစ်ဂျစ်တယ်အီလက်ထရွန်နစ် အစိတ်အပိုင်းများဖြစ်ကြသည်။Program Memory သည်chip တွင် တစ်ခါတစ်ရံ NOR flash သို့မဟုတ် OTP ROM ပုံစံပါ ရှိသည်။ ကွန်ပျူတာနှင့်ကွာခြားချက်မှာ အထက်ပါ အဓိကအီလက်ထရွန်နစ် အစိတ်အပိုင်းများအား စီလီကွန် chip ပြားငယ်တစ်ခုတည်းမှာပင် Monolithic နည်းပညာသုံး၍စုပေါင်းတည်ဆောက်ထားခြင်းဖြစ်သည်။ သို့ပါ၍ single chip microcontroller ဟု ခေါ်ဆိုကြသည်။ ကွန်ပျူတာတစ်ခု၏ စွမ်းဆောင်ရည်သည် ၎င်းကိုင်တွယ်တွက်ချက်နိုင်သော bit အနည်းအများပေါ်မူတည်ပါသည်။ အချို့သော မိုက်ခရိုကွန်ထရိုလာတို့၏ စွမ်းဆောင်နိုင် မှုသည်4 bits ကိုအသုံးပြုကြသည်။ clock rate ကြိမ်နှုန်းမှာ 4KHz ရှိသည်။ ပါဝါစားသုံးမှုမှာ မီလီဝပ် အနည်းသာ ရှိသည်။ Data information တစ်ခုကိုDigital 4 bits ဖြင့် စံနှုန်းပြု၍ တွက်ချက်ပေးနိုင်စွမ်း ရှိသည်။ ကွန်ပျူတာတွင်မူ 8 bits, 16 bits , 32 bits , 64 bits စသည့်ဖြင့် ကိုင်တွယ်ချက်နိုင်မှုစွမ်းရည် မြင့်မားကြသည်။ မိုက်ခရိုကွန်ထရိုလာကို စက်မှုယန္တယားကြီးများတွင် တပ်ဆင်ပေးခြင်းဖြင့် ၎င်းစက်ယန္တယားကြီးများလုပ်ငန်းဆောင်ရွက်မှုကို ပိုမိုစွမ်းရည် ထက်မြက်စေသည်။၎င်းပြင် အဝတ်လျှော်စက်၊အပူပေးစက်၊မိတ္တူကူးစက် နှင့် ကလေးကစားစရာစက်ရုပ်များကို အလိုအလျာက်လှုပ်ရှား နိုင်သည်။ ခေတ်မီဆက်သွယ်ရေး ကိရိယာများ မီးဘေးကာ ကွယ်ရေးစနစ်များတွင်လည်း တပ်ဆင်အသုံးပြုကြသည်။
CPU သည် မိုက်ခရိုကွန်ထရိုလာ၏ အဓိက တွက်ချက်ရေးအပိုင်းဖြစ်သည်။၎င်းကို microprocessor ဟုလည်း ခေါ်ပါသည်။ CPU သည် မိုက်ခရိုကွန်ထရိုလာ စနစ်တစ်ခုလုံး၏ လုပ်ငန်းဆောင်ရွက်မှု ဆောင်ရွက်ချက်များ ဖော်ပြနိုင်မှု၊ တွက်ချက်ရေးလုပ်ငန်းစဉ်များကို စီစဉ်ပေးမှု စသည့်တာဝန်များကို ဆောင်ရွက်ပါသည်။ CPU တွင် Logic function များကိုတွက်ချက်ရန် instruction set များကိုထည့်သွင်းပေးထားသည့်အပြင်၎င်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Arithmatic Logic Unit (ALU) ဖြင့် Data bit များကို Add လုပ်ခြင်း၊ Substract လုပ်ခြင်း၊ Multiply လုပ်ခြင်း ၊ Divide လုပ်ခြင်း၊ Shift rotate , Clear စသည်အားဖြင့်တို့ကို့ instruction set ၏ညွှန်ကြား ချက်အတိုင်း လျင်မြန်စွာ တွက်ချက်ပေးနိုင်စွမ်း ရှိသည်။ အများအားဖြင့် 250 KHZ clock frequency timer တစ်ပါးတည်း ထည့်သွင်းပေးထားသည်။ ၎င်း timming frequency သည် မိုက်ခရိုကွန်ထရိုလာစနစ်တစ်ခုလုံး၏ လုပ်ဆောင်ချက်များ ဟန်ချက်ညီစေရန် ဆောင်ရွက်ပေးပါသည်။
Memory သည် data bit များကို အီလက်ထရွန်နစ် ပုံစံဖြင့် မှတ်သားသိုလှောင်ထားနိုင်စွမ်း ရှိသည်။ CPU သည် binary digit (0) နှင့်(1) ကိုသာနားလည်တွက်ချက်နိုင်သည်။ ဆိုလိုသည်မှာ အခြေအနေတစ်ခုတွင် လျှပ်စစ်ဗို့အား ရှိသည်/ မရှိသည်ကို ကိုယ်စားပြုပေးခြင်းသည် digit (0) သို့မဟုတ် (1) ဟုသတ်မှတ်ပါသည်။ ၎င်း (0) နှင့် (1) နှစ်ခုကို Logic သင်္ချာနည်းအားဖြင့် Code များ စုပေါင်းဖော်စပ်ထားခြင်းဖြင့်ကွန်ပျုတာ နားလည်သော ဘာသာစကားဖြစ်လာသည်။ ၎င်းကို ဒေတာ (data) များ ဟုခေါ်ပါသည်။ ဒေတာ များကို လိပ်စာ(address) နံပါတ်ပေး၍ တွင် သိုလှောင်ပါသည်။ မှန်ကန်သော လိပ်စာ နံပါတ်ပေးမှသာလျှင် memory တွင် ဒေတာဖတ်ခြင်း(Read) ၊ ဒေတာရေးခြင်း(Write) တို့ကို ဆောင်ရွက်နိုင်သည်။ ဒေတာ များသွားရာလမ်းကြောင်းကို data bus ဟုခေါ်ပြီး လိပ်စာ များသွားရာလမ်း ကြောင်းကို address bus ဟုခေါ်ပါသည်။ memory အမျိုးအစား နှစ်ခု ရှိသည်။ read-only memory နှင့် random access memory တို့ဖြစ်သည်။
မိုက်ခရိုကွန်ထရိုလာနှင့် ပြင်ပစက်မှုနှင့်လျှပ်စစ်များ( loads ) ကိုဆက်သွယ်ပေးသည့် စနစ်ဖြစ်သည်။ ၎င်းသည် အဝင်ဒေတာဆစ်ဂနယ် နှင့် အထွက်ဒေတာဆစ်ဂနယ် တို့ကို ခွဲခြားပေး၍ မိုက်ခရိုကွန်ထရိုလာကို load circuit များနှင့် သဟဇာတဖြစ်အောင် ထိန်းကျောင်းဆက်သွယ်ပေးပါသည်။
စက်ယန္တရားအတွက် ခလုပ်ဖွင့်လိုက်သည်နှင့် မိုက်ခရိုကွန်ထရိုလာသို့ လျှပ်စစ်ဓာတ်အားရောက် ရှိသွားသည်။ ထို်အခါ တွင် ထည့်သွင်းသိုလှောင်ထားသော ပရိုဂရမ်ကိုဖတ်ပါသည်။ ပရိုဂရမ်တွင် ရေးသွင်းထားသည့်များအတိုင်း စက်ပစ္စည်းများကို အလိုအလျောက်စစ်ဆေးပါသည်။ စစ်ဆေးမှုအားလုံးပြည့်စုံပါက ပြင်ပတွင်တပ်ဆင်ထားသော ဝန်(Load)များကို I / O port မှတဆင့် မောင်းနှင် ခွင့်ပြုပါသည်။
ဝန်(load) များ(စက်ယန္တရား)လှုပ်ရှားလည်ပတ်နေစဉ် step progress ကိုက အမြဲတမ်း စစ်ဆေးတွက်ချက်ပေးပါသည်။ ထို့သို့ စစ်ဆေးတွက်ချက်နိုင်ရန်အတွက် ပြင်ပယန္တရားတွင် တပ်ဆင်ထားသော sensor သို့မဟုတ် detector များကပေးပို့သည့် Data Signal များကို I / O port မှတဆင့် ဆက်တိုက် လက်ခံရယူသွားသည်။ မိုက်ခရိုကွန်ထရိုလာသည် သေးငယ်သော်လည်း ထိရောက်အစွမ်းထက်သော ဒစ်ဂျစ်တယ် အီလက်ထရွန်နစ်ကို အခြေခံသည့် ကွန်ထရိုလာပစ္စည်းတစ်ခုဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article မိုက်ခရိုကွန်ထရိုလာ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.