စာကလေး

စာကလေးအမျိုးအစား (၁၅)မျိုးခန့် ရှိရာ အရောင်နှင့် ပုံသဏ္ဌာန် နှစ်မျိုးမှ သုံးမျိုးအထိ ကွဲပြားနေတတ်သည်။ စာကလေး အမျိုးမျိုး ရှိသည့်အနက် ပါဏဗေဒအရ 'ပါစာဒိုမက်စတီကပ်'၊ 'ပါစာ မွန်တန်နပ်'၊ 'ပါစာ ဖလေဗျိုလပ်' အမည်ရှိ စာကလေးတို့သည် ထင်ရှား၏။ 'ပါစာဒိုမက်စတီကပ်' စာကလေးကို အိမ်စာဟူ၍ သိကြသည်။ ထိုစာကလေးသည် အလျား ၆ လက်မအထိ ရှိတတ်သည်။ ဦးခေါင်းသည် မွဲပြာ၍ ရင်အုပ်မှာ နက်၏။ ပူအိုက်သော ရာသီဥတုတွင် အလွန်ဆူညံစွာ အော်မြည်တတ်သည်။ သားပေါက်ချိန်တွင် သာမန်ချိန်ထက် စူးရှစွာ အော်မြည်တတ်သည်။ ထိုစာကလေးများကို တောမှာထက် မြို့၌ အတွေ့ရများသည်။ မြန်မာနိုင်ငံတွင် လွင်ပြင်များ၌ ကျက်စားလေ့ရှိသည်။ မြစ်ချောင်းအနီးအပါးရှိ တံငါတဲများတွင် တွေ့ရသည်။ တစ်နှစ်ပတ်လုံး သားပေါက်၏။ အသိုက်ကို တဲထဲ၊ အိမ်ထဲမှာ ပြုလုပ်တတ်ကြသည်။

စာကလေး
စာကလေး
အိမ်စာ အထီး (Passer domesticus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးစဉ်သေး: Passeri
Infraorder: Passerida
Superfamily: Passeroidea
မျိုးရင်း: Passeridae
Rafinesque, 1815
အမျိုးအစား မျိုးစု
Passer
Brisson, 1760
မျိုးစုများ
  • Hypocryptadius
  • Carpospiza
  • Petronia
  • Onychostruthus
  • Montifringilla
  • Pyrgilauda
  • Gymnoris
  • Passer

ထိုစာကလေးမျိုးကို ဥရောပတိုက်၊ အာရှတိုက်၊ အာဖရိကတိုက် မြောက်ပိုင်းတို့တွင် အနှံ့အပြား တွေ့ရသည်။ အမေရိကတိုက်နှင့် ဩစတြေးလီးယားတိုက်တို့၌လည်း ရှိသည်ဟု ဆို၏။ 'ပါစာ မွန်တန်နပ်'စာကလေးမျိုးသည် အိမ်စာကလေးနှင့် ခပ်ဆင်ဆင်တူသည်။ သို့ရာတွင် အော်မြည်ရာ၌ အသံကွဲပြားသည်။ မြန်မာနိုင်ငံတွင် ထိုစာကလေးမျိုးကို တောရွာတို့မှအပ တဲအိမ်၊ စရပ်၊ ဘုန်းကြီးကျောင်း စသော အဆောက်အအုံများ၌ တွေ့ရသည်။ တစ်နှစ်ပတ်လုံး သားပေါက်၏။ အသိုက်ကို အိမ်များ၊ သစ်ပင်အခေါင်းများ၌ ပြုလုပ်တတ်သည်။ ထိုစာမျိုး၏ဥမှာ 'ဒိုမက်စတီကပ်' စာကလေးဥထက် ငယ်သည်။ တစ်မြုံလျှင် ၄ ဥမှ ၅ ဥအထိ ရှိသည်။

စာဝါ

'ပါစာ ဖလေဗျိုလပ်' စာကလေးမျိုးကို စာဝါဟူ၍ သိကြသည်။ အလျား ၅ ၁/၂ လက်မရှိသည်။ အခြားစာကလေးများထက် အသံကျယ်သည်။ တောအရပ်ရှိ လဟာပြင်နှင့် စိုက်ခင်းများ၌ တွေ့ရသည်။ တစ်နှစ်ပတ်လုံး သားပေါက်၏။ တစ်ခါတစ်ရံ အခြားစာကလေးများနှင့် ရော၍ နေတတ်ကြသည်။ ဤစာမျိုးကို မြန်မာ ယိုးဒယား၊ အင်ဒိုချိုင်းနားနိုင်ငံများတွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင် ရခိုင်တိုင်း၊ ချင်းတောင်ဒေသ၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ တောင်ပိုင်းရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် အမြဲနေသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အများဆုံးတွေ့ရ၏။ မေမြို့တစ်ဝိုက်ရှိ စိုက်ခင်းများတွင် ကျက်စားသည်။ ပေ ၄ဝဝဝ အမြင့်အထိ နေနိုင်ကြသည်။ စာဗူးတောင်းသည် မြက်ခြောက်၊ လျှော်မျှင် စသည်တို့ဖြင့် အိမ်မိုးစွန်း၊ သစ်ပင်၊ ချုံဖုတ်ပင်များ၌ တွဲလျားကျအသိုက် ရက်လုပ်၍ နေတတ်သည်။ ထိုစာမျိုးကို အင်္ဂလိပ်လို 'ဗီးဗားပတ်' ဟူ၍ ခေါ်သည်။ စာဗူးတောင်း မျိုးခွဲစားရှိရာ စာခေါင်း ကွက်၊ စာဝတီး၊ စာဘုန်းကြီးတို့သည် ထိုစာမျိုးထဲတွင် ပါသည်။

ထိုစာကလေးများ အသိုက်ရက်လုပ်ထားပုံမှာ စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။ အသိုက်ကို အိမ်တန်စက်မြိတ် သို့မဟုတ် သစ်ကိုင်းတို့တွင် တွယ်လျက်လုပ်တတ်သည်။ အသိုက် ပုံသဏ္ဌာန် မှာ အထက်မှ ခပ်သေးသေးဆင်းလာပြီး အလယ်တွင် ကြီးနေသည်။ အောက်ဘက်၌ ဝင်ပေါက်ထွက်ပေါက်အတွက် ခပ်သေးသေး အခေါင်းတစ်ခု ရှိသည်။ အချို့ အသိုက်များတွင် အပေါက်ကို ဘေး၌ထားသည်။ အသိုက်လုပ်နေစဉ် အလွန်ဆူညံစွာ အော်မြည်တတ်ကြသည်။ မိုးတွင်းအခါ၌ သားပေါက်ကြသည်။ ထိုစာမျိုးကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့ရသည်။ မြန်မာနိုင်ငံတွင် လွင်ပြင်များ၌ အများအားဖြင့် တွေ့ရတတ်သည်။

စာကလေးအမျိုးမျိုး ရှိသည်။ ဦးခေါင်းမွဲပြာ၍ ရင်အုပ်နက်သည်။ အထက်လွှတ်ရန် မြို့ထဲတွင် လှည့်လည်ရောင်းချသည်ကို တွေ့ရတတ်သည်။ အုတ်လိုက်ကျက်စားတတ်၍ ရေကန်၊ မြစ်ချောင်းအနီးတွင် တွေ့ရတတ်သည်။ စပါးခင်းများကို ဖျက်ဆီးတတ်သည်။ ဥမှာရှည်မျော၍ ပြာမွဲမွဲရှိသည်။ ဥရောပတိုက်၊ အာဖရိကတိုက်မြောက်ပိုင်းနှင့် အာရှတိုက်အနှံ့အပြားတွင် တွေ့ရှိရသည်။ ပသျှူးစာ၊ ပဲခူးစာ စသော စာအမျိုးအမည်များလည်း ရှိသည်။

ပသျှူးစာ

ပသျှူးစာနှင့် အိမ်စာတို့မှာ အနည်းငယ် ကွာခြားပြီး ပသျှူးစာမှာ ခေါင်းထိပ်တွင် အနီရောင်၊ ပါးတွင်အမည်းကွက်ပါရှိပြီး ပိုမိုလှပသည်။ အိမ်စာမှာ ဦးခေါင်းထိပ်တွင် မီးခိုးရောင်အဖြစ် မြင်တွေ့ရသည်။ ထို့ကြောင့် ငှက်ချစ်သူများက စာငှက်များကို ဓာတ်ပုံရိုက်ကြရာတွင် လူတိုင်း သတိမထားမိသော ပသျှူးစာငှက်များကို အားထားရိုက်ကူးကြသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ထန်းရည်အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရက်ကန်းသမားငှက်တစ်တော့မင်းသုဝဏ်မြန်မာစာပေစကော့တလန်နိုင်ငံဆီးချိုရောဂါမန္တလေး နန်းတော်ဘားအံမြို့နေဝင်း (ဗိုလ်ချုပ်ကြီး)စစ်ကိုင်းတိုင်းဒေသကြီးဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်မြန်မာ့ လက်ဝှေ့ရောဘီ ဝီလျမ်စ်ညောင်ရမ်းမင်းတရားကြီးလာအိုနိုင်ငံစောင်းကောက်မြိတ်ကျွန်းစုမဟာရဋ္ဌသာရ၊ သျှင်မိုးကုတ်တရားဧရာဝတီမြစ်အသောကမင်းအရှေ့တောင်အာရှနိုင်ငံများအသင်းအလောင်းမင်းတရားမုန်းစွဲ (ရုပ်ရှင်)ဖေ့စ်ဘွတ်ခ်နန္ဒမာလာဘိဝံသမြန်မာနောင်းတန်ခူးလမြန်မာအက္ခရာသမိုင်းဗြဟ္မာဘုံမင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်းဟာဝိုင်ယီပြည်နယ်ကိုရီးယားစစ်ပွဲGroupe Canal+စစ်တွေမြို့အစ္စလာမ်ဘာသာဝေဿန္တရာဇာတ်တော်တပ်မတော် (ရေ)ဒိုင်အာခီမြန်မာ့ပြည်တွင်းပဋိပက္ခများစစ်ပွဲတွစ်တာမြန်မာကျပ်ငွေလိပ်ပြာ (ရုပ်သံဇာတ်လမ်းတွဲ)ဂျာနယ်ကျော် မမလေးသင်္ကြန်မိုးသိန်းစိန် (နိုင်ငံတော်သမ္မတ)မြန်မာ စံတော်ချိန်အာဋာနာဋိယသုတ်နိဗ္ဗာန်လေဒီဂါဂါအင်ဒိုနီးရှားနိုင်ငံမင်းယုဝေမြစ်လက်တင်ဘာသာစကားရတနာသုံးပါးဂျူးဘာသာငါးမျိုးစိတ်များ စာရင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်စပါးတို့ဗမာ ဆင်းရဲသား အစည်းအရုံးစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ထားဝယ်မြို့ဟက်စတင်းစ်တိုက်ပွဲထိုင်းနိုင်ငံဗုဒ္ဓဘာသာကယားပြည်နယ်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗျတ်ဝိ၊ ဗျတ္တပရိက္ခရာ ၈-ပါးတာဂျစ်ကစ္စတန်နိုင်ငံဘုရားဂုဏ်တော်🡆 More