ကော့ကော့ကြောင်

ကော့ကော့ကြောင် (အင်္ဂလိပ်: Kodkod) ၏ သိပ္ပံအမည်မှာ လီယိုပါဒတ် ဂွစ်နာ ဖြစ်သည်။ အမေရိကတိုက်တွင် တွေ့ရသောကြောင်မျိုးရင်းဝင်များအနက် အရွယ်အစား အသေးငယ်ဆုံး ဖြစ်သည်။ ချီလီနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် လည်းကောင်း၊ ယင်းနှင့်တဆက်တစပ်တည်းရှိသော အာဂျင်တီးနားနိုင်ငံရှိ ဒေသများတွင်လည်းကောင်း တွေ့ရသည်။

ကော့ကော့ကြောင်
(အင်္ဂလိပ်: Kodkod)
ကော့ကော့ကြောင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Felidae
မျိုးရင်းသေး: Felinae
မျိုးစု: Leopardus
မျိုးစိတ်:
L. guigna
ဒွိနာမ
Leopardus guigna
(Molina, 1782)
မျိုးစိတ်ခွဲများ
  • L. g. guigna (Molina, 1782)
  • L. g. tigrillo (Schinz, 1844)
ကော့ကော့ကြောင်
Distribution of the Guigna, 2015
Synonyms
  • Oncifelis guigna

သွင်ပြင်လက္ခဏာ

ဦးခေါင်းနှင့်ကိုယ်အရှည်မှာ ၁၆လက်မမှ ၂၁လက်မ အထိ ဖြစ်ပြီး အမြီးအရှည်မှာ ၇လက်မမှ ၉လက်မအထိ ဖြစ် သည်။ အရောင်အသွေးမှာ အညိုဖျော့ဖြစ်ပြီး အညိုရင့်ရောင် အစက်အပြောက်များ ကိုယ်ပေါ်တွင် အတန်း လိုက် တည်ရှိသည်။ ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်းတွင် အဖြူရောင်သမ်းသည်။ အမြီးတွင် အမည်းကွင်းများ ရှိ သည်။

ပျံ့နှံ့ကျက်စားပုံ

ကော့ကော့ကြောင်များကို တောင်အမေရိကတိုက်ချီလီနိုင်ငံရှိ အင်ဒီးတောင်တန်း၏ သမပိုင်းမိုးသစ်တောများတွင် တွေ့ရသည်။ အောက်ခြေတွင် ဝါးပင်များ ပေါက်ရောက်နေသောတောအုပ်များတွင် အဓိက တွေ့ရသည်။ အာဂျင်တီးနားနိုင်ငံတွင်လည်း ယင်းတို့ကို တွေ့ရသည်။

အလေ့စရိုက်

သစ်ပင်တက်ကျွမ်းကျင်သော်လည်း မြေပေါ်တွင် အနေများသည်။ မြေကြွက်နှင့် ငှက်များ ကို ဖမ်းယူစားသောက်တတ်သည်။ လူတို့မွေးမြူသော ကြက်များကိုလည်း ဝင်ရောက်ဆွဲတတ်ပြီး ကြက်ဆွဲရန် တစ်ကောင်တည်းမလာဘဲ အုပ်စုလိုက်လာလေ့ရှိသည်ဟု ဆိုသည်။ တိရစ္ဆာန်ဥယျာဉ်များတွင် ကော့ကော့ ကြောင်၏ အရှည်ဆုံးသက်တမ်းမှာ ၁၁နှစ်ကျော် ဖြစ်သည်။

ကိုးကား


Tags:

ကော့ကော့ကြောင် သွင်ပြင်လက္ခဏာကော့ကော့ကြောင် ပျံ့နှံ့ကျက်စားပုံကော့ကော့ကြောင် အလေ့စရိုက်ကော့ကော့ကြောင် ကိုးကားကော့ကော့ကြောင်ကြောင်ချီလီနိုင်ငံအင်္ဂလိပ်ဘာသာစကားအာဂျင်တီးနားနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဖိလစ်ပိုင်နိုင်ငံကဝါဗတား ယာဆူနာရီမြန်မာသရုပ်ဆောင်များစာရင်းဦးကျားကြီးဝင်း မီးလောင်မှုတပ်မတော် (လေ)လင်းနပ်စ်အရေပြားလေးဘက်နာရောဂါပြင်သစ် တော်လှန်ရေးမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ချေ၊ (ဂျီ)သရက်သီးမြန်မာနိုင်ငံ၏ ရွာများဝီကီမီဒီယာ ဖောင်ဒေးရှင်းမြန်မာသဒ္ဒါမြန်မာ့သနပ်ခါးသရဏဂုံမြန်မာ့သမိုင်းလိပ်ပြာ (ရုပ်သံဇာတ်လမ်းတွဲ)သာလွန်မင်းမြန်မာနိုင်ငံရှိ မြို့များအဖြူဆင်းခြင်းမဂ္ဂသစ္စာလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ပြည်သူ့ခုခံတော်လှန်စစ်ဟော့ဘစ်ငါး (တိရစ္ဆာန်)မေတ္တသုတ်ပြေတီဦးခန္ဓသုတ်စုန်းကဝေအတတ်ဂင်္ဂါမြစ်ဩစတြေးလျတိုက်လောကနီတိမက်သနောလ်အာနန္ဒာဘုရားဂျီမေးလ်မုံရွာမြို့ဘောလုံးကစားခြင်းရှမ်းပြည်တပ်မတော်-တောင်ပိုင်းအိချောပိုကမ္ဘာ့လေထုစပါးတက္ကသိုလ်ဘုန်းနိုင်ငွေ (သတ္တု)ဒူဘိုင်းမြို့ရာသီခွင်ထိုင်းဘတ်ငွေလက်ပံတောင်းတောင်အစီရင်ခံစာအလောင်းစည်သူအက်တမ် အမှတ်စဉ်ဩကာသ ဘုရားရှိခိုးအိမ်စစ်ပွဲသွေးအုပ်စုဖက်ဒရယ်ပြည်ထောင်စုစနစ်အင်္ဂလိပ်ဘာသာစကားကယန်းလူမျိုးရောဘီ ဝီလျမ်စ်၃၈ ဖြာ မင်္ဂလာသင်းခွေချပ်စစ်မှုထမ်းခြင်းစောမောင် (ဗိုလ်ချုပ်မှူးကြီး)ပန်းဆယ်မျိုးတာဂျစ်ကစ္စတန်နိုင်ငံပန်ထွာဘုရင်မလစ်ဘရယ်ဝါဒပီမိုးနင်းမဟာဗန္ဓုလနွေရာသီဘိုလီးဗီးယားနိုင်ငံထမံသီရွာ၊ ဟုမ္မလင်းမြို့နယ်မယ်စကြဝဠာ မြစ်ကြီးနားမနောပွဲဂျပန်ကိုလိုနီခေတ်🡆 More