ကလောပင်

ကလောပင်ဟူ၍လည်းကောင်း၊ ကလော ခိုပင်ဟူ၍လည်းကောင်း အမည်တွင်သည့် အပင်တစ်မျိုးကို မြန်မာနိုင်ငံရှိ အမြဲစိမ်းတောများတွင်တွေ့မြင်ရသည်။ အပင်အရွယ်မှာ အလတ်စားမှ အကြီးစားအထိရှိသည်။ ကလောပင်၏ ရုက္ခှဗေဒအမည်မှာ 'တရက်တိုဂျီးနိုး ကာဇိုင်း' ဖြစ်၏။ ချေးပင်နှင့် ကလောပင်တို့၏ အသီးများသည် ဆေးဖက်ဝင်ကြသဖြင် ယင်းတို့ကို ဘယဆေး ဆိုင်များတွင် ရောင်းချကြသည်။ ကလောစေ့မှရသော ကလောဆီသည် အရေပြားရောဂါများ အထူးသဖြင့် ကုဋ္ဌနူနာ ကုသရာ၍ အသုံးဝင်သောဆေးဖက်တစ်ခုဖြစ်သည်။ ကလောပင်၏အသားမှာ မာ၍ဖျော့တော့တော့အရောင်ရှိသည်။

ကလောပင်
အသီးနှင့်အဆီ ဆေးဖက်ဝင်သည့် ကလောပင်

ကလောပင်

(ကလော)

  • Botany Term : -
  • Species/Family : Flacourtiaceae


ပုံသဏ္ဌာန် : အပင် အမြဲစိမ်းလန်းသော ပင်မတ် ပင်ကြီးမျိုး ဖြစ်၏။ ၅၀-၈၀ ပေ မြင်၍ လုံးပတ်၂-၄ ပေရှိ၏။ အကိုင်းများ ထိပ်ဖျား၌ စုနေ၍ အောက်သို့ တွဲလောင်းဖြာကျသည်။ အခေါက် ညိုဝါရောင် ၊ မီးခိုးရောင်ရှိ၍ အဖြူကွက်ကလေးများ ပါ ရှိသည်။ အရွက် ရွက်လွှဲထွက်သည်။ ၇-၁၀ လက်မရှည်သည်။ ရွက်ပြားသားရေကဲ့သို့ ပြောင်ချောပြီး မာသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ညှာရှည်၍ ရွက်နားလှိုင်းတွန့် ရှိသည်။

အပွင့်: သေးငယ်၍ အဝါဖျော့ရောင် ရှိသည်။ အနံ့ မရှိ ၊ တပေါင်း တန်ခူးတွင် ပွင့်သည်။

အသီး: ညိုဝါရောင်ရှိပြီး ကတ္တီပါကဲ့သို့ အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အချင်း ၃ လက်မခန့် ရှိ၍ လုံးဝိုင်းသည်။ ဝါဆိုလကုန်တွင် သီးသည်။

အစေ့: ၁ လက်မခန့် ရှိသော အစေ့များစွာ ပါရှိပြီး အသားပျော့ထဲတွင် နစ်မြှပ်နေသည်။ ၎င်းအစေ့မှ ကလောဆီကို ထုတ်ယူ၍ ဆေးဝါးအဖြစ် သုံးကြသည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အခေါက် ၊ အသီး ၊ အဆီ ။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ချင်းတွင်း ၊ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ပျဉ်းမနားနှင့် အမြဲစိမ်းလန်းသော သစ်တောများတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ ။ ။ သဘာ၀အလျောက် လျှိုမြောင် စိမ့်စမ်းရှိသော တောင်စောင်းများတွင် ပေါက်ရောက်သည်။

အသုံးဝင်ပုံ : အာနိသင် ။ ။ မြန်မာဆေးကျမ်းများအလိုအရ ပူ၏ ၊ ခါးစပ်၏ ၊ အန်စေသည်။ အဆိပ်ကို ပြေစေသည်။ နာကျင်ကိုက်ခဲခြင်းနှင့် အစာမကြေ လေရောဂါ တို့ကို ပျောက်စေ၏။ ရောဂါပိုးများကို နိုင်သည်။

အသုံးပြုပုံ-

အခေါက်

  1. အခေါက်ကို အဖျားကျဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏ ။

အသီး

  1. ကလောသီးကို စားပါက နူနာ ၊ အပူကြောင့်ဖြစ်သော အနာ ၊ အော့အန်သော အနာတို့ပျောက်ကင်း၍ သွေး လေ သလိပ် တို့ကိုကြေစေသည်။

အဆီ

  1. ကလောအဆီကို လိမ်းခြင်းဖြင့် နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်။ သွေးကို သန့်ရှင်းစေသောသတ္တိရှိ၏ ။
  2. အဆီသည် ပူသဖြင့် ရောဂါပိုးမွှားများကို သေစေသည်။ ထို့ကြောင့် ကုဋ္ဌနူနာနှင့် အခြားအရေပြားရောဂါများကို ကုသရာ၌ အများဆုံးအသုံးပြုကြသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)ခင်ညွန့် (ဗိုလ်ချုပ်ကြီး)ကမ္ဘာမြေနေ့ဆီးချိုရောဂါလက္ခဏာများရတနသုတ်ကုန်းဘောင်ခေတ် နာမည်တွက်နည်းသစ္စာထိုင်းနိုင်ငံအင်္ဂလန်နိုင်ငံဇာတိပ္ဖိုလ်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေရေးမြို့သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ဗမာအစည်းအရုံးဖျားနာခြင်းတောင်သူလယ်သမားနေ့ကော့သောင်းမြို့တယ်လီဖုန်း ကုတ်နံပါတ်မြင်းခွာပင်ဓူဝံကြယ်မင်္ဂလသုတ်ရွှေပြည်သာမြို့နယ်ပင်ဂွင်းထားဝယ်မြို့မြန်မာ့ပြည်တွင်းပဋိပက္ခများကကမ္ဘာ့အထိမ်းအမှတ်နေ့တင်မိုးတောင်တွင်းကြီးမြို့ဆေးခြောက်ပရိတ်ကြီး ၁၁ သုတ်မထိုးသွင်းသော လိင်ဆက်ဆံခြင်းသောမတ် အက်ဒီဆင်နရသီဟပတေ့လများ (အချိန်အတိုင်းအတာ)မြန်မာနိုင်ငံ၏ သမ္မတအောင်လလင်ခန်းမယားခန်း ပြတ်စဲခြင်းမြန်မာပြည် စာတိုက် သင်္ကေတများကပ်ဓာရဏပရိတ်အာရုံခြောက်ပါးမောရသုတ်မုန့်လုံးရေပေါ်၃၂ ကောဋ္ဌာသအပင်လောကချင်းလူမျိုးမြန်မာစာပေဘာဂျာမှုတ်ခြင်းဗီယက်နမ်နိုင်ငံရခိုင်ဘာသာစကားပြဇာတ်ဖွေးဖွေးရွှေမော်ဓောဘုရား(ပဲခူး)ဟံသာဝတီသနပ်ခါးရန်ကုန်ပြည်သူ့ဆေးရုံကြီးဆူခွိုင်း ၃၀သုတ္တန်ပိဋကတ်ဟိန္ဒူဘာသာရခိုင်ပြည်နယ်ထွန်းမြတ်နိုင်ကုန်းဘောင်ခေတ်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များစိုးလွင်လွင်ကလာပ်စည်းစိုးထွဋ်တနင်္သာရီတိုင်းဒေသကြီးရာပြည့်ရမည်းသင်းမြို့နိဝရဏတရားငါးပါးနက္ခတ် ၂၇ လုံးကင်းလိပ်ချောပြည်ထောင်စုနေ့စောမောင် (ဗိုလ်ချုပ်မှူးကြီး)ပြည်ထဲရေး ဝန်ကြီးဌာန🡆 More