သင်္ချာသန့်သန့်

သင်္ချာသန့်သန့် (pure mathematics) သည် သင်္ချာကို သင်္ချာအတွက် (mathematics for the sake of mathematics) လေ့လာခြင်း၊ တနည်းအားဖြင့် ဆိုသော် အသုံးချရန် အဓိကရည်ရွယ်၍ မဟုတ်ဘဲ သင်္ချာ အသိပညာတိုးတက်ရန် သက်သက်အတွက် သဘောတရားများကို ခြုံငုံစေ့စပ်စွာ လေ့လာခြင်းဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။

သင်္ချာတွင် ပညာရပ်နယ်ပယ်များခွဲခြားရာ၌ မိရိုးဖလာ ခွဲခြားပုံခွဲခြားနည်းတစ်မျိုးမှာ သင်္ချာသန့်သန့်နှင့် အသုံးချသင်္ချာ (applied mathematics) ဟူ၍ ခွဲခြားခြင်းဖြစ်သည်။ ဤခွဲခြားပုံအရ ဆိုလျှင် သင်္ချာသန့်သန့် ဆိုသည်မှာ အသုံးချသင်္ချာ မဟုတ်သည့် သင်္ချာဟု ဆိုနိုင်သည်။ ဤသို့ခွဲခြားရာတွင် သင်္ချာသန့်သန့်နှင့် အသုံးချသင်္ချာကြားရှိ နယ်နိမိတ်မှာ ရှင်းလင်းပြတ်သားခြင်းမရှိကြောင်း သတိပြုသင့်၏။ သင်္ချာသန့်သန့်ကိစ္စအနေဖြင့် သုတေသနပြု တွေ့ရှိထားသည့် ရလဒ်များသည် နောင်တွင် (တခါတရံ ရာစုနှစ်နှင့်ချီ၍ ကြာမြင့်ပြီးနောက်) လက်တွေ့ကမ္ဘာတွင် လွန်စွာအသုံးကျလာခြင်းများ ရှိသကဲ့သို့၊ လက်တွေ့အသုံးချရန် အသုံးချသင်္ချာအနေဖြင့် စတင်စူးစမ်းသော ကိစ္စအချို့တွင် လုံလောက်သော သဘောတရားအခြေခံ မရှိသေးကြောင်း တွေ့ရှိရ၍ သင်္ချာသန့်သန့်ကိစ္စရပ်အဖြစ် ပြောင်းလဲသုတေသနပြုရသည်များလည်း ရှိလေသည်။


Tags:

သင်္ချာ

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာ့ရိုးရာ ကစားနည်းဧရာဝတီတံတား (ပခုက္ကူ)ပရိတ်ကြီး ၁၁ သုတ်ဖက်ဒရယ်ပြည်ထောင်စုစနစ်ထန်းရည်သမ္ဗုဒ္ဓေမိုးမခပင်ဉာဏ်စဉ်ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများချောင်းဆိုးခြင်းစာရင်းအင်း ပညာအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဂဠုန်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ဝိဘတ်အီတလီနိုင်ငံသရဲမြင်းမိုရ်ချေးပင်ခြင်းလုံးပန်ဂရမ်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးမြန်မာသင်ပုန်းကြီးမာ့ခ် ဇက်ကာဘာ့ဂ်ဗီယက်နမ်စစ်ပွဲနေတိုး (ရုပ်ရှင်သရုပ်ဆောင်)နဝရတ် ကိုးပါးအောက်ဆီဂျင်ခင်ဝင့်ဝါခရစ်တော်၊ ယေရှုပညာရေးကော့သောင်းမြို့ဆဒ္ဒန်ဆင်မင်းဝန်ဦးပိန်တံတားအောင်ရဲလင်းရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မြန်မာ-အင်္ဂလိပ် အဘိဓာန်တပ်မတော် (လေ)ပထမ အင်္ဂလိပ် - မြန်မာစစ်မဂ္ဂင် ၈ ပါးဘဝ (ဗုဒ္ဓဘာသာ)ပုဂံမိတ္ထီလာမြို့ဝိနည်းပိဋကတ်ချောင်းသာကမ်းခြေငပလီကမ်းခြေဆောက်လုပ်ရေး ဝန်ကြီးဌာနလာလီဆာကွမ်းယာရန်ကုန်-မန္တလေး အမြန်လမ်းစကားကြီး ဆယ်မျိုးမင်းသုဝဏ်မြန်မာနိုင်ငံ၏ သမ္မတသံဃာဒိသိသ်အာပတ်ဘာဂျာမှုတ်ခြင်းမိဖုရားစောမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုနောင်ရိုးတိုက်ပွဲကမ္ဘာမကျေသင်္ကြန်မိုးတပင်ရွှေထီး (မြန်မာ ၈၉၂-၉၁၂)ဧပြီ ၁၉၇၆ကရင် အမျိုးသား အစည်းအရုံးကျုံဒိုးမြို့နေအဖွဲ့အစည်းသက္ကရာဇ်ဆိုင်းဝိုင်းကော်ဒိတ်ယူကရိန်းနိုင်ငံသစ်သီးဝလံအာဠာဝကဘီလူးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)အာဋာနာဋိယသုတ်ဝက်ဝံ🡆 More