လောဘ

လောဘမည်ပုံ။ ။ မိမိနှင့် အတူတကွ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများကို အာရုံကို ‘လိုချင်’ တပ်မက်-အောင် ပြုလုပ်တတ်သော သဘောသည်လည်းကောင်း, မိမိ ကိုယ်တိုင် အာရုံကို-လိုချင်-တပ်မက်-တတ်သော သဘောသည်လည်းကောင်း, အာရုံကို လိုချင်-တပ်မက်-ခြင်းမျှဖြစ်သော သဘောသည်လည်းကောင်း “လောဘ”မည်သည်။

လောဘ၏လက္ခဏာစသည်

လောဘ သည်မျောက်နှဲစေးကဲ့သို့ အာရုံကိုစွဲလမ်းခြင်း လက္ခဏာရှိသည်။

လောလောပူသော အိုကင်း၌ ထည့်အပ်သော အသားစိုင်ကဲ့သို့ အာရုံ၌ရှေးရှု ကပ်ငြိခြင်း ကိစ္စရှိသည်။

ဆီ, မင်, စွန်းခြင်းကဲ့သို့ မစွန့်လွှတ်တတ်သော တရား၏ အဖြစ်ဖြင့် ဉာဏ်အား ရှေးရှုတင်တတ်သည်။

သံယောဇဉ်၏ အာရုံဖြစ်သော တရားတို့၌ သာယာ နီးသော သည်၏အစွမ်းဖြင့် ရှုခြင်းလျှင် အကြောင်းရှိသည်။

(တစ်နည်း) တဏှာ (လောဘ)သည် ဒုက္ခအကြောင်း၏အဖြစ်ဟူသော လက္ခဏာရှိသည်။

ရူပါရုံအစရှိသော အာရုံတို့ကို အလွန်နှစ်သက်ခြင်း ကိစ္စရှိသည်။

တင်းတိမ်-ရောင့်ရဲ-ခြင်းမရှိသော အဖြစ်ဖြင့် ယောဂီပုဂ္ဂိုလ်တို့၏ဉာဏ်အား ရှေးရှုထင်တတ်သည်။

ဝေဒနာလျှင် နီးသောအကြောင်း ရှိသည်။

ဝေဒနာကြောင့် တဏှာလောဘဖြစ်ပုံ

ဆင်းရဲသော ပုဂ္ဂိုလ်သည် ချမ်းသာကို လိုလားတောင့်တသဖြင့် ဒုက္ခဝေဒနာကြောင့် တဏှာ-ဖြစ်သည်။ ချမ်းသာသောပုဂ္ဂိုလ်သည်လည်း ချမ်းသာကို အလွန်လိုလားတောင့်တသဖြင့် သုခဝေဒနာကြောင့် တဏှာဖြစ်သည်။ ဥပေက္ခာဝေဒနာကို ခံစားရသောပုဂ္ဂိုလ်သည် ချမ်းသာကို လိုလား-အလွန်လိုလား-တောင့်တသဖြင့် ဥပေက္ခာ ဝေဒနာကြောင့် တဏှာဖြစ်သည်။

တဏှာ-လောဘအပြား

လောဘသည် အာရုံ ၆-ပါးတို့၌ တပ်မက်တတ်သော တရားဖြစ်၍ အာရုံမှလာသော အမည်အားဖြင့် ၆-ပါး အပြားရှိသည်။ ထို ၆-ပါးတို့တွင် တစ်ပါး တစ်ပါးသည်

ကာမတဏှာ(= ဝတ္ထုကာမကို လွန်စွာသာယာ တတ်သောတဏှာ),

ဘဝတဏှာ (= သဿတဒိဋ္ဌိနှင့် တကွဖြစ်သောတဏှာ),

ဝိဘဝတဏှာ-ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာ)ဟူ၍ ဟူ၍ ဖြစ်ပုံအခြင်းအရာအားဖြင့် ၃-ပါးစီအပြား ရှိသောကြောင့် တဏှာပေါင်း-(၆x၃ = ၁၈)ပါးပြားသည်။

ထို၁၈-ပါးတို့တွင် တစ်ပါးတစ်ပါးသည် သန္တာန်နှစ်ပါး၌ ဖြစ်သောကြောင့် တဏှာပေါင်း (၁၈x၂ = ၃၆-ပါးပြားသည်။

ထို ၃၆-ပါးတို့တွင်တစ်ပါး တစ်ပါးသည် ကာလသုံးပါး ဖြစ်သောကြောင့် တဏှာပေါင်း (၃၆x၃ = ၁၀၈-ပါး ပြားသည်။

လောဘ၏ ဖြစ်ရာဌာနများ

လောဘသည်-

(၁) အာသဝ (= ကာမာသဝ, ဘဝါသဝ)

(၂) ဩဃ (= ကာမောဝေါဃ, ဘဝေါဃ)

(၃) ယောဂ (= ကာမယော, ဘဝယောဂ)

(၄) ဂန္ထ(= အဘိဇ္ဈာကာဂန္ထ)

(၅) ဥပါဒါန (= ကာမုပါဒါန)

(၆) နီဝရဏ (= ကာမစ္ဆန္ဒနီဝရဏ)

(၇) အနုသယ (ကာမရာဂါနုသယ ဘဝရာဂါနုသယ)

(၈) သံယောဇန = ကာမရာဂသံယောဇန, ရူပရာဂသံယောဇန, အရူပရာဂသံယောဇန,

(တစ်နည်း) သံယောဇန (= ကာမရာဂသံယောဇန, ဘဝရာဂသံယောဇန)

(၉) ကိလေသ (= လောဘ ကိလေသ) ဟူသော ၉-ဌာနတို့၌ ဖြစ်သည်။

လောဘ၏အမည်များ

(၁) လောဘ (=တပ်မက်တတ်သောတရား)

(၂) လုဗ္ဘနာ (= တပ်မက်သော အခြင်းအရာ

(၃) လုမ္ဘိတတ္တ (= တပ်မက်သည်၏ အဖြစ်)

(၄) သာရာဂ (= လွန်စွာတပ်မက် တတ်သောတရား)

(၅) သာရဇ္ဇနာ (= လွန်စွာ တပ်မက်သောအခြင်းအရာ)

(၆) သာရဇ္ဇိတတ္တ (= လွန်စွာ တပ်မက်သည်၏ အဖြစ်)

(၇) အဘိဇ္ဈာ (= သူတစ်ပါးစည်းစိမ်ကို ရှေးရှု ကြံတတ်သောတား)

(၈) အကုသလမူလ (= အကုသိုလ်တို့၏ မူလတရား) ဟူ၍ ၈-မျိုး ရှိသည်။

(တစ်နည်း) ၁၀၁-မျိုးရှိ၏

ထို့ပြင် စူဠနိ၊၂၇-၌ကား-

(၁) မာရာမိသ (မာရ်နတ်၏ အစာဖြစ်သောတရား)

(၂) မာရနိဝါသ (=မာရ်နတ်၏ နေရာဖြစ်သောတရား)

(၃) မာရဂေါစရ(= မာရ်နတ်၏ ကျက်စားရာ ဖြစ်သောတရား)

(၄) မာရဗန္ဓန (= မာရ်နတ်၏ အနှောင်အဖွဲ့ ဖြစ်သောတရား) ဟူသော အမည် ၄-ခုတို့ကိုပါ ထည့်၍အမည် ၁၀၅-မျိုးတို့ကို ဟောတော်၏။

လောဘသည် စိတ်၏ အညစ်အကြေး, စိတ်၏မိတ်ဆွေပျက်, စိတ်၏ရန်သူ့ စိတ်၏ သူသတ်သမား စိတ်၏ ဆန့်ကျင်ဘက်သာ ဖြစ်၍အကျိုးမဲ့ကို ဖြစ်စေတတ်သည်။ စိတ်ကို ချောက်ချားစေပြီး အတွင်းစိတ်၌ဖြစ်သော ထိုလောဘဟူသော ဘေးကို လူတို့မသိနိုင်ပေ

လောဘနှင့်ဆန္ဒအထူး

မကပ်ငြိ မစွဲလမ်းမူ၍ အလိုရှိကာမျှသည် ဆန္ဒ၊ အလွန်ကပ်ငြိ စွဲလမ်းသောအားဖြင့် လိုချင်တပ်မက်မှုသည် လောဘ၊ ဤသို့ ထူး၏။ လောဘကြီးသောသူတို့သည် အပါယ် ၄-ဘုံသို့ ကျရောက်ရ၍ များသောအားဖြင့် ပြိတ္တာဘုံသို့ ရောက်ရကုန်သည်။

လောဘသည်-လောဘမူစိတ် ၈-ခုတို့၌ မောဟ, မာန, ဒိဋ္ဌိ, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ-ဟူသော ကိလေသာ (၇) ပါးတို့နှင့် (ထိုက်သည် အားလျော်စွာ) အတူတကွ ဖြစ်သည် ။

လောဘကို-ပယ်ဖျောက်ပုံ-ပယ်ဖျောက်နည်း

“ဤသူ၏ လက် ခြေ အစရှိသည်တို့သည် တင့်တယ်ကြသည်” ဟု သတ္တဝါ အာရုံတို့၌ လောဘဖြစ်သည်ရှိသော် “သင်သည် အဘယ်ဝတ္ထု၌ တပ်စွန်းသနည်း၊ ဆံတို့၌ တပ်စွန်းသလော၊ အမွေးတို့၌ တပ်စွန်း သလော(ပ)ကျင်ငယ်တို့၌ တပ်စွန်းသလော၊ ဤခန္ဓာကိုယ် အတ္တဘောမည်သည်ကို ၃၀၀ = သုံးရာသော အရိုးတို့ဖြင့် စိုက်ဆောက် အပ်သည်။ ၉၀၀ = ကိုးရာသော အကြောတို့ဖြင့် ဖွဲ့၍။ ၉၀၀ = ကိုးရာသောသားတစ်တို့ဖြင့် လိမ်းကျံပြီး စိုသော အရေထူဖြင့် ထက်ဝန်းကျင်မှ မြှေးရှက်အပ်သည်။ အမည်း အရွှေ အစရှိသော အရေပါး၏ အဆင်းဖြင့် ဖုံးလွှမ်းထားသည်။ ၉ = ခုသော အမာဝ, ၉၉၀၀၀ = ကိုးသောင်းကိုးထောင်သော မွှေးတွင်းတို့မှ မစင်ကြယ်သော ဝတ္ထုများယိုစီးပြီး အပုတ်ရည်တို့ဖြင့် ပြည့်နေသည်။ မကောင်းသော အနံ့ရှိ၍ စက်ဆုတ်ဖွယ် ရွံရှာဖွယ် ရှိသည်။ ၃၂ = သုံးဆယ့်နှစ်ပါးသော အပုပ်တို့၏ စုဝေးရာ ဤခန္ဓာကိုယ် အတ္တဘော၌ အနှစ်အရသာ ဖြစ်သောဝတ္ထု မွန်မြတ်သော ဝတ္ထုမရှိ” ဟူ၍ မတင့်တယ် စက်ဆုတ်ဖွယ်အားဖြင့် ရှေးရှုဆောင်-ရှုမှတ်-အပ်သည်။ ထိုသို့-ရှေ့ရှုဆောင်-ရှုမှတ်-သောပုဂ္ဂိုလ်အား သတ္တဝါအာရုံတို့၌ ဖြစ်သည့် လောဘ ကင်းပျောက်၏။

သပိတ်သင်္ကန်း အစရှိသော သင်္ခါရတို့၌ လောဘဖြစ်သည်ရှိသော် “ဤ သပိတ်သင်္ကန်းတို့သည် အစဉ်အတိုင်း အဆင်း ဖောက်ပြန်ခြင်း, ဆွေးမြည့်ခြင်းသို့ ရောက်၍ စွန့်ပစ်ရကုန်လတ္တံ့။ အကယ်၍ ထိုသပိတ် သင်္ကန်းအရှင်(= အတ္တ) ရှိသည် ဖြစ်ပါမူ ထိုသပိတ်သင်္ကန်းတို့အား ဤသို့ ပျက်စီး ခြင်းငှာ မပေးရာ” ဟု အရှင်(= အတ္တ) မရှိ သည်၏ အဖြစ်ဖြင့်လည်းကောင်း၊ “ဤသပိတ် သင်္ကန်းသည် အရှည်ခံ့သည် မဟုတ်၊ အခိုက် အတန့်မျှသာဖြစ်၏”ဟု အခိုက်အတန့်မျှသာ ဖြစ်သည်၏ အဖြစ်ဖြင့် လည်းကောင်း နှလုံးသွင်းသော ပုဂ္ဂိုလ်အား သပိတ်သင်္ကန်း အစရှိသော သင်္ခါရတို့၌ဖြစ်သည့် လောဘကင်းပျောက်သည်။

လောဘကို ပယ်နိုင်သော တရားများ

အပါယဂမနီယ ဖြစ်သော ကာမရာဂါနုသယ လောဘကို သောတာပတ္တိမဂ်က ပယ်သည်။ အပါယဂမနီယမဖြစ်သော ကာမရာဂါနုသယ လောဘကို အနာဂါမိမဂ်က ပယ်၍ ဘဝရာဂါနုသယာလောဘကို အရဟတ္တမဂ်က ပယ်သည်။

လောဘနှင့်ဥပမာအထွေထွေ

တဏှာသလ္လ = မြား– ဆူးငြောင့်=နှင့်တူသော တရား။

တဏှာကေတု = အလံ-တံခွန်-နှင့်တူသောတရား။

တဏှာဂဒ္ဒုလ = ခွေးကို ချည်သော-သားရေကြိုး-တောက်-နှင့်တူသောတရား။

တဏှာဆဒန = အမိုးနှင့်တူသော တရား။

တဏှာဇဋာ= ရှုပ်ထွေးသော အရာဝတ္ထုနှင့်တူသောတရား =

တဏှာဇာလ = ပိုက်ကွန်နှင့်တူသောတရား။

ကိုးကား

Tags:

လောဘ ၏လက္ခဏာစသည်လောဘ ဝေဒနာကြောင့် တဏှာဖြစ်ပုံလောဘ တဏှာ-အပြားလောဘ ၏ ဖြစ်ရာဌာနများလောဘ ၏အမည်များလောဘ နှင့်ဆန္ဒအထူးလောဘ ကို-ပယ်ဖျောက်ပုံ-ပယ်ဖျောက်နည်းလောဘ ကို ပယ်နိုင်သော တရားများလောဘ နှင့်ဥပမာအထွေထွေလောဘ ကိုးကားလောဘ

🔥 Trending searches on Wiki မြန်မာဘာသာ:

တတိယ အင်္ဂလိပ် - မြန်မာစစ်မောင်မောင်အေးသမိုင်းကာတွန်း ရုပ်ပြောင်အက်တမ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တြိဂံဒေသတိုင်းစစ်ဌာနချုပ်ဘုရင့်နောင်အချိန်မြန်မာကျပ်ငွေစုဖုရားလတ်ရုရှားနိုင်ငံစိန်မြန်မာ့သမိုင်းညစ်ညမ်းခြင်းများသုဇာတာလက်ပံတောင်းတောင်အစီရင်ခံစာဘုရား (ဗုဒ္ဓဘာသာ)၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမီရှဲလ် အိုဘားမားမြန်မာအက္ခရာလက်တင်ဘာသာစကားထိုင်းဘတ်ငွေထိုင်းနိုင်ငံ၏ ပြည်နယ်များစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)အင်္ဂလိပ်-မြန်မာ စစ်ပွဲများရွှေစည်းခုံ စေတီတော် (ပုဂံ)ဖေသိန်း (ကာတွန်း)ဖရဲပင်ကနောင်မင်းသားဦးနုလူသားနိဗ္ဗာန်ချေ၊ (ဂျီ)ထန်းပင်ပုဂံခေတ်ပထမ ကမ္ဘာစစ်အီဂျစ်နိုင်ငံပရိက္ခရာ ၈-ပါးလယ်တွင်းသား စောချစ်အောက်ချင်းငှက်မြွေနေတိုး (ရုပ်ရှင်သရုပ်ဆောင်)နဝရတ် ကိုးပါးရှမ်းပြည်နယ်လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံဆင်ဖြူမရှင်နေ့နံထားဝယ်လူမျိုးထိုင်းနိုင်ငံဗုဒ္ဓလက်ဖက်ဗင်းဆင့် ဗန်ဂိုးအဖြူဆင်းခြင်းဆွစ်ဇာလန်နိုင်ငံလူ့အခွင့်အရေးတောက်တဲ့သိန်းညွန့် (နိုင်ငံရေးသမား)ကျိုက်ထီးရိုးဘုရားရေနံလီဆူလူမျိုးဘရူနိုင်းနိုင်ငံဂျူးဘာသာမင်္ဂလာပါကာလသားရောဂါယောက်ျား အင်္ဂါတံငါးမျိုးစိတ်များ စာရင်းတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများကြို့ထိုးခြင်းထားဝယ်မြို့နယ်သဘာဝပတ်ဝန်းကျင်ကျုံးဂျိန်းဘာသာမဟာရဋ္ဌသာရ၊ သျှင်လေဒီဂါဂါမြန်မာ စံတော်ချိန်🡆 More