ပစ္စယသုတ်

(၂)သုတ် ရှိပါသည်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် “ဇာတိဟူသော အကြောင်းတရားကြောင့် ဇရာမရဏဟူသောအကျိုး တရား, အဝိဇ္ဇာဟူသောအကြောင်းတရားကြောင့် သင်္ခါရဟူသောအကျိုးတရားတို့ ဖြစ်ကုန်၏ဟု ပဋိစ္စသမုပ္ပါဒ်အဆုံး ဇာတိမှအစ အဝိဇ္ဇာတိုင်အောင် အကြောင်း အကျိုးတို့သည် ဘုရားရှင်တို့ ပွင့်တော်မူသည်ဖြစ်စေ, ပွင့်တော်မမူသည်ဖြစ်စေ ထို အကြောင်း, အကျိုးဟူသောသဘောတရားသည် တည်ရှိနေသည်သာ၊ ဇာတိဟူသော အကြောင်းတရားကြောင့်ဖြစ်သော ဇရာ, မရဏဟူသောအကျိုးတရားတို့သည် တည်ရှိနေကုန်သည်သာ။ အကျိုးတရားတို့ကို သတ်မှတ်သောအကြောင်းတရား၊ ဇရာ မရဏတို့၏အကြောင်း ဖြစ်သော ဇာတိတရားသည် တည်ရှိနေသည်သာ။ ထိုပဋိစ္စ သမုပ္ပါဒတရားအပေါင်းကို မြတ်စွာဘုရားသိတော်မူခြင်းကြောင့် ဟောကြားတော်မူ၏။ ထင်ရှားစွာပြတော်မူ၏။ ထိုအကျိုးတရား၏အကြောင်းတရားကို ရှုကြကုန်လော့ဟု ပဋိစ္စသမုပ္ပါဒတရားတို့ကို ဟောတော်မူပါသည်။

ဇရာမရဏသည် အဝိဇ္ဇာသည် အနိစ္စ, သင်္ခတ, ပဋိစ္စသမုပ္ပန္န, ခယဓမ္မ, ဝိရာဂဓမ္မ, နိရောဓဓမ္မဖြစ်ခြင်းဟူသော ပဋိစ္စသမုပ္ပန္ဒတရားတို့ကိုလည်းဟောတော်မူ၏။ အရိယသာဝကသည် ဤပဋိစ္စသမုပ္ပါဒတရား, ပဋိစ္စသမုပ္ပန္နတရားတို့ကို အမှန်အတိုင်း ဝိပဿနာပညာ, မဂ်ပညာဖြင့် သိမြင်ခြင်းကြောင့် အတိတ်ကာလသို့လည်း မပြေးသွား အနာဂတ်ကာလသို့လည်း မပြေးသွားပုံ, ပစ္စုပ္ပန်ကာလ၌လည်း အဇ္ဈတ္တသန္တာန်၌ ယုံမှား သံသယမဖြစ်၊ ဤတရားသဘာဝတို့ကို ပညာဖြင့် အမှန်အတိုင်းသိသောကြောင့် ဖြစ်သည်ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ အကျယ်မှတ်သားဖွယ်တို့ကို ဖွင့်ဆိုထားပါသည်။


ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒအနုလောမဒေသနာတော်ကို ဟောတော်မူပါသည်။ “ကတမဉ္စ ဘိက္ခဝေ ဇရာမရဏံ”ဟု ပုစ္ဆာထုတ်၍ အကြောင်း, အကျိုး ဓမ္မတစ်ခုစီ တစ်ခုစီ၏သဘာဝကို ပဋိစ္စသမုပ္ပါဒဝိဘင်္ဂဒေသနာတော်နည်းဖြင့် ဟောတော်မူပြီး ဇာတိဖြစ်ခြင်းကြောင့် ဇရာ, မရဏဖြစ်၏၊ ဇာတိချုပ်ခြင်းကြောင့် ဇရာ, မရဏချုပ်၏၊ ဇရာ, မရဏ၏ချုပ်ရာသို့ ရောက်ကြောင်းအကျင့်သည် အဋ္ဌင်္ဂိကအရိယမဂ်ပေတည်းဟု အကြောင်းအကျိုးတစ်ခုစီ၏ အနလောမ, ပဋိလောမကို ဟောတော်မူပါသည်။

သင်္ခါရ၏သဘာဝဓမ္မတို့ ပြီးစီးသည့်အခါ အရိယသာဝကသည် ပဋိစ္စသမုပ္ပါဒ်၏ သစ္စာလေးပါးကို သိမြင်ခြင်းကြောင့် အရိယသာဝကကို ဒိဋ္ဌိသမ္ပန္န, ဒဿနသမ္ပန္န, အာဂတော ဣမံ သဒ္ဓမ္မံ, ပဿတိ ဣမံ သဒ္ဓမ္မံ, သေက္ခေန ဉာဏေန သမ္ပန္နာဂတ, သေက္ခာယ ဝိဇ္ဇာယ သမ္မန္နာဂတ, ဓမ္မသောတသမာပန္န, အရိယ နိဗ္ဗေဓိကပည, အမတဒွါရံ အာဟစ္စ တိဋ္ဌတိ-ဟုဆိုအပ်ပုံ အရိယဂုဏ်ရည်တို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ရတနသုတ်ခွေးငှက်သိုက်မန္တလေးတိုင်းဒေသကြီးအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်ရာသီဥတုအနေကဇာတင်ခြင်းဖက်ဒရယ်ပြည်ထောင်စုစနစ်အမျိုးသမီးသုံး ကွန်ဒုံးလိင်မှတဆင့် ကူးစက်တတ်သော ရောဂါဂေါတမဗုဒ္ဓ၏ မိသားစုဝင်များကချင်ပြည်နယ်အိမ်စောင့်အစိုးရ (၂၀၂၁)နည်းပညာမြန်မာနိုင်ငံ၏ အမည်များမိုဟာမက်ဘန်နီဖြိုးကျောက်ကပ်နေ့နံညိုစောလွတ်လပ်ရေးကြေညာစာတမ်းလောကနီတိစိတ်ပအိုဝ်းလူမျိုးအဘိဓမ္မာပိဋကတ်ကျန်းမာရေးအင်္ဂလိပ်-မြန်မာ စစ်ပွဲများမှော်ပညာမန်ချက်စတာ ယူနိုက်တက်ပေပင်ဂျပန်နိုင်ငံသင်္ကြန်မန္တလေး နန်းတော်ကာမေသုမိစ္ဆာစာရပုသိမ်မြို့ဆူခွိုင်း ၃၀အက်တမ်ရသညစ်ညမ်းခြင်းများပညာရေးဝန်ကြီးဌာနပိုးသတ်ဆေးစစ်ကိုင်းတိုင်းဒေသကြီးကျိုက်ထီးရိုးဘုရားခေါင်းဆောင်မှုကျောက်ချဉ်တရုတ်ပုပ္ပါးတောင်သုက်ပန်းခြင်းတိရစ္ဆာန်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များသစ္စာရက္ခိုင့်တပ်တော်ထားဝယ်မြို့အာဋာနာဋိယသုတ်အစ္စရေးနိုင်ငံမြန်မာစာပေဖိလစ်ပိုင်နိုင်ငံသံတွဲမြို့မောင်နာဂစ်မုန်တိုင်းမြစ်ကြီးနားမြို့ဘာသာစကားပထဝီဝင်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ဝတ်မှုန်ရွှေရည်ဇာတ်ကြီးဆယ်ဘွဲ့ဗမာ့ထွက်ရပ်ဂိုဏ်းအရိုးတပ်မတော်နေ့နဂါးဘုရားမြန်မာအဘိဓာန်ဆီးချိုရောဂါမက္ခရာမင်းသားကြီး🡆 More