မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် အမျိုးသားစီမံကိန်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံအစိုးရအစိုးရအဖွဲ့အစည်း | |
---|---|
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | နေပြည်တော် |
ဌာနခွဲများ | ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန |
ဝက်ဘ်ဆိုက် | mnped.gov.mm |
နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် အမျိုးသားစီမံကိန်းကို အထက်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားရန်ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယခင်အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနများ ထပ်မံခွဲထားသည်။
လွတ်လပ်ရေး ရပြီးစတွင် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေကို ပြန်လည်ထူထောင်ရန်၊ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး တို့နှင့် စပ်လျဉ်းသော ဖွံ့ဖြိုးမှု စီမံကိန်း အရပ်ရပ်တို့ကို စိစစ်ပြုစု ရေးဆွဲရန်တို့ အတွက် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန ဖွဲ့စည်းခဲ့သည်။ သို့သော် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန သည် စက်မှုလက်မှု ဝန်ကြီးဌာနနှင့် တွဲ၍လည်းကောင်း၊ အမျိုးသားစီမံကိန်း ဝန်ကြီးဌာန သည် သာသနာရေးနှင့် ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် တွဲ၍လည်းကောင်း၊ အမျိုးသားစီမံကိန်း ဝန်ကြီးဌာန သည် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တွဲ၍လည်းကောင်း တည်ရှိခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်မှ စ၍သာ အမျိုးသားစီမံကိန်း ဝန်ကြီးဌာန အနေနှင့် သီးသန့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းကာလများတွင် စီမံကိန်းများ ရေးဆွဲရန် အတွက် အမျိုးသားစီမံကိန်း ဘုတ်အဖွဲ့ (National Planning Board) ဟူ၍ လည်းကောင်း၊ စီးပွားရေး စီမံကိန်း ဘုတ်အဖွဲ့ (Economic Planning Board) ဟူ၍ လည်းကောင်း၊ စီးပွားရေးနှင့် လူမှုရေး ဘုတ်အဖွဲ့ (Economic and Social Board) ဟူ၍ လည်းကောင်း၊ အမည် အမျိုးမျိုးဖြင့် စီမံကိန်းအရပ်ရပ် တို့ကို ရေးဆွဲခဲ့သည်။ ထို့ပြင် စက်ပစ္စည်း ကြီးကြပ်မှုကော်မတီ၊ တရုတ်-မြန်မာ စီးပွားရေးနှင့် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ဘုတ်အဖွဲ့ နှင့် ဗဟိုစာရင်းအင်း နှင့် စီးပွားရေးဌာန တို့ကိုလည်း အထောက်အကူပြုကော်မတီ၊ အဖွဲ့၊ ဌာနများအဖြစ် ဝန်ကြီးဌာန အောက်တွင် ဖွဲ့စည်းခဲ့သည်။
၁၉၆၂ ခုနှစ် မှ ၁၉၇၂ ခုနှစ်အထိ ကာလများတွင် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန သည် လေးနှစ် စီမံကိန်းများကို ရေးဆွဲ၍ နှစ်ချင်းဆောင်ရွက်ရန် လုပ်ငန်း စီမံကိန်းများ ပြန်လည် ဆန်းစစ် ညှိနှိုင်းခဲ့သည်။ စက်မှုလက်မှု လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ရေး၊ စာချုပ်များ စိစစ်ခြင်း၊ စီမံကိန်းများ ညှိနှိုင်းခြင်း၊ နိုင်ငံခြားမှ စီးပွားရေး ပူးပေါင်းမှု အကူအညီများနှင့် ကုလသမဂ္ဂ ကျွမ်းကျင်မှု အကူအညီများရရန် တို့အတွက် ဆောင်ရွက်ခဲ့သည်။
၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှစ၍ အုပ်ချုပ်ရေး စနစ်သစ်အရ၊ အမျိုးသားစီမံကိန်း ဝန်ကြီးဌာန ကို ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန နှင့် ပေါင်းစပ်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဟု ခေါ်တွင် ပါသည်။ ဖော်ပြပါ ကာလမှစ၍ အမျိုးသားစီမံကိန်း ဝန်ကြီးဌာန၏ မူလ လုပ်ငန်းတာဝန်များ လုပ်ဆောင်ရန် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာန၊ ဗဟိုစာရင်းအင်းနှင့် စီးပွားရေး ဦးစီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနနှင့် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဌာန တို့ကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့်ကြော်ငြာစာ အမှတ် (၁၂/၉၃) ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကို အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီးဌာနအဖြစ် ဝန်ကြီးဌာန ၂ ခု ခွဲ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ယင်းနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အထက်ဖော်ပြခဲ့သော ဦးစီးဌာနများအပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ထိုကာလမှစ၍ ယနေ့ အထိ အမျိုးသားစီမံကိန်း ရေးဆွဲခြင်းနှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေသော ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန အနေနှင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.