ပါလိုအာတို၊ ကယ်လီဖိုးနီးယား

ပါလိုအာတို (အင်္ဂလိပ်: Palo Alto) သည် အမေရိကန်နိုင်ငံ၏ ဆန်ဖရန်ဆစ္စကိုပင်လယ်အော်ဧရိယာရှိ ဆန်တာကလယ်ရာစီရင်စု အနောက်မြောက်ထောင့်တွင်တည်သည့် ကိုယ်ပိုင်ပဋိညာဉ်ခံမြို့ ဖြစ်သည်။ ကမ်းရိုးတန်းတလျှောက်တွင် အလေ့ကျပေါက်နေသော အယ်ပါလိုအာတို ခေါ် သစ်နီပင်များကို အစွဲပြု၍ မြို့အမည်ဖြစ်လာခြင်းတည်း။

လေလန်းစတန်းဖို့ကြီးက စတန်းဖို့တက္ကသိုလ်ကို တည်ထောင်သည့်အခါ ဤမြို့ကိုပါ တည်ခဲ့သည်။ နောက် စလန်းဖို့ကြီး သေလွန်လျှင် သူ့သား စတန်းဖို့ငယ်က စတန်းဖို့တက္ကသိုလ်မှ မြေတချို့ကို ပါလိုအာတိုတွင် ထည့်ကာ အရှေ့ပါလိုအာတို၊ မော်တိန်ဗျူး၊ လော့အဲလတို့၊ လော့အဲလတို့ဟေး၊ စတန်းဖို့၊ ပေါ်တိုလာဗေလီနှင့် မန်လိုပါ့တို့ထိ ရောက်အောင် နယ်မြေချဲ့သည်။ ၂၀၁၀ သန်းခေါင်စာရင်းအရ လူဦးရေ ၆၄,၄၀၃ ယောက် နေထိုင်၏။ ပါလိုအာတိုသည် အမေရိကန်တွင် လူနေမှုစရိတ် အကြီးဆုံးမြို့ဖြစ်ပြီး မြို့ခံတို့မှာလည်း နိုင်ငံ၏ ပညာအတတ်ဆုံးလူတည်း။

ဆီလီကွန်ဗေလီ၏ အရေးပါသောမြို့များအနက် တခုအဝင်အပါဖြစ်ရာ ပါလိုအာတိုတွင် နည်းပညာမြင့်ကုမ္ပဏီများဖြစ်သော ဟူးလက်ပက်ကတ်၊ စပေ့စစ္စတန်၊ ဗီအမ်ဝဲ၊ တက်စလာ၊ ဖို့ သုတေသနနှင့်မွမ်းမံရေးစင်တာ၊ လော့ဟိမာတင် အဆင့်မြင့်နည်းပညာစင်တာ၊ စကိုက် စသည်တို့ အခြေစိုက်သည်။ အခြားထင်ရှားသော နည်းပညာမြင့်ကုမ္ပဏီများဖြစ်သည့် အက်ပဲ၊ ဂူးဂဲ၊ ဖေ့စဘွတ်၊ လော့ဂျီတက်၊ အင်ကျူ့၊ ပင်ထရက်နှင့် ပေးပယ် တို့လည်း အတောင်အလက်စုံရာမြေလည်း ဖြစ်၏။

ကိုးကား

Tags:

အင်္ဂလိပ်ဘာသာစကားအမေရိကန်ပြည်ထောင်စု

🔥 Trending searches on Wiki မြန်မာဘာသာ:

နှင်းဆီခင်ဝင့်ဝါပြည်သူ့ခုခံတော်လှန်စစ်မင်းတုန်းမင်းပြည်မြို့ဂျူးဘာသာညှင်းမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များမဟာဗောဓိတထောင်ကယားလူမျိုးဖွတ်ဆူးပုပ်ကြီးမုန့်ဟင်းခါးကာကွယ်ရေးဦးစီးချုပ်(ရေ)ချမ်းချမ်းမြင်းခွာပင်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အပျိုမြှေးအာနန္ဒာဘုရားရှင်ပြုခြင်းဗမာပြည် ကွန်မြူနစ်ပါတီမြေပုံဂျူး (စာရေးဆရာမ)ကနောင်မင်းသားပြည်ထောင်စုနေ့မြန်မာ့ပြည်တွင်းပဋိပက္ခများခွေးတောက်ပင်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)သီတင်းကျွတ်လပြည့်နေ့ပအိုဝ်းလူမျိုးအင်ဒိုနီးရှားနိုင်ငံရှမ်းပြည်တပ်မတော်-တောင်ပိုင်းသိန်းစိန် (နိုင်ငံတော်သမ္မတ)ရှမ်းပြည်နယ်ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံဆေးခြောက်ပင်ထားဝယ်မြို့အာဆီယံထိပ်သီးအစည်းအဝေးတပ်မတော် (လေ)မြစ်ကြီးနားမြို့နယ်နပိုလီယန်တောင်တွင်းကြီးမြို့ဘကြီးတော်(စစ်ကိုင်းမင်း)သဘာဝပတ်ဝန်းကျင်ကရင်ပြည်နယ်မြန်မာနိုင်ငံရှိ မြို့များဗောဇ္ဈင်ခုနစ်ပါးဧရာဝတီတိုင်းဒေသကြီးအမျိုးသားစာပေဆုရစာအုပ်စာရင်းလက်ဖက်၃၂ ကောဋ္ဌာသခရမ်းလွန်ရောင်ခြည်တောင်ကိုရီးယားနိုင်ငံနှလုံးသွေးကြောကျဉ်းရောဂါစိတ်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေတရုတ်၁ ဧပြီဗုဒ္ဓဘာသာမြစ်ကြီးနားမြို့တိုက်ချောင်းသာကမ်းခြေညစ်ညမ်းခြင်းများဆူခွိုင်း ၃၀ပီမိုးနင်းနန္ဒမာလာဘိဝံသငါးမျိုးစိတ်များ စာရင်းမြန်မာ့စီးပွားရေးလုပ်ငန်းများတစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးသမီးများ၏ အခွင့်အရေးသမ္မာကျမ်းစာဆေးခြောက်ဇီးကွက်လိမ်လည်မှုမိတ္ထီလာမြို့🡆 More