နည်းပညာတက္ကသိုလ်(မှော်ဘီ) သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ၇၈.၀၄ ဧက ကျယ်ဝန်းသည်။
TU -Hmawbi | |
တည်ထောင် | ၂၀၀၇ |
---|---|
ပါမောက္ခချုပ် | ဒေါက်တာကေသီလွင် |
ဒုတိယပါမောက္ခချုပ် | ဒေါက်တာ သန္တာအောင် |
တည်နေရာ | မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
ဝဘ်ဆိုဒ် | tuhmawbi.moe.edu.mm// |
စက်မှုအထက်တန်းကျောင်း (Technical High School) T.H.S အဖြစ် ၁၉၈၉ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (Government Institute of Technology) G.T.I အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် အစိုးရနည်းပညာကောလိပ် (Government Technological College) G.T.C အဖြစ်၊ ဆက်လက်၍ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (မှော်ဘီ) (Technological University (Hmawbi)) အဖြစ် အဆင့်ဆင့်ပြောင်းလဲခဲ့သည်။
ဒေါက်တာအေးမြင့်နှင့် ဒေါက်တာကြည်စိုး တို့သည် ပါမောက္ခချုပ်များဖြစ်ပြီး အခြားသူများမှာ ကျောင်းအုပ်ကြီးများ နှင့် ခေတ္တကျောင်းအုပ်ကြီးများ ဖြစ်ကြသည်။
Post Graduate Degree Program | Degree | Duration |
---|---|---|
Master of Civil Engineering | M.E. (Civil) | 8-yrs (Full Time) |
Master of Electronic & Communication Engineering | M.E. (EC) | 8-yrs (Full Time) |
Master of Electrical Power Engineering | M.E. (EP) | 8-yrs (Full Time) |
Master of Mechanical Engineering | M.E. (ME) | 8-yrs (Full Time) |
Master of Mechatronic Engineering | M.E. (MC) | 8-yrs (Full Time) |
Master of Information Technology | M.E. (IT) | 8-yrs (Full Time) |
Graduate Degree Program | Degree | Duration |
---|---|---|
Bachelor of Civil Engineering | B.E. (Civil) | 6-yrs (Full Time) |
Bachelor of Electronic and Communication Engineering | B.E. (EC) | 6-yrs (Full Time) |
Bachelor of Electrical Power Engineering | B.E. (EP) | 6-yrs (Full Time) |
Bachelor of Mechanical Engineering | B.E. (ME) | 6-yrs (Full Time) |
Bachelor of Mechatronic Engineering | B.E. (MC) | 6-yrs (Full Time) |
Bachelor of Information Technology | B.E. (IT) | 6-yrs (Full Time) |
Bachelor of Architecture | B.Arch | 6-yrs (Full Time) |
Under Graduate Degree Program | Degree | Duration |
---|---|---|
Diploma in Civil Engineering | A.G.T.I. (Civil) | 2-yrs (Full Time) |
Diploma in Electronic and Communication Engineering | A.G.T.I. (EC) | 2-yrs (Full Time) |
Diploma in Electrical Power Engineering | A.G.T.I. (EP) | 2-yrs (Full Time) |
Diploma in Mechanical Power Engineering | A.G.T.I. (MP) | 2-yrs (Full Time) |
Diploma in Mechatronic Engineering | A.G.T.I. (MC) | 2-yrs (Full Time) |
Diploma in Information Technology Engineering | A.G.T.I. (IT) | 2-yrs (Full Time) |
Diploma in Architecture | A.G.T.I. (Ar) | 2-yrs (Full Time) |
(လက်ရှိတွင် ဒီပလိုမာပေးအပ်ခြင်းမရှိတော့ပါ)
နည်းပညာတက္ကသိုလ် (မှော်ဘီ) ကို အောက်ပါအင်ဂျင်နီယာဌာန ၇ ခုဖြင့်ဖွဲ့စည်းထားသည်။
ကျောင်းပတ်ဝန်းကျင်မြင်ကွင်းများ
လှုပ်ရှားမှုများ
This article uses material from the Wikipedia မြန်မာဘာသာ article နည်းပညာတက္ကသိုလ်(မှော်ဘီ), which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.