၁။ စံတော်မီ ဝိသေသလက္ခဏာ
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
အသင်းတော်၌ ဓမ္မအမှုတော်ဆောင်ရာတွင် ယုံကြည်ခြင်း ထွေပြားမှုမရှိစေရန် တမန်တော်ကြီး ပေါလု၏ ပေးစာဖြစ်သည်။ အဓိကပြဿနာ “ပေါလုလမ်းစဉ် ဆန့်ကျင်ခြင်း”ကြောင့် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ကျိုးကြောင်းမျှော်တွေးပြီး သွန်သင်လုပ်ကိုင်ကြသူများ ဖြစ်သည်။
ဤစာစောင်သည် သမ္မာတရား၊ ဝိညာဉ်ခွန်အားများဖြင့် ပြည့်စုံ၍ အပြစ်ကင်းစင်သည်။ ရှင်ပေါလုကို ဆန့်ကျင်သူများကမူ အမေဘုတ်၏ ချည်ခင်ကဲ့သို့ ရှုပ်ထွေး၍ အတုအပဟန်ဆောင်ခြင်း ဖြစ်သည်ဟု ပေါလုအား စွပ်စွဲကြသည်။ ဥပမာအားဖြင့် လွန်ခဲ့သောရာစုနှစ်က Ernest Renan က “အချို့ကျမ်းပိုဒ်များသည် မေးခွန်းမထုတ်နိုင်အောင် သပ်ရပ်သည်။ အကယ်၍ တုပဟန်ဆောင်ခြင်းမရှိလျှင် အချို့ကျမ်းပိုဒ်များသည် မေးခွန်းမထုတ်နိုင်အောင် သပ်ရပ်သည်ဟုဆိုသည်။ ရှင်ပေါလု၏ ထိုခေတ်အခါက အသင်းတော်သွန်သင်ချက်များသည် ရိုးစင်း၍ လူတိုင်းလက်သင့်ခံနိုင်အောင် လက်ရာကောင်းမွန်သည်။
အရေးကြီးဆုံးသော သွန်သင်ချက်မှာ အသင်းတော်တွင် အမျိုးသမီးများ အမှုတော်ဆောင်ခြင်းနှင့် အသင်းတော်အရာရှိ အကြောင်းဖြစ်သည်။ ဘုရားသခင်၏ လူသားများသန့်ရှင်းစွာနေကြရမည့်အကြောင်း သွန်သင်၍ ရှင်ပေါလုကိုယ်တိုင်လည်း ထိုအတိုင်းလိုက်နာနေထိုင်ခဲ့သည်။
၂။ ကျမ်းရေးသူ
အမှုတော်ဆောင်များ ဩဝါဒစာအခန်းတွင် ကြည့်ပါ။
၃။ အချိန်ကာလ
သင်းအုပ်များအတွက် ရည်ဆောင်ရေးသားသော ဤကျမ်းစာစောင်ကို တိတုဩဝါဒစာနှင့် မရှေးမနှောင်း၊ ဒုတိယဩဝါဒစာမရေးခင် ဖြစ်သည်ဟု ကျမ်းစာလေ့လာသူအားလုံးနီးပါးက လက်ခံကြသည်။ အကျယ်ချုပ်မှ လွတ်လာပြီးနောက် ခရီးလှည့်လည်ခွင့်ပြုသည့် A.D ၆၄ နှင့် ၆၆အကြားတွင် ရေးသည့်စာ ဖြစ်သည်။ ဂရိပြည်မှရေးသည်မှာ သေချာသည်။
၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်
ပထမဩဝါဒစာစောင်၏ ရည်ရွယ်ချက်ကို (၃:၁၄-၁၅)တွင် အထင်းသား ဖော်ပြထားသည်။
“သင်တို့ရှိရာသို့ ငါမြန်မြန်လာမည်ဟု မျှော်လင့်ခြင်းရှိသော်လည်း တာရှည်စွာ နေလျှင် သင်သည် ဘုရားသခင်၏ အိမ်တော်၌အဘယ်သို့ ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှာ၊ ဤသို့ငါရေး၍ ပေးလိုက်၏။ အိမ်တော်ကား အသက်ရှင်တော်မူသော ဘုရားသခင်၏ အသင်းတော်ဖြစ်၏။ ထိုအသင်းတော်ကား သမ္မာတရား၏ အမှီသဟဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်း ဖြစ်၏”။
ဘုရားသခင်၏ အိမ်တော်အကြောင်းကို တိမောသေကိုယ်တိုင်နှင့် လူတိုင်းသိရှိနားလည်နိုင်ရန် ရှင်းလင်းလွယ်ကူစွာ စကားပြေသက်သက်ဖြင့် ရေးထားသည်။
မသိနားမလည်သော ကလေးသူငယ်အား “လိမ်လိမ်မာမာနေပါ”ဟုဆိုရုံမျှဖြင့် မလုံလောက်ပါ။ ထိုကလေးသူငယ်သည် မည်သို့နေထိုင်လျှင် လိမ်မာခြင်းဖြစ်သည်ဟု နားလည်သိရှိမည် မဟုတ်ပါ။ ပထမဦးစွာ ကောင်းသောအမှုအရာကို ရှင်းပြရပါလိမ့်မည်။ ဤပထမဩဝါဒစာစောင်သည် ဘုရားသခင်နှင့် ဘုရားသားသမီးများ မည်ကဲ့သို့ ဆက်ဆံရမည့်အကြောင်း ပထမဦးစွာ ရှင်းပြသော ကျမ်းစကားဖြစ်သည်။
အောက်ပါခေါင်းစဉ်များက အထောက်အကူပေးပါလိမ့်မည်။ အခန်း(၂)ဆိုလျှင် စုဝေးဆုတောင်းခြင်း အငန်းအတာနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍဖြစ်သည်။ အခန်း(၃)သည် ယုံကြည်သူများ ဝတ္တရားနှင့် ခေါင်းဆောင်မှုအကြောင်း ဖြစ်သည်။ အခန်း(၅)သည် စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်သော မုဆိုးမများ စောင့်ရှောက်ရမည့်အကြောင်း ဖြစ်သည်။
ပါဝင်သည့်အချက်အလက်များ
၁။ နှုတ်ခွန်းဆက်ခြင်း (၁:၁–၂)
၂။ တိမောသေသို့ ညွှန်ကြားချက် (၁:၃–၂၀)
(က) မိစ္ဆာဆရာများအား ဆုံးမခြင်း (၁:၃-၁၁)
(ခ) ဘုရားသခင်၏ ကျေးဇူးတော်အား ချီးမွမ်းခြင်း (၁:၁၂-၁၇)
(ဂ) တိမောသေအား ထပ်မံညွှန်ကြားခြင်း (၁:၁၈-၂၀)
၃။. အသင်းတော်စည်းစနစ်ညွှန်ကြားချက် (၂:၁၊ ၃:၁၆)
(က) ဝတ်ပြုကိုးကွယ်ရန်စည်းမျဉ်း (၂:၁-၇)
(ခ) အမျိုးသားနှင့်အမျိုးသမီးစည်းမျဉ်း (၂:၈-၁၅)
(ဂ) သင်းအုပ်နှင့် သင်းထောက်စည်းမျဉ်း (၃:၁-၁၃)
(ဃ) အသင်းတော်အတွင်း စည်းမျဉ်း (၃:၁၄-၁၆)
၄။ အသင်းတော်ထဲမှ မိစ္ဆာများ (၄:၁–၁၆)
(က) ရောက်အံ့ဆဲ မိစ္ဆာဆရာများအား တိုက်လှန်ရန် သတိပေးခြင်း (၄:၁-၅)
(ခ) မိစ္ဆာဆရာများအား ကောင်းသောအမြင်ဖြင့် တိုက်လှန်ခြင်း (၄:၆-၁၆)
၅။ အမျိုးမျိုးသော ယုံကြည်ခြင်းရှိသူများအား ကိုင်တွယ်ခြင်း (၅:၁–၆:၂)
(က) အသက်အရွယ်အမျိုးမျိုး (၅:၁-၂)
(ခ) မုဆိုးမများ (၅:၃-၁၆)
(ဂ) သင်းအုပ်များ (၅:၁၇-၂၅)
(ဃ) အစေခံကျွန်များနှင့် သခင်များ (၆:၁-၂)
၆။ မှားယွင်းသောသင်ဆရာများနှင့် ငွေကြေးတပ်မက်ခြင်း (၆:၃–၁၀)
၇။ တိမောသေသို့ နိဂုံးချုပ်မှာကြားချက် (၆:၁၁–၁၂)
TAGS: တိမောသေဩဝါဒစာပဌမစောင်
This article uses material from the Wikipedia မြန်မာဘာသာ article တိမောသေဩဝါဒစာပထမစောင်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.