ညောင်ရမ်းမင်းသား မောင်ဖေခင်

စကြာမင်း (ညောင်ရမ်းမင်းသား) သည် ဘကြီးတော် မင်းတရား နှင့် ဆင်ဖြူရှင်မယ်တို့၏ သားတော်ဖြစ်သည်။ ၂၇ အောက်တိုဘာ ၁၈၁၂ ခုနှစ်တွင် ညောင်ရမ်းမင်းသား မောင်ဖေခင်ကို ဖွားမြင်ခဲ့သည်။ ညောင်ရမ်းမင်းသားမှာ စကြာမင်းဟုလည်း ထင်ရှားခဲ့သည်။ ဘိုးတော်ဘုရား (ဘိုးတော်ဦးဝိုင်း)၏ မြစ်တော် စကြာမင်းလေးသည် ဘိုးမင်းခေါင်၏ ဘဝဟောင်းပုံရိပ် ဖြစ်သည်ဟုလည်း ဆိုသည်။

ညောင်ရမ်းမင်းသား မောင်ဖေခင်
စကြာမင်း

ဘကြီးတော် မင်းတရားသည်ပထမ အင်္ဂလိပ်-မြန်မာစစ် ပြီးချိန်မှစကာ စိတ်ကျဝေဒနာကို ခံစားနေခဲ့ရသည်ဟု ဆိုသည်။ ထိုအချိန်မှစကာ နန်းတွင်းရေးကို နန်းမတော်မယ်နုနှင့် မယ်နု၏အစ်ကိုဖြစ်သူ စလင်းမင်းသားကြီးမောင်အို တို့ကခြယ်လှယ်ခဲ့ကြသည်။ ပြိုင်ဘက်ဟု ယူဆသူများကို သတ်ဖြတ်ခဲ့ကြသည်။ ဘကြီးတော်မင်း၏ ညီတော် သာယာဝတီမင်းသားကို ရာဇဝတ်သားများအား လက်ခံနေထိုင်စေမှုဖြင့် စွပ်စွဲပြီးအရာမှချရန် ကြိုးပမ်းသဖြင့် သာယာဝတီမင်းသား ရွှေဘိုသို့ထွက်ကာ အင်အားစု၍ ပုန်ကန်သည်။ ပုန်ကန်ရသည့်အကြောင်းရင်းမှာ နောင်တော်စိတ်မမှန်ဖြစ်နေသည်ကြောင့် တစ်ကြောင်း၊ နန်းတွင်းပြိုင်ဘက်ဖြစ်သည့် နန်းမတော်မယ်နုနှင့် ၎င်း၏အစ်ကိုဖြစ်သူ စလင်းမင်းသားကြီးမောင်အိုတို့၏ ဖိအားများကြောင့်တစ်ကြောင်းဖြစ်သည်။ ပုန်ကန်မှုအောင်မြင်သဖြင့် သာယာဝတီမင်း နန်းတက်သည်။ ကုန်းဘောင်မင်းဟူ၍လည်းကောင်း၊ ရွှေဘိုမင်း ဟူ၍လည်းကောင်း၊ ထင်ရှားသော သာယာဝတီမင်းသည် ကုန်းဘောင်ရှစ်ဆက်မြောက်မင်းဖြစ်သည်။ နန်းတက်လျှင် နောင်တော် ဘကြီးတော်မင်း(စစ်ကိုင်းမင်း)နှင့် မယ်နုတို့ကို ကွပ်မျက်ခြင်းမရှိဘဲ အကျယ်ချုပ်ဖြင့် ကောင်းစွာနေစေသည်။ မောင်အိုနှင့် အပေါင်းအပါများကိုမူ ထောင်သွင်းအကျဉ်းချခဲ့သည်။ မြဝတီ ဝန်ကြီး ဦးစတစ်ယောက်လည်းပါဝင်ခဲ့သေးသည်။ သာယာဝတီမင်းသည် နန်းမတော်မယ်နုကို ရေချကွပ်မျက်ခဲ့သည်။ မင်းသားကြီးဦးအိုနှင့် အပေါင်းအပါ ၁၁ ယောက်ကို ထောင်တွင်းတွင်ပင်ကွပ်မျက်ခဲ့သည်။ နောင်တော်ဘကြီးတော်မင်းကိုမူ အစောင့်အရှောက်ဖြင့် နေစေသည်။ နောင်တော်၏ သားဖြစ်သူ ညောင်ရမ်းမင်းသား (စကြာမင်း)ကို သားတော်များနှင့် တန်းတူထားကာ မင်းသားကြီးအဆင့်ပေးသော်လည်း တစ်နှစ်ခန့်အကြာတွင် ပြိုင်ဘက်ဟု ယူဆသံသယရှိသဖြင့် ပုန်ကန်ရန် ကြံစည်သည်ဟုဆိုကာ ရေချကွပ်မျက်ခဲ့သည်။ သာယာဝတီမင်းကိုယ်တိုင် စိတ်ဖောက်ချိန်တွင် လှံဖြင့်ထိုးသဖြင့် ယောမင်းကြီးဦးဖိုးလှိုင်၏ဖခင် ယင်းတောဝန်ကြီး ကွယ်လွန်ရရှာသည်။ သာယာဝတီမင်းကိုမူ ကြေးပြာသာဒ်ဟု သမုတ်သော ကြေးတိုက်တွင်ချုပ်ထားခဲ့ကြသည်။ စကြာမင်းလေးကို ရေချကွပ်မျက်ခဲ့သော်လည်း ဘိုးဘိုးအောင် ကယ်တင်သဖြင့် မသေ ဟုဆို၏။ ညောင်ရမ်းမင်းသား(စကြာမင်း)၏ ကယ်တင်ရှင်အဖြစ် ပထမံဘိုးဘိုးအောင် ကိုယုံကြည်ကြသည်။

ကိုးကား


Tags:

ဆင်ဖြူရှင်မယ်ဗဒုံမင်းဘကြီးတော်(စစ်ကိုင်းမင်း)ဘိုးမင်းခေါင်

🔥 Trending searches on Wiki မြန်မာဘာသာ:

မီရှဲလ် အိုဘားမားမင်းယုဝေဘုရားမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်စက်ဘီးအာဋာနာဋိယသုတ်ဂေါတမဗုဒ္ဓတောက်တဲ့မြသလွန်ဘုရားသမန်းကျားမော်စီတုန်းဇေယျာသော်ကိုရီးယားစစ်ပွဲမဲခေါင်မြစ်ထားပီမိုးနင်းပုဂံစစ်ရေးလန်ဒန်မြို့ကိန္နရာအကညောင်ရမ်းခေတ်စကားထာသာမညဆရာတော်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှေးဟောင်းအီဂျစ်တယ်လီနော မြန်မာသမ္မာကျမ်းစာကုန်းဘောင်ခေတ်ငါးပါးသီလမစန္ဒာကြိတ်မှန်ပင်ဘရူနိုင်းနိုင်ငံပဲခူးတိုင်းဒေသကြီးကချင်လွတ်မြောက်ရေးတပ်မတော်ဇေယျ (စာရေးဆရာ)XVideosခွေးရူးပြန်ရောဂါဟံသာဝတီဟက်စတင်းစ်တိုက်ပွဲရတနသုတ်ကောင်းမှုတော်ဘုရားဂဠုန်အမျိုးသားနေ့စက္ကူပန်းချဉ်ပေါင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကလေးမြို့အရှေ့တောင်တိုင်းစစ်ဌာနချုပ်နမ့်ခမ်းမြို့ဓာရဏပရိတ်ဗြိတိသျှအင်ပါယာဥဩကမ္ဘောဒီးယားနိုင်ငံမြန်မာနိုင်ငံရေးသမိုင်းဦးနုရန်ကုန်တက္ကသိုလ်မင်းတုန်းမင်းကင်း ပင်ဂွင်းအစ္စလာမ်ဘာသာပင်လုံစာချုပ်အားမထိုးသွင်းသော လိင်ဆက်ဆံခြင်းငါးမျိုးစိတ်များ စာရင်းမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များမြန်မာနိုင်ငံ၏ အမည်များရခိုင်ပြည်နယ်ကရင်ရိုးရာပွဲတော်များဝိပတ္တိတရားလေးပါးအီစတာပွဲတော်နေ့အသည်းရောင် အသားဝါ ရောဂါ ဘီပိုးဝါကျမူဆယ်မြို့Groupe Canal+ဓမ္မစကြာသုတ္တန်🡆 More