ဘဲမျိုးရင်းဝင် ငှက်များ

ဘဲမျိုးရင်းဝင် ငှက်များသည် သိပ္ပံအမည် အန်နတ္တိဒီး (Anatidae) ဟုခေါ်သော ဇီဝမျိုးရိုးတူသည့် ငှက်များကို စုဖွဲ့၍ အမည်ပေးထားသည့် ငှက်မျိုးရင်း အမည်တစ်ခုဖြစ်သည်။ ၎င်းမျိုးရင်းဝင် ငှက်များသည် အများအားဖြင့် ရေငှက်မျိုးဖြစ်သော ဘဲနှင့် တူသော (သို့) ဘဲပုံစံကဲ့သို့ အလားသဏ္ဌာန်ရှိသော ငှက်များဖြစ်သည့် ဘဲမျိုးကွဲများ၊ ဘဲငန်းများ၊ ငန်းများပါဝင်သည်။ ဘဲမျိုးရင်းဝင်ငှက်များသည် အန္တာတိကမှလွဲ၍ တိုက်ကြီးများအားလုံးတွင် နေထိုင်ကျက်စားကြသည်ကို တွေ့နိုင်သည်။ ဤငှက်များ၏ ကိုယ်လုံး၊ ခြေထောက်၊ ခေါင်း စသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ရေကူးရန် ၊ ရေမျက်နှာပြင်ပေါ်တွင် ပေါလောမျောပါရန်နှင့် အချို့နေရာများ၌ အနည်းဆုံး ရေတိမ်တွင်ရေငုပ်ရန် အဆင်ပြေစေရန် ဖွဲ့စည်းတည်ဆောက်ထားသော ပုံသဏ္ဌာန်ရှိကြသည်။ မျိုးရင်းထဲတွင် မျိုးစိတ် ၁၇၄ မျိုးပါဝင်သော မျိုးစု ၄၃ မျိုးရှိသည်။

ဘဲမျိုးရင်းဝင် ငှက်များ
(အင်္ဂလိပ်: Anatidae)
Temporal range: Oligocene ခေတ်ဦး – လက်ရှိခေတ်
ဘဲမျိုးရင်းဝင် ငှက်များ
ဝဲထိပ်မှ နာရီလက်တံအတိုင်း။ ဘဲခေါင်းစိမ်းငန်းအ၊ ဘရားဇီးဘဲ၊ သုခဘုံစက္ကဝါက်၊ ဘဲခေါင်းဖြူနှင့် ဘဲငန်း
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Anseriformes
မျိုးစဉ်သေး: Anseres
Superfamily: Anatoidea
မျိုးရင်း: Anatidae
Leach, 1820
အမျိုးအစား မျိုးစိတ်
Anas platyrhynchos
မျိုးစု

ဘဲမျိုးရင်းဝင်များ နှင့် လူသားများ အခန်းကဏ္ဍ

ဘဲမျိုးရင်းဝင် ငှက်များ 
ဘဲခေါင်းစိမ်းသည် အိမ်မွေးဘဲများ၏ မူလဘိုးဘေးမျိုးစိတ်ဆိုသည်ကို သတ္တဗေဒနှင့် မျိုးရိုးခွဲခြားသည့် ပညာရှင် အများစုက လက်ခံယုံကြည်ထားသည်။ (ဘဲငှက်မောင်နှံ)

ဘဲ၊ ငန်းတို့၏ အမွေးတို့သည် အိပ်ရာခင်းများ၊ ခေါင်းအုံးများ၊ လက်ကိုင်အိတ်များနှင့် အနွေးထည်အင်္ကျီများအပြင် အားကစားသုံးပစ္စည်းတစ်ခုဖြစ်သော ကြက်တောင်တို့ကို ပြုလုပ်ရန် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည်။ ဤမျိုးရင်းဝင် ငှက်များကို အစားအစာအတွက် မွေးမြူခဲ့သည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။

လူသားများအတွက် ဘဲများ၊ ငန်းများသည် စီးပွားရေးအရရော ယဉ်ကျေးမှုအရပါ အရေးပါပြီး ဘဲမျိုးစိတ်များစွာသည် လူသားများမှ မွေးမြူခဲ့သည့်အတွက် ယုံကြည်စိတ်ချရသော အစာအရင်းအမြစ် ရရှိခဲ့ကြသည်။ သို့သော်လည်း အချို့သော ဘဲမျိုးကွဲများသည် စိုက်ပျိုးရေး၌ အသုံးပြုရန် မွေးမြူထားသော တိရစ္ဆာန်များအတွက် ကြက်ငှက်တုပ်ကွေး ကဲ့သို့သော ပိုးမွှားများသယ်ဆောင်သူအဖြစ် လုပ်ဆောင်ကြသည်။

ဓာတ်ပုံပြခန်း

ကိုးကား

Tags:

ငန်းငှက်တိုက်ဘဲဘဲငန်းမျိုးစိတ်မျိုးစုအန္တာတိက

🔥 Trending searches on Wiki မြန်မာဘာသာ:

ယေရှု ခရစ်တော်Universal Music Groupစိုးလွင်လွင်မြန်မာအကရက်ကန်းသမားငှက်ဥသျှစ်ပင်မြန်မာနိုင်ငံရေးသမိုင်းမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုဟာဝိုင်ယီပြည်နယ်မြဝတီမြို့မလေးရှားနိုင်ငံမူးယစ်ဆေးဝါးနိုင်ငံရေးကွန်ပျူတာကလောမြို့ဦးသန့်မန္တလေး နန်းတော်ဇီးကွက်ဖောင်တော်ဦးဘုရား (အင်းလေး)ကလေးမြို့မိန်းမ မျိုးပွားအင်္ဂါအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မေတ္တာတပ်မတော်အက်ဥပဒေများမကွေးတိုင်းဒေသကြီးပြစ်မှုဆိုင်ရာဥပဒေမြန်မာ့ လက်ဝှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ကျိုင်းတုံမြို့ဩကာသ ဘုရားရှိခိုးမောင်မောင်အေးဂုဏ်ဆယ်ပါးမက်သနောလ်စစ်မှုထမ်းခြင်းကာကွယ်ရေးဝန်ကြီးဌာနရခိုင်ပြည်နယ် တံဆိပ်နှင့် အလံအနော်ရထာမွန်ဘာသာစကားဘုရား (ဗုဒ္ဓဘာသာ)ပေပင်စကားပုံကျောက်ဖြူမြို့သမိုင်းရှမ်းဘာသာစကားဂျိန်ဖော့လူမျိုးတပ်မတော်စိန်ရတုနှစ်တံဆိပ်လယ်တွင်းသား စောချစ်မန္တလေးတိုင်းဒေသကြီးနန်းဆုရတီစိုးမြန်မာ့သနပ်ခါးလင်းနပ်စ်လာအိုနိုင်ငံမြကမ္ဘာဂြိုဟ်မင်္ဂလသုတ်ရွှေစာရံ စေတီတော် (မန္တလေး)ကွန်ဒုံးကွန်မြူနစ်ဝါဒနေပြည်တော်မြို့ရွှေဘိုမြို့ကနေဒါနိုင်ငံမြန်မာသဒ္ဒါမြစ်ကြီးနားမြို့မြန်မာစာစတင်ဖြစ်ပေါ်လာပုံထိုင်းနိုင်ငံ၏ ပြည်နယ်များမြသလွန်ဘုရားဓာရဏပရိတ်ဂင်္ဂါမြစ်ကဝါဗတား ယာဆူနာရီကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်မြန်မာနိုင်ငံ၏ စီးပွားရေးမြန်မာဝီကီပီးဒီးယားအဘိညာဉ်🡆 More