စာရေးဆရာ ညီပုလေး

ညီပုလေး (၅ ဖေဖော်ဝါရီ ၁၉၅၂-၂၁ ဇွန် ၂၀၂၃) သည် မြန်မာနိုင်ငံသား အမျိုးသား စာရေးဆရာတစ်ဦးဖြစ်သည်။

ညီပုလေး
စာရေးဆရာ ညီပုလေး
မွေးဖွားငြိမ်းချမ်း (ခေါ်) ဘိုညို
(၁၉၅၂-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-0၅)ဖေဖော်ဝါရီ ၅၊ ၁၉၅၂
မန္တလေးမြို့
ကွယ်လွန်ဇွန် ၂၁၊ ၂၀၂၃(၂၀၂၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၆"။-၂၁) (အသက် ၇၁)
ကလောင်အမည်ညီပုလေး၊ ငြိမ်းချမ်းစိမ်းလန်း
နိုင်ငံလူမျိုးစာရေးဆရာ ညီပုလေး မြန်မာ
ပညာရေးသိပ္ပံဘွဲ့ (ဘူမိဗေဒ)
ရရှိသည့်ဆုများ
အိမ်ထောင်ဖက်ဒေါ်တင်တင်ဝင်း
သားသမီး

အစောပိုင်းဘဝနှင့် ပညာရေး

၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ နေ့တွင် မန္တလေးမြို့၌ အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်သည်။ မွေးချင်းများတွင် ပဉ္စမမြောက် ဖြစ်၍ အငယ်ဆုံးလည်း ဖြစ်သည်။ သားသမီးငါးဦးထဲတွင် အငယ်ဆုံးဖြစ်၍ ကလောင်အမည်တွင် `ညီပုလေး´ဟူသောအမည်ကို သုံးစွဲခဲ့သည်။ ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။ မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ဘူမိဗေဒ ဘာသာရပ်ဖြင့် ရရှိခဲ့သည်။

၁၉၇၅ မှ ၁၉၇၇ အတွင်း မန္တလေးတိုင်း တိုင်းပဏာမ လက်ရွေးစင် ဘောလုံးသမား ဖြစ်ခဲ့သည်။

၁၉၇၈ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့တွင် တောတွင်း ဗကပသို့ ရောက်ရှိနေသော အကိုဖြစ်သူ ဖိုးသံချောင်းနှင့် စာအဆက်အသွယ် လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့နှင့် အတူ ထိန်းသိမ်း ခံရသည်။ မန္တလေးထောင်တွင် ၇ လ အချုပ်ခံခဲ့ရသည်။

စာပေရေးသားခြင်း

၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူ မဂ္ဂဇင်းတွင် လျက်ဆားတတို့ ဝတ္ထုကို စတင် ဖော်ပြခြင်း ခံရပြီး မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ ဆက်လက် ရေးသားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ ထီးပေါင်းကား စာအုပ်တိုက် ကို ၃၂-လမ်းနှင့် ၃၃-လမ်းကြား၊ ၈၄-လမ်း၊ လက်ဆည်ကန်အရပ်တွင် တည်ထောင်ခဲ့သည်။

ပထမဦးဆုံး လုံးချင်းဝတ္ထုတို စာအုပ်မှာ သူထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး (၁၉၈၉ မတ်၊ လူထု ကြီးပွားရေး စာအုပ်တိုက်) ဝတ္ထုကို ရေးသား ထုတ်ဝေခဲ့ပြီးနောက် မြန်မာပြည်တွင် ပထမဆုံး ကွန်ပျူတာ စာစီစာအုပ် ဖြစ်တဲ့ ကလေး လူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ (၁၉၉ဝ စက်တင်ဘာ၊ လူထု ကြီးပွားရေး စာအုပ်တိုက်)၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံတကြောင်းဆွဲ ကလေးပန်းချီနှင့် အခြား ဝတ္ထုတိုများလူအ အိပ်မက် ဝတ္ထုတိုများ အပြင် ခရီးသွား ဆောင်းပါး အဖြစ် လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ စာအုပ်တို့မှာ ထင်ရှားသည်။

ထို့ပြင် မြေးသူကြီး ဝတ္ထုနှင့် ၂ဝဝ၆ ခုနှစ်တွင် ငြိမ်သက် တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ စာအုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။

စာရေးဆရာ ညီပုလေး 
ပါဖောင့်မန့်အနုပညာပြုလုပ်နေသည့် ဆရာ ညီပုလေး။

ပန်းချီ ရေးဆွဲခြင်းကို ဝါသနာပါ၍ ဝတ္ထု သရုပ်ဖော်ပုံများကို ကိုယ်တိုင် ရေးဆွဲခဲ့သည်။ ညီပုလေးသည် ဓာတ်ပုံရိုက် ကူးခြင်း၌လည်း ဝါသနာထုံကာ ကိုယ်တိုင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ပြပွဲများကိုလည်း ဓာတ်ပုံ -ငြိမ်းချမ်းစိမ်းလန်း အမည်ဖြင့် မန္တလေးတွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မိသားစု

ညီပုလေးသည် အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့တွင် နေထိုင်ခဲ့သည်။ ဇနီးမှာ ဒေါ်တင်တင်ဝင်း ဖြစ်၍ သားသမီး သုံးယောက် ရှိသည်။

ရရှိခဲ့သော ဆုတံဆိပ်များ

၂ဝဝ၆ နှစ် မိုးကုတ်မြို့၊ သဟာယ စာကြည့်တိုက်၏ ပထမဦးဆုံး သဟာယ စာပေဆုကို ငြိမ်သက်တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ စာအုပ်ဖြင့် ရရှိခဲ့သည်။ အမျိုးသားစာပေဆုကို ထက်မြက်သောဓားသွား ပေါ်က ချိုမြမြပျားရည်စက် စာအုပ်ဖြင့် ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ဆဋ္ဌမ အကြိမ်မြောက် တော်ဘုရားလေး(အောင်ဇေ)စာပေဆုတွင် တတိယမြို့တော်သားရဲ့အလွမ်း အမည်ဖြင့် ဝတ္တုတိုဆု ရရှိခဲ့သည်။

ကွယ်လွန်ခြင်း

၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မနက် ၁၀နာရီတွင် မန္တလေးမြို့ နေအိမ်၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ကိုးကား

Tags:

စာရေးဆရာ ညီပုလေး အစောပိုင်းဘဝနှင့် ပညာရေးစာရေးဆရာ ညီပုလေး စာပေရေးသားခြင်းစာရေးဆရာ ညီပုလေး မိသားစုစာရေးဆရာ ညီပုလေး ရရှိခဲ့သော ဆုတံဆိပ်များစာရေးဆရာ ညီပုလေး ကွယ်လွန်ခြင်းစာရေးဆရာ ညီပုလေး ကိုးကားစာရေးဆရာ ညီပုလေး

🔥 Trending searches on Wiki မြန်မာဘာသာ:

ခင်မောင်တိုးမြန်မာနိုင်ငံရှိ ခရိုင်များသုက္ကဝိဿဋ္ဌိသိက္ခာပုဒ်မဟာမောဂ္ဂလာန်ထေရ်အပျိုမြှေးစံပယ်ပန်းနွားပန်းရဲယိုပင်ဂီတရှားစောင်းလက်ပတ်ပင်သိကြားမင်းမန်ချက်စတာ ယူနိုက်တက်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများ.mmရေအကျိုးဆယ်ပါးထီးလိုမင်းလိုဘုရားဗင်းဆင့် ဗန်ဂိုးဒီမိုကရေစီဂျူးဘာသာတွင်းနက်မြန်မာစာပေရာသီအလိုက်ပွင့်သောပန်းများဘီလူးမိုးဒီသိန်းစိန် (နိုင်ငံတော်သမ္မတ)ယူနိုက်တက်ကင်းဒမ်းနိုင်ငံမဂ္ဂင် ၈ ပါးထန်းလျက်ကော့သောင်းမြို့ကားဩစတြေးလျနိုင်ငံကိုယ်ဝန်ဖျက်ချခြင်းအင်္ဂုလိမာလသုတ်မတ္တရာမြို့နယ်မျိုးကြီးထိုင်းလူမျိုးနန်းလုံးကြိုင်အီရန်နိုင်ငံမြန်မာဘုရင့်တပ်မတော်ကရင်ပြည်နယ်ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများအင်တာနက်ရွှေတိဂုံစေတီတော်မူဆယ်မြို့နယ်တွံတေးမြို့နာဂစ်မုန်တိုင်းဖိလစ်ပိုင်နိုင်ငံအောင်ဆန်းဖော်ကာတောင်ကြီးမြို့နံ့သာဖြူဘဂျမ်း (ကာတွန်း)မဟာယာနစံကားပန်းနှလုံးသွေးကြောကျဉ်းရောဂါသူနာပြုအတတ်စာပေဘီတီအက်စ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရာဇာဓိရာဇ်ဓမ္မရာဇိကဘုရားဧရိယာအလိုက် နိုင်ငံနှင့် နယ်မြေဒေသများ စာရင်းစုန်းကဝေအတတ်ပဲခူးမြို့ကြာဉာဏ်ရည်တုစိတ်ချရသော လိင်ဆက်ဆံမှုအနိစ္စပန်းသီးစွယ်စုံကျမ်းနရသူ (ပုဂံ)မကွေးမြို့🡆 More