ရောဘီ ဝီလျမ်စ်

ရောဘတ် ပီတာ ဝီလျမ်စ် (အင်္ဂလိပ်: Robert Peter Williams) (မွေးဖွား : ၁၉၇၄-ဖေဖော်ဝါရီ-၁၃) သည် အင်္ဂလိပ်လူမျိုး အဆိုတော်၊ တေးရေးသူနှင့် ဖျော်ဖြေရေးသမားတစ်ဦးဖြစ်သည်။ Take That ပေါ့ပ်ဂီတအဖွဲ့တွင် ၁၉၈၉မှ ၁၉၉၅အထိ အဖွဲ့ဝင်ဖြစ်၍ ထိုအဖွဲ့အဖြစ်စတင် ကျော်ကြားခဲ့သည်။ သို့သော် ၁၉၉၇မှစတင်ကာ တစ်ကိုယ်တော်အဆိုသမားဘဝဖြင့် စီးပွားရေးအရ ပို၍များစွာ အောင်မြင်ခဲ့သည်။ ဝီလျမ်စ်၏ တစ်ကိုယ်တော်သီချင်း(၇)ပုဒ်သည် ယူကေ၌ အဆင့်တစ်ရသော သီချင်းများဖြစ်ကာ စုစုပေါင်း အခွေ(၁၂)ခွေမှ (၁၁)ခွေသည် ယူကေဂီတဇယား၌ အဆင့်(၁) ရသောတေးအယ်လ်ဘမ်များဖြစ်ခဲ့သည်။ ထိုတေးအခွေများမှ (၆)ခွေသည် ယူကေ၏ ထိပ်တန်းရောင်းအားကောင်းသော အခွေ(၁၀၀) စာရင်း၌ပါဝင်ခဲ့ပြီး Close Encounters ဖျော်ဖြေရေးခရီးစဉ်၏ လက်မှတ်စုစုပေါင်း (၁.၆)သန်းကို တစ်ရက်အတွင်း ရောင်းချရသဖြင့် ၂၀၀၆ခုနှစ်၌ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်၌ ပါဝင်လာခဲ့သည်။

ရောဘီ ဝီလျမ်စ်
ရောဘီ ဝီလျမ်စ်
ရုရှားနိုင်ငံမော်စကိုမြို့၊ ၂၀၁၈ ဖီဖာကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနား၌ ဖျော်ဖြေနေသော ရောဘီ ဝီလျမ်စ်
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းရောဘတ် ပီတာ ဝီလျမ်စ်
မွေးဖွား (1974-02-13) ၁၃ ဖေဖော်ဝါရီ၊ ၁၉၇၄ (အသက် ၅၀)
အင်္ဂလန်နိုင်ငံ၊ စတဲဖရှီးယား၊ စတို့ကောန်ထရန့်တ်မြို့
ဂီတဟန်
  • ပေါ့ပ်
  • pop rock
  • soft rock
  • electronic dance
  • alternative rock
အလုပ်အကိုင်
  • အဆိုတော်
  • တေးရေးသူ
  • ဂီတပညာရှင်
  • တေးထုတ်လုပ်သူ
တူရိယာ
  • သီဆို
  • ဂစ်တာ
တက်ကြွသည့်နှစ်များ၁၉၉၀ – လက်ရှိ
တေးသံသွင်း ကုမ္ပဏီ
  • Columbia
  • Island/Universal
  • Virgin
  • EMI/Chrysalis
ပူးတွဲ ပါဝင်မှု
  • Take That
  • Gary Barlow
ဝက်ဘ်ဆိုက်robbiewilliams.com

ဝီလျမ်စ်သည် ဘရစ်ဆု (၁၈)ဆုရရှိသော စံချိန်ရှိ၍ ထိုဘရစ်ဆုများတွင် အကောင်းဆုံး ဗြိတိသျှ အမျိုးသား အနုပညာရှင် (၄)ဆု၊ ဂီတလောကသို့ ထူးချွန်စွာအကျိုးပြုသည့်ဆု (၂)ဆု၊ ဗြိတိသျှယဉ်ကျေးမှုအပေါ် ၎င်း၏တာရှည်စွာ အကျိုးသက်ရောက်နိုင်မှုအတွက် ပုဂ္ဂိုလ်ရေးဂုဏ်ပြုဆု (Brits Icon) များရရှိခဲ့သလို ဂျာမန် ပဲ့တင်သံ ဂီတဆု (ECHO Awards) (၈)ဆု နှင့် ဥရောပဂီတရုပ်သံဆု (MTV) (၃)ဆုလည်းရရှိခဲ့သည်။ ၁၉၉၀နှစ်များ၏ အကြီးကျယ်ဆုံးသော အနုပညာရှင်ဟူ၍ မဲပေးရွေးချယ်ခံရပြီးနောက်၂၀၀၄တွင် ယူကေဂီတဂုဏ်ပြုချီးမြှောက်မှု (UK Music Hall of Fame) ခံရသည်။ ဗြိတိသျှတေးဓာတ်ပြားလုပ်ငန်း (BPI) က ယူကေ၌ တစ်ကိုယ်တောအနုပညာရှင်အနေဖြင့် ခွေသန်းပေါင်း (၁၉.၉) နှင့် သီချင်းအပုဒ်ရေ (၇.၇)သန်းအတွက် ဝီလျမ်စ်ကို အသိအမှတ်ပြုပေးခဲ့သည်။ ၎င်းအခွေများထဲမှ (၅)ခွေသည် ဩစတေးလျဂီတအယ်လ်ဘမ်ဇယားတွင် အဆင့်(၁)ရရှိခဲ့၍ ကမ္ဘာအနှံ့ရောင်းအား ၇၅သန်းကျော်ရောင်းချခဲ့ရပြီး ရောင်းအားအကောင်းဆုံးအနုပညာရှင်များထဲက တစ်ဦးလည်းဖြစ်ပေသည်။ ယူကေ(သီချင်း)အသံလွှင့်ရမှု ဇယား ၂၀၀၀-၂၀၁၀တွင်လည်း ဝီလီယန်စ်သည် နံပါတ်တစ်အဆင့်ရရှိခဲသည်။ ၂၀၀၃ Knebworth ဂီတဖျော်ဖြေပွဲ (၃)ပွဲသည် လူဦးရေ (၃၇၅,၀၀၀) ကိုလာရောက်စေနိုင်ခဲ့သည်။ ထိုအချိန်ထိ ယူကေတွင် အများဆုံး လူဦးရေလည်းဖြစ်သည်။ ၂၀၀၄၌ စတို့ကောန်ထရန့်တ်မြို့(Stoke-on-Trent) လွတ်လပ်မှုဆုရခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားလမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့ကြ၍ လမ်းများကို ဝီလျမ်စ်ကို အစွဲပြု၍ ၎င်းနာမည်ပေးခဲ့ကြသည်။

Take That အဖွဲ့မှ ဆယ့်ငါးနှစ်ကြာ အနားယူခဲ့ပြီး ထိုအဖွဲ့နှင့် ၂၀၁၀-ဇူလိုင်-၁၅ တွင် ပြန်လည်ပေါင်းစည်း၍ တေးသီချင်းများတွဲဖက်ရေးကာ Progress အမည်ဖြင့် အဖွဲ့အခွေကို ဖြန့်ချိခဲ့၍ ယူကေဂီတဇယားသမိုင်းတွင် ဒုတိယမြောက်အမြန်ဆုံးရောင်းချရသည့် အခွေတစ်ခွေဖြစ်သည်။ ထိုအခွေနှင့်ပတ်သက်၍ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှု ခရီးစဉ်ပွဲတွင် ဝီလျမ်စ်၏ တစ်ကိုယ်တော်တေး (၇)ပုဒ်ပါဝင်ကာ ၂၄နာရီအတွင်း လက်မှတ် (၁.၃၄)သန်းရောင်းချရပြီး ယူကေသမိုင်း၌ အများဆုံးရောင်းရသည့် ဂီတပွဲဖြစ်ခဲ့သည်။ ၂၀၁၁နှောင်းပိုင်း၌ ဝီလျမ်စ်သည် တစ်ကိုယ်တော်လုပ်ငန်းကို အရုံစိုက်ရန် အဖွဲ့မှ ခေတ္တထွက်ခွာခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် Gary Barlowမှ ပြောကြားခဲ့သည်။ ထိုခွဲခွာခြင်းသည် အခင်မင်မပျက်ဖြစ်ပြီး အနာဂတ် Take That အဖွဲ့သို့ ပြန်လာမည်ဆိုပါက ကြိုဆိုကြောင်းလည်းပြောဆိုသွားခဲ့သည်။ ထိုအချိန်မှစ၍ ရုပ်မြင်သံကြားအစီအစဉ်သုံးခု၌ အဖွဲ့နှင့်အတူ ပါဝင်ဖျော်ဖြေခဲ့ပြီး Barlow နှင့်လည်း လုပ်ငန်းအတော်တော်များ တွဲဖက်လုပ်ကိုင်ခဲ့ရာ ဝက်စ်အန့်ဒ် ဇာတ်ရုံ၏ The Band ဂီတဖျော်ဖြေရေးလုပ်ငန်းလည်း အပါအဝင်ဖြစ်သည်။

ထွက်ရှိပြီးသော တေးအယ်လ်ဘမ်များ

  • Life thru a Lens (1997)
  • I've Been Expecting You (1998)
  • Sing When You're Winning (2000)
  • Swing When You're Winning (2001)
  • Escapology (2002)
  • Intensive Care (2005)
  • Rudebox (2006)
  • Reality Killed the Video Star (2009)
  • Take the Crown (2012)
  • Swings Both Ways (2013)
  • The Heavy Entertainment Show (2016)
  • The Christmas Present (2019)

ကိုးကား

Tags:

ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

စစ်တွေမြို့ဆောင်းရာသီငါးရာငါးဆယ်ဇာတ်တော်များစာရင်းမင်းပြားမြို့စိုးဝင်း၊ ဗိုလ်ချုပ်ကြီးချင်းတွင်းမြစ်စီးပွားရေးဒီမိုကရေစီဆူခွိုင်း ၃၀သစ္စာဝီကီပီးဒီးယားမိုးလေဝသအာရက္ခတပ်တော်ကယားပြည်နယ်ယူနိုက်တက်ကင်းဒမ်းနိုင်ငံပန်းဆယ်မျိုးကမ္ဘောဇသာဒီရွှေနန်းတော်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များမာရဝိဇယဗုဒ္ဓရုပ်ပွားတော်အဆိပ်ပင်များမွန်ပြည်နယ်မင်္ဂလာတရား ၃၈-ပါးပဋိစ္စသမုပ္ပါဒ်တစ်ကိုယ်ရည်အာသာဖြေခြင်းလိင်စိတ်ဆွခြင်းဘီလူးမှန်နန်း ရာဇဝင်နပိုလီယန်ရေသည်ပြဇာတ်ဘိုးမင်းခေါင်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ကျုံးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၂၄ ပစ္စည်းအော်ကာဘုရင့်နောင်တင်အောင်စန်းအရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသတျာချင်းဗုဒ္ဓမဟာဘုတ်ဂျာနယ်ကျော် မမလေးအောင်ဆန်း၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းစုန်းကဝေအတတ်ကိုယ်ဝန်ဖျက်ချခြင်းမြန်မာနိုင်ငံ၏ သမ္မတနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်စမူဆာမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းအရှေ့တောင်အာရှနိုင်ငံများအသင်းတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကမ္ဘာ့ကုလသမဂ္ဂနေ့သံချပ်ကာယန္တရားတပ်ဖွဲ့မိမိကိုယ်ကို သတ်သေခြင်းဓူဝံကြယ်ဆိုရိုးစကားရွှေမော်ဓောဘုရား(ပဲခူး)လိင်တူစုံမက်ခြင်းစောမောင် (ဗိုလ်ချုပ်မှူးကြီး)ရန်ကုန်တိုင်းစစ်ဌာနချုပ်ပြည်မြို့အင်္ဂလိပ်-မြန်မာ စစ်ပွဲများအချိန်၊ မြန်မာ့ရိုးရာအယုဒ္ဓယသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ည (ရုပ်ရှင်)အရှေ့တောင်အာရှအောင်လကာပြစ်မှုဆိုင်ရာဥပဒေ🡆 More