ဖရက်ဒီ မာကျူရီ

ဖရက်ဒီ မာကျူရီ (မွေးဖွားစဉ်က အမည် ဖာရွတ် ဘူလ်ဆာရာ ၁၉၄၆ စက်တင်ဘာ ၅-၁၉၉၁ နိုဝင်ဘာ ၂၄) သည် ဗြိတိသျှ အဆိုတော်၊​သီချင်းရေးဆရာ၊ တေးထုတ်လုပ်သူ နှင့် ကွင်းစ်တေးဂီတအဖွဲ့၏ ခေါင်းဆောင် အဆိုတော်တစ်ဦး ဖြစ်သည်။ ရော့ခ်ဂီတ၏ သမိုင်းကြောင်းတွင် အကြီးကျယ် အခမ်းနားဆုံးသော ခေါင်းဆောင်အဆိုတော် တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး သူသည် စင်ပေါ်တွင် တောက်ပြောင်မြူးကြွစွာ ဖျော်ဖြေလေ့ ရှိသည့် အမူအရာ နှင့် စတုတ္တ အောက်တေ့ဗ် ရှိသည့် အသံကြောင့် ထင်ရှားသည်။ မာကျူရီသည် ရော့ခ်တီးဝိုင်းများ၏ ရှေ့ထွက် အဆိုတော် ပုံစံကို သွေဖည်ခဲ့ပြီး ပြဇာတ်တစ်ခုတွင် သရုပ်ဆောင်နေသည့် စတိုင်လ်ဖြင့် ဖျော်ဖြေခြင်းကြောင့် ကွင်းစ်တေးဂီတအဖွဲ့၏ လမ်းကြောင်းကို လွှမ်းမိုးခဲ့သည်။

ဖရက်ဒီ မာကျူရီ
ဖရက်ဒီ မာကျူရီ
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းဖာရွတ် ဘူလ်ဆာရာ
ဂီတဟန်ရော့ခ်၊​ပေါ့ပ်
အလုပ်အကိုင်ဂီတသမား၊ အဆိုတော်၊​သီချင်းရေးဆရာ၊​ ဓာတ်ပြားထုတ်လုပ်သူ၊​အနုပညာရှင်၊​ စာရေးဆရာ
တူရိယာစန္ဒရား၊​ဂစ်တာ
တက်ကြွသည့်နှစ်များ၁၉၆၉-၁၉၉၁
တေးသံသွင်း ကုမ္ပဏီကိုလမ်ဘီယာ၊ ပိုလီဒေါ်၊ အီးအမ်အိုင်၊ ပါလိုဖုန်း နှင့် ဟောလိဝုဒ် ဓာတ်ပြား
ပူးတွဲ ပါဝင်မှုQueen

၁၉၄၆ ခုနှစ်တွင် ဇမ်ဇီဘာနိုင်ငံတွင် ပါစီ-အိန္ဒိယ မိဘများမှ ဖွားမြင်ခဲ့ပြီး သူသည် အင်္ဂလိပ်ပုံစံ ကျောင်းအိပ်ကျောင်းစားအဖြစ် အသက် ၈ နှစ်အရွယ်မှ စတင် ပညာသင်ကြားခဲ့ပြီး အထက်တန်းအောင်မြင်မှသာ ဇမ်ဇီဘာသို့ ပြန်လာခဲ့သည်။ ၁၉၆၄ တွင် သူ၏ မိသားစုသည် ဇမ်ဇီဘာတော်လှန်ရေး အတွင်း နိုင်ငံမှ ထွက်ပြေးခဲ့ပြီး အင်္ဂလန်နိုင်ငံ မစ်ဒယ်လ်ဆက်စ် သို့ ပြောင်းရွှေ့လာခဲ့ကြသည်။ ဂီတကို နှစ်ပေါင်းများစွာ သင်ကြား ရေးသားခဲ့ပြီးနောက် ၁၉၇၀ ခုနှစ်တွင် ဂစ်တာသမား ဘရိုင်ယန်မေ၊ ဒရမ်တီးသူ ရော်ဂျာတေလာတို့ နှင့် အတူ ကွင်းစ်တေးဂီတ အဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။ မာကျူရီသည် ကွင်းစ်အဖွဲ့အတွက် နာမည်ကြီး သီချင်းများစွာကို ရေးသားခဲ့ပြီး ကေးလာကွင်းစ် (Killer Queen)၊ ဘိုဟီးမီးယမ်း ရက်ပ်ဆိုဒီ (Bohemian Rhapsody)၊ ဆမ်းဘာဒီ တူ လပ်ဗ် (Somebody to Love) ၊​ ဝီအာ သည် ချန်ပီယံ (We Are the Champions) ၊ ဒုန့် စတော့ပ် မီ နောင်း (Don't Stop Me Now) နှင့် ခရေဇီ လစ်တဲလ် သင်း ကောလ် လပ်ဗ် (Crazy Little Thing Called Love) စသည်တို့ ပါဝင်သည်။ သူ၏ ညှို့အားပြင်းသော စင်ပေါ်မှ ဖျော်ဖြေမှုတွင် ၁၉၈၅ ရန်ပုံငွေပွဲတွင် ဖျော်ဖြေမှုကဲ့သို့ ပရိသတ်များနှင့် အပြန်အလှန် ကူးလူးဆက်ဆံမှု ရှိနေသည်ကို တွေ့မြင်နိုင်သည်။ သူသည် တစ်ဦးတစ်ယောက်တည်းလည်း အလုပ်လုပ်ခဲ့ပြီး အခြားသော အနုပညာရှင်များအတွက် ထုတ်လုပ်သူ နှင့် ဧည့်သည်အဆိုရှင် အဖြစ် လုပ်ဆောင်ပေးခဲ့သည်။

မာကျူရီသည် ၁၉၉၁ ခုနှစ် အသက် ၄၅ နှစ် အရွယ်တွင် အေအိုင်ဒီအက်စ် ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူမကွယ်လွန်မီ တစ်ရက်အလိုက သူသည် ထိုရောဂါရှိနေကြောင်း အတည်ပြုပြောကြားခဲ့ပြီး ၁၉၈၇ ခုနှစ်ကတည်းက ရောဂါတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ရောဂါတွေ့ရှိပြီး နောက်တွင်လည်း မာကျူရီသည် ကွင်းစ်နှင့် အတူ ဆက်လက် အသံသွင်းခဲ့ပြီး သူကွယ်လွန်ပြီးနောက် မှ ထွက်ရှိသော "ကောင်းကင်ဘုံတွင် ပြုလုပ်သည်"​အယ်လ်ဘမ်တွင် သူ့အား အသားပေးဖော်ပြခဲ့သည်။​ ၁၉၉၂ တွင် ဖရက်ဒီမာကျူရီ အမှတ်တရ ဂီတဖျော်ဖြေပွဲကို ဝမ်ဘလေအားကစားရုံတွင် ပြုလုပ်ကျင်းပခဲ့သည်။​သူ၏ ကွင်းစ်တွင် ပါဝင် ပတ်သက်မှုကို ၂၀၁၈ ခုနှစ် ရုပ်ရှင် "ဘိုဟီးမီးယမ်း ရက်ပ်ဆိုဒီ" တွင် ဇာတ်လမ်းဆင် ဖော်ပြခဲ့သည်။

ကွင်းစ်၏ အဖွဲ့ဝင် တစ်ယောက်အနေဖြင့် မာကျူရီအား သူကွယ်လွန်ပြီးနောက် အမေရိကန်ရှိ ရော့ခ်အင်ရိုးလ် ကျော်ဇောသူ ခန်းမစာရင်းသို့ ၂၀၀၁ ခုနှစ်၌ လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် ကျော်ဇောသူ တေးရေးဆရာ ခန်းမ စာရင်းသို့ လည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် ယူကေ ကျော်ဇောသူ ဂီတခန်းမ စာရင်းသို့ လည်းကောင်း ထည့်သွင်းဖော်ပြခံရသည်။ ၁၉၉၀ ခုနှစ်တွင် ဖရက်ဒီနှင့် အခြား ကွင်းစ်တီးဝိုင်းအဖွဲ့သားများအား ဗြိတိသျှဂီတသို့ ပြောင်မြောက်စွာ ပံ့ပိုးမှုအတွက် ဘရစ် ဆု ချီးမြှင့်ခြင်း ခံရပြီး သူကွယ်လွန်ပြီး တစ်နှစ်ကြာတွင် သူ့အား သီးသန့် ချီးမြှင့် ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဗြိတိသျှ တေးသီချင်း ဖန်တီးသူ အကယ်ဒမီမှ ကွင်းစ်အဖွဲ့အား အိုင်ဗော် နိုဗယ်လို ဆုအား ပြောင်မြောက်သော သီချင်းအများအပြား စုစည်းနိုင်ခြင်း အတွက် ချီးမြှင့်ခဲ့သည်။​၂၀၀၂ ခုနှစ်တွင် မာကျူရီသည် ဘီဘီစီမှ ကောက်ယူသော "အခမ်းနားဆုံး ဗြိတိသျှ ၁၀၀"​စစ်တမ်းတွင် အဆင့် ၅၈ ချိတ်ခဲ့သည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂျိုးဇတ် စတာလင်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ပအိုဝ်းလူမျိုးဧရာဝတီတိုင်းဒေသကြီးမြန်မာနိုင်ငံ၏ အလံတော်အစ္စလာမ်ဘာသာသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ယောလူမျိုးထိုင်းနိုင်ငံအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကင်ဆာရောဂါပထမ ကမ္ဘာစစ်ယူကျူ့ဘ်ဒြပ်စင်နွားမင်းပြားမြို့ဩကာသ ဘုရားရှိခိုးပိုပေါ့သင်္ဂါယနာဘာသာစကားမိန်းမ မျိုးပွားအင်္ဂါမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီခင်ညွန့် (ဗိုလ်ချုပ်ကြီး)တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းရန်ကုန်ပြည်သူ့ဆေးရုံကြီးပဲခူးမြို့အချိန်၊ မြန်မာ့ရိုးရာသာလွန်မင်းကြာနီကန်ဆရာတော်ဘန်ကောက်မြို့မြင့်မြတ်တပ်မတော်ဒုံးတပ်ဖွဲ့ဘဏ်မြန်မာနာမည်အာဆင်နယ်ဘိုးမင်းခေါင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အိုမန်နိုင်ငံကြို့ထိုးခြင်းတရုတ်မြန်မာနိုင်ငံ၏ အမည်များစကားထာစောဘဦးကြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနချုပ်မှော်ပညာသရေခေတ္တရာစိန်ပြစ်မှုဆိုင်ရာဥပဒေပညာရေးဝန်ကြီးဌာနတင်အောင်စန်းအရှေ့တောင်အာရှနိုင်ငံများအသင်းMinecraftဓူဝံကြယ်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကမ္ဘောဇသာဒီရွှေနန်းတော်တတိယ အင်္ဂလိပ် - မြန်မာစစ်ကျောက်ကပ်စုန်းကဝေအတတ်လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံသန်လျင်မြို့ရှင်သီဝလိဂါထာမိုးလေဝသအသည်းရောင် အသားဝါ ရောဂါ ဘီပိုးတစ်သောင်းကျပ်တန် ငွေစက္ကူမြန်မာနိုင်ငံ၏ ရပ်ကွက်များပျူမြို့ပြနိုင်ငံများဇီဝဇိုးငှက်🡆 More