(၂) ဒေါ်ခင်နီ (၁၉၃၈ ခုနှစ်တွင် လက်ထပ်)
မန်းဘခိုင် | |
(၁၉၀၃-၁၉၄၇) | |
မွေးသက္ကရာဇ် | ၁၂၆၅-ခုနှစ် တန်ဆောင်မုန်းလဆန်း (၇)ရက်နေ့ ၂၆ အောက်တိုဘာ ၁၉၀၃ ခုနှစ် |
အမည်ရင်း | မန်းဘခိုင် |
မိဘအမည် | မန်းပေကုန်း + ဒေါ်ပု |
မွေးဖွားရာဒေသ | ယုန်သလင်းရွာ ဟင်္သာတမြို့ ဧရာဝတီတိုင်း |
နိုင်ငံသား | မြန်မာနိုင်ငံ |
လူမျိုး | ကရင်လူမျိုး |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ပညာအရည်အချင်း | (၇) တန်း |
အလုပ်အကိုင် | ဝန်ကြီး၊ စက်မှုလက်မှုနှင့် အလုပ်သမား ဝန်ကြီးဌာန |
ကြင်ဖော် | (၁) နန့်အေးလုံ(ခ)နန့်စိန်ကြည် (၁၉၂၃ ခုနှစ်တွင်လက်ထပ်) |
သားသမီး | |
ထင်ပေါ်ကျော်ကြားမှု | အာဇာနည် ကိုးဦး |
ထင်ရှားသည့်လက်ရာများ | |
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ | |
ကွယ်လွန်ရက် | ၁၉ ဇူလိုင် ၁၉၄၇ |
ကွယ်လွန်ရာဒေသ | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
လက်မှတ် | [[Image:|100px]] |
ကွန်ယက် |
မန်းဘခိုင်သည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
မန်းဘခိုင် သည် ဟင်္သာတမြို့မှ ၁၅-မိုင်ခန့်ဝေးသော ဟင်္သာတ-ပုသိမ် မီးရထား လမ်းပေါ်ရှိ၊ ယုန်သလင်းရွာ ရွာသူကြီး-မန်းပေကုန်း၊ ဒေါ်ပုတို့၏ ပဉ္စမသားဖြစ်သည်။ ၁၂၆၅-ခုနှစ် တန်ဆောင်မုန်းလဆန်း ၇-ရက်နေ့တွင် ယုန်သလင်းရွာတွင် မွေးဖွားသည်။
ဟင်္သာတမြို့ (--)ကျောင်းတွင်ပညာသင်ကြားခဲ့ရာ၊ ၁၉၂ဝ ခုနှစ်တွင် ၇ တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက် ဘားမားရိုင်ဖယ်တပ်သို့ ဝါသနာ အလျောက်ဝင်ရာ၊ မိဘများကသဘောမတူသဖြင့် ထွက်၍ ရန်ကုန်မြို့ စေကော ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်သည်။
၁၉၂၆ ခုနှစ်တွင် မိမိလက်အောက်မှ ကရင်အမျိုးသား စာရေးတစ်ဦး ကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီမန်နေဂျာနှင့် သဘောမတိုက်ဆိုင်ဖြစ်ကာ အလုပ်မှ နုတ်ထွက်သည်။ ထိုနောက် မန်းဘခိုင်သည် ယုန်သလင်းရွာသို့ပြန်ကာ ညီအစ်ကိုများစု၍ အောင်ခင်ညီများကုမ္ပဏီ ဟူသော အမည်ဖြင့်လုပ်ငန်းတစ်ခုထောင်လျက် ရပ်သူရွာသားများ သက်သာချောင်ချိရေး အတွက် သမဝါယမနည်းဖြင့် အရောင်းအဝယ်လုပ်ကိုင်သည်။
ယင်းသို့အရောင်းအဝယ်လုပ်ရင်း ကလေးသူငယ်များ ကရင်ဘာသာကိုသင်ကြားနိုင်စေရန် မိမိကိုယ်တိုင် ငွေကုန်ကြေးကျခံကာ ကျောင်းတစ်ကျောင်းဖွင့်၍ ကိုယ်ဖိရင်ဖိ စီမံအုပ်ချုပ်သည်။ အရောင်းအဝယ်ကိစ္စ၊ ကျောင်းကိစ္စများဖြင့် ရန်ကုန်သို့ မကြာခဏ ရောက်ရှိရာ ကရင်ခေါင်းဆောင်ကြီးများဖြစ်သော ဆစ်ဒနီလူနီ၊ ဆရာကြီး မန်းရွှေဘ (ဆရာရွှေဘ)တို့နှင့် တွေ့ဆုံဆွေးနွေးမိရာမှ ကရင်လူငယ်များ အသင်းကိုစတင်ဖွဲ့စည်းခဲ့သည်။
၁၉၃၇ ခုနှစ် ပုသိမ်မြောက်ပိုင်း အမတ်တစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ မန်းဘခိုင်အရွေးခံရသည်။
မန်းဘခိုင်သည် ၁၉၂၃ခုဧပြီလ(၂)ရက်နေ့တွင် ယုန်သလင်းရွာမှမန်းဘိုးညွန့်ဒေါ်နန်းကီးတို့၏ သမီးနန့်အေးလုံ(ခ)နန့်စိန်ကြည်နှင့်လက်ထပ်ခဲ့ပြီး သားသမီး(၈)ဦးထွန်းကားခဲ့သည်။ သားသမီးများမှာ၊ မန်းချစ်ခင်ခိုင်၊ နန့်ခင်ရီခိုင်၊ မန်းချစ်တင်ခိုင်၊ နန့်ခင်စီခိုင်၊ မန်းချစ်ရင်ခိုင်၊ မန်းချစ်ရှင်ခိုင်၊ မန်းချစ်ဌေးခိုင်၊ နန့်ခင်ဌေးရီခိုင်တို့ဖြစ်ကြသည့်အနက်မှ နန့်ခင်ရီခိုင်မှာ လက်ရှိ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၏မိခင်ဖြစ်ပါသည်။
မန်းဘခိုင်သည် ၁၉၃၈ခု မတ်လ ၂၃ ရက်နေ့တွင် ပဲခူးမြို့ သူဌေးဦးဖောက်၏သမီးထွေး ဒေါ်ခင်နီနှင့် ထပ်မံလက်ထပ်ပြီး သားသမီး၂ဦး ရရှိခဲ့သည်။
၁၉၄၁-ခုနှစ်တွင် တရားရေးဌာနဝန်ကြီး စောဖေသာ၏ အတွင်းဝန်ကလေး အဖြစ်ခန့်ထားခြင်းခံရသည်။ ငှက်ပျောခြံလုပ်သော ကရင်အမျိုးသားများသာရှိပြီး ကရင် အမျိုးသားပိုင် ငှက်ပျောပွဲရုံမရှိသည်ကို တွေးမိကာ စစ်ကြီးအတွင်းက ပုဇွန်တောင်ဈေး တံတားအနီးတွင် ငှက်ပျောပွဲရုံစတင်ဖွင့်ခဲ့သည်။
ငှက်ပျောပွဲရုံလုပ်ငန်း အခြေကျသောအခါ ထိုလုပ်ငန်းကို ဇနီးသည်နှင့် လွှဲထား၍ နိုင်ငံရေးကို စိတ်ရောကိုယ်ပါ ဆောင်ရွက်ပြန်သည်။ ၁၉၄၄ နှစ်ဦးတွင် ၎င်းတို့ငှက်ပျောပွဲရုံပေါ် ဗုံးကျသဖြင့် မိသားစု ယုန်သလင်းရွာသို့ပြန်ကြသည်။ ယုန်သလင်းတွင် ကရင်လူငယ်များကိုစု၍ ဖက်ဆစ်တော်လှန်ရေးအတွက် ကိုယ်ဖိရင်ဖိဆောင်ရွက်သည်။
၁၉၄၅-ခုနှစ်တွင် စစ်ပြီး၍ ရန်ကုန်မြို့သို့ပြန်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူလက်တွဲပြီး ဖဆပလအဖွဲ့ကြီး ဖြစ်မြောက်ရေးအတွက်ကြိုးပမ်းသည်။ အဖွဲ့ကြီး ဖွဲ့စည်းပြီးသောအခါ ဗဟိုအမှုဆောင်လူကြီးအဖြစ် ဆောင်ရွက်ရသည်။ ထိုအချိန်တွင် ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရပြန်သည်။
၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် မြစ်ဝကျွန်းပေါ် ဖဆပလ ဖွဲ့စည်းရေး တာဝန်ခံအဖြစ်နယ်ထွက်နေစဉ် ဖဆပလအဖွဲ့ကြီးအား ဘုရင်ခံအမှုဆောင် ဝန်ကြီးအဖွဲ့ ဖွဲ့စည်းရန် ဘုရင်ခံကလွှဲအပ်သည်တွင် မန်းဘခိုင်သည် စက်မှုလက်မှုနှင့် အလုပ်သမားဌာန ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံရသည်။
၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-ရက်နေ့တွင် ဝန်ကြီးအဖွဲ့အစည်းအဝေး ကျင်းပနေစဉ် လူမသမာတို့လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။
This article uses material from the Wikipedia မြန်မာဘာသာ article မန်းဘခိုင်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.