ဟယ်ရီပေါ်တာ

ဟယ်ရီပေါ်တာ (အင်္ဂလိပ်: Harry Potter ၊ ဟာရီပေါ့တာ ဟုလည်း အသံထွက်/စာလုံးပေါင်းကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားသော လူကြိုက်များထင်ရှားသည့် နာမည်ကြီး ဆန်းကြယ်စိတ်ကူးယဉ် ဝတ္ထုရှည် (Fantasy novels) စာအုပ်အတွဲ (စီးရီး - Series) တစ်ခု ဖြစ်သည်။ ထိုဝတ္ထုများသည် ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီး (Hogwarts School of Witchcraft and Wizardry) တွင် တက်ရောက်ကြသည့် စုန်းကဝေလူငယ်လေး ဟယ်ရီပေါ်တာနှင့် သူ၏ သူငယ်ချင်းများဖြစ်သော ဟာမိုင်အိုနီ ဂရန်ဂျာ (Hermione Granger) ဆိုသည့် စုန်းကဝေမလေး၊ ရော်နယ် ဝီစလေ (Ronald Weasley) ဆိုသည့် စုန်းကဝေလေး စသူတို့၏ ဘဝဇာတ်ကြောင်းဖြစ်ရပ်များကို မှတ်တမ်းတင်ထားခြင်းသဖွယ် ရေးသားထားခြင်း ဖြစ်၏။ ဇာတ်လမ်းကျောရိုးမှာ စုန်းကဝေလောက၏ ကိုယ်ပိုင်အစိုးရ (wizard governing body) မှော်ပညာဝန်ကြီးဌာန (Ministry of Magic) ကို သိမ်းယူ၍ မက်ဂယ် (Muggle) ခေါ် စုန်းကဝေးမဟုတ်သူ သာမန်လူတို့နှင့် စုန်းကဝေများအားလုံးအပေါ် အုပ်ချုပ်ကြီးစိုးချင်သော အဆိုးတကာ့ အဆိုးဆုံး ဟုပင် ဆိုနိုင်သည့် မိစ္ဆာစုန်းဆိုး (dark wizard) လော့ဒ် ဗော်ဒီမော့ (Lord Voldemort) ကို အသေအကျေ အကြိတ်အနယ် ချေမှုန်းကြသော ဟယ်ရီတို့ သူငယ်ချင်းတစ်စု၏ သည်းထိတ်ရင်ဖို စွန့်စားတိုက်ခိုက်ခန်းများအကြောင်းပင် ဖြစ်လေသည်။

ဟယ်ရီပေါ်တာ
Harry Potter
The Harry Potter logo first used for the American edition of the novel series (and some other editions worldwide), and then the film series.
အမေရိကန်ထုတ် စာအုပ်များ (နှင့် ကမ္ဘာတလွှား အခြား 'ထုတ်ဝေခြင်း' အချို့) တွင် သုံးစွဲ၍ ရုပ်ရှင်ကားများ၌ ပါဝင်ခဲ့သော ဟယ်ရီပေါ်တာ အမှတ်တံဆိပ်
စာရေးသူဂျေ ကေ ရိုးလင်း
J. K. Rowling
နိုင်ငံယူနိုက်တက်ကင်းဒမ်း
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားဆန်းကြယ်စိတ်ကူးယဉ် (Fantasy)၊ ဒရမ်မာ (Drama)၊ အရွယ်ရောက်စလူငယ်ဖတ်ရသ (Young Adult Fiction)၊ လျှို့ဝှက်ဆန်းကြယ် (Mystery)၊ သည်းထိတ်ရင်ဖို (Thriller)၊ ဘေလ်ဒန်စရိုမန် (Bildungsroman) ခေါ် တစ်‌‌ဦးတယောက်၏ ဘဝအထူးပြု ဝတ္ထုရှည်
ထုတ်ဝေသူ
ထုတ်ဝေခဲ့၁၉၉၇ ဇွန် ၂၆ - ၂၀၀၇ ဇူလိုင် ၂၁ (ကနဦး ထုတ်ဝေခြင်း)
မီဒီယာအမျိုးအစားပုံနှိပ်စာပေ (အဖုံးမာစာအုပ်နှင့် အဖုံးပျော့စာအုပ်)
အသံစာအုပ် (Audiobook)
အီးဘွတ်ခ် (E-book)
စာအုပ်အရေအတွက်၇ အုပ်
ဝက်ဘ်ဆိုဒ်wizardingworld.com

ဟယ်ရီပေါ်တာ စာအုပ်စီးရီး၏ ပထမဆုံးဝတ္ထုဖြစ်သော ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး စာအုပ်ကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် စတင်ထုတ်ဝေဖြန့်ချိခဲ့သည်။ စတင်ထုတ်ဝေချိန်ကပင် စာအုပ်သည် ရေပန်းစားမှု၊ ဝေဖန်ရေးဆရာများ၏ ချီးကျူးဂုဏ်ပြုမှု၊ စီးပွားရေးအရ အောင်မြင်မှုတို့ဖြင့် ကမ္ဘာတစ်ဝန်း လွန်စွာနာမည်ကျော်ကြားလာခဲ့သည်။ ထိုစာအုပ်များကို ကလေးသူငယ်တို့အပြင် ယန်း အဒေါ့လ်တ် (Young Adult) ခေါ် အရွယ်ရောက်စ လူငယ်များ၊ သက်ကြီးစာဖတ်သူများကပါ စိတ်ဝင်စားစွာ ဖတ်ရှုကြ၏။ ခေတ်သစ် အရွယ်ရောက်စလူငယ်ဖတ်စာပေနယ်ပယ် ၏ မှတ်တိုင် ဟုပင် တင်စားခေါ်ဝေါ်လေ့ရှိသော စီးရီးဖြစ်၏။ ထိုစာအုပ်စီးရီးကို ကမ္ဘာအနှံ့ အုပ်ရေ သန်း ၅၀၀ ကျော် ရောင်းချခဲ့ပြီးဖြစ်ရာ ကမ္ဘာ့အရောင်းရဆုံးစာအုပ်စီးရီးအဖြစ် မှတ်တမ်းတင်လျက်ရှိသည်။ ဘာသာစကားပေါင်း ၈၀ သို့လည်း ပြန်ဆိုပြီးဖြစ်၏။

မြန်မာဘာသာပြန်များ

ဟယ်ရီပေါ်တာစာအုပ်များအားလုံးကို မြန်မာ စာရေးဆရာ စာရေးဆရာမများစွာက မြန်မာဘာသာသို့ ပြန်ဆိုထားပြီးဖြစ်သော်လည်း နိုင်ငံတကာအသိအမှတ်ပြုသော၊ တရားဝင်ဘာသာပြန်မူပိုင်ခွင့်ရထားသော အခြေအနေတွင် မရှိသေးသဖြင့် ပြန်ဆိုထားပြီး ဘာသာစကားများ စာရင်းအသွင်းမခံရသေးပေ။ မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေထားသည့် စာအုပ်အမည်များမှာ -

(၁) ခင်မောင်တိုး (မိုးမိတ်) - ဟယ်ရီပေါ်တာနှင့် ဓာတ်လုံး (Harry Potter and the Philosopher's Stone သို့မဟုတ် Harry Potter and the Sorcerer's Stone ကို အကျဉ်းချုပ်၍ ပြန်ဆို)

(၂) နန္ဒသူ - ဟာရီပေါ့တာနှင့် ပြဒါးရှင်လုံး (Harry Potter and the Philosopher's Stone သို့မဟုတ် Harry Potter and the Sorcerer's Stone ကို ပြန်ဆို)

(၃) မင်းခိုက်စိုးစန် - ဟယ်ရီပေါ်တာနှင့် မှော်ပြဒါးရှင်လုံး (Harry Potter and the Philosopher's Stone သို့မဟုတ် Harry Potter and the Sorcerer's Stone ကို ပြန်ဆို)

(၄) ကောင်းမြတ်လွန်းသော် - ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး၏ လျှို့ဝှက်ချက် (Harry Potter and the Philosopher's Stone သို့မဟုတ် Harry Potter and the Sorcerer's Stone ကို ပြန်ဆို)

(၅) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် မှော်ကျောက်တုံး (Harry Potter and the Philosopher's Stone သို့မဟုတ် Harry Potter and the Sorcerer's Stone ကို တရုတ်ဘာသာမှ ပြန်ဆို)

(၆) မင်းခိုက်စိုးစန် - ဟယ်ရီပေါ်တာနှင့် မိစ္ဆာခန်းဆောင် (Harry Potter and the Chamber of Secrets ကို ပြန်ဆို)

(၇) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် လျှို့ဝှက်အခန်း (Harry Potter and the Chamber of Secrets ကို တရုတ်ဘာသာမှ ပြန်ဆို)

(၈) မင်းခိုက်စိုးစန် - ဟယ်ရီပေါ်တာနှင့် ဝိဉာဉ်နှုတ်အကျဉ်းသား (Harry Potter and the Prisoner of Azkaban ကို ပြန်ဆို)

(၉) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန်အကျဉ်းသား (Harry Potter and the Prisoner of Azkaban ကို တရုတ်ဘာသာမှ ပြန်ဆို)

(၁၀) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် မီးတောက်ခွက် (Harry Potter and the Goblet of Fire ကို တရုတ်ဘာသာမှ ပြန်ဆို)

(၁၁) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် ဖီးနစ်အဖွဲ့ (Harry Potter and the Order of the Phoenix ကို တရုတ်ဘာသာမှ ပြန်ဆို)

(၁၂) ချစ်ဦးတင် - ဟယ်ရီပေါ်တာနှင့် သွေးတစ်ဝက်မှော်ဝိဇ္ဇာ (Harry Potter and the Half-blood Prince ကို ပြန်ဆို)

(၁၃) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား (Harry Potter and the Half-blood Prince ကို တရုတ်ဘာသာမှ ပြန်ဆို)

(၁၄) ကောင်းမြတ်လွန်းသော် - ဟယ်ရီပေါ်တာနှင့် မှော်ဝင်ရတနာ (Harry Potter and the Deathly Hallows ကို ပြန်ဆို)

(၁၅) ချစ်ဦးတင် - ဟယ်ရီပေါ်တာနှင့် တြိမရဏဂမ္ဘီရလက်ဆောင် (Harry Potter and the Deathly Hallows ကို ပြန်ဆို)

(၁၆) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင် (Harry Potter and the Deathly Hallows ကို တရုတ်ဘာသာမှ ပြန်ဆို)

ကိုးကား

Tags:

ဂျေ ကေ ရိုးလင်းဟယ်ရီပေါ်တာ (ဇာတ်ကောင်)အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မျက်စိနာခြင်းမဂ္ဂသစ္စာမြန်မာနိုင်ငံ၏ ရွာများမြန်မာ ငွေစက္ကူ သမိုင်းချောင်းသာကမ်းခြေစု၊ ဒေါ် (ဗိုလ်ချုပ်အောင်ဆန်းမိခင်)အင်္ဂလိပ်ဘာသာစကားနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကချင်လူမျိုးလိင်ပြန်ခြင်းပုဂံမင်းမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်သရဏဂုံစိတ်ပညာကျန်စစ်သားကရင်ပြည်နယ်အနော်ရထာတောင်ငူခေတ်တောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းကျောက်ကပ်ရောင်ရောဂါလိင်မှတဆင့် ကူးစက်တတ်သော ရောဂါလွတ်လပ်ရေးကျောက်တိုင်ခွေးစကားပြောအတတ်တောင်ကိုရီးယားနိုင်ငံမြန်မာ့သမိုင်းကြာပြစ်မှုဆိုင်ရာဥပဒေရခိုင်ပြည်နယ်ငါးမျိုးစိတ်များ စာရင်းနန်းမွေစံတပင်ရွှေထီးရှမ်းပြည်နယ်စစ်ဆောင်ပန္နားရာသီဥတုပြောင်းလဲမှုငပလီကမ်းခြေသီဟသူရဘွဲ့ပါရာဇိကရွှေစာရံ စေတီတော် (မန္တလေး)မြဝတီမြို့သင်္ဂါယနာမဲဆောက်မြို့မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)လ (ကမ္ဘာရံဂြိုဟ်)သိပ္ပံမောင်ဝမြန်မာနိုင်ငံ၏ နိုင်ငံရေးငရဲကြီးရှစ်ထပ်မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမက်လင်ပင်ပုညခင်ချစ်လှစွာသော အမုန်းစိတ်ဂုဏ်တော်ရန်ကုန်တိုင်းစစ်ဌာနချုပ်ဆက်သွယ်ရေးတပ်ဖွဲ့ဥပုသ်နေ့နတ်ပင့်ဂါထာမိမိကိုယ်ကို သတ်သေခြင်းမြန်မာပြည် စာတိုက် သင်္ကေတများတပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး)အဝလွန်ခြင်းဗုဒ္ဓဘာသာဆော်ဒီအာရေဗျနိုင်ငံပတ္တမြားမြန်မာ-အင်္ဂလိပ် အဘိဓာန်နတ်မင်းကြီးလေးပါးMinecraftစိန်မာမာအေးပြည်သူ့ခုခံတော်လှန်စစ်လေးဖြူမယ်နုအုတ်ကျောင်း🡆 More