သဲကျောက်၊ ကျောက်စရစ်ကဲ့သို့သော မြေအောက်ရှိ ကျောက်ပွ အထပ်ထပ်ကို လွန်သွားဖြင့် နက်စွာ ဖောက်ထွင်းရာမှ ဖိအားဖြင့် မြေပေါ်သို့ ရေများပန်း၍ တက်လာသည့် တွင်းကို အဝီစီတွင်းဟု ခေါ်သည်။ မြေအောက်ရှိရေသည် ရေစိမ့်ဝင်နိုင်သော ကျောက်ပွလွှာ တွင်ရှိရာ ထိုကျောက်ပွလွှာသည် မာ၍ ကျစ်လျစ်ပြီးလျှင် ရေစိမ့်မဝင်နိုင် သော အထက်အောက် ကျောက်ထပ်လွှာနှစ်ခု၏ အကြားတွင် ညပ်လျက်ရှိနေသည်။ အထက်မှမာ၍ ကျစ်လျစ်သော ကျောက် ထပ်က ဖုံးအုပ်ထားသဖြင့် အပေါ်သို့ရေများ ထိုးထွက်မသွား နိုင်ပေ။ အောက်မှလည်း အလားတူ မာ၍ ကျစ်လျစ်သော ကျောက်လွှာက ခံထားသောကြောင့် အောက်သို့ နောက်ထပ် ရေစိမ့်၍ ထွက်မသွားနိုင်ချေ။
ကျောက်ပွလွှာအကြောသည် တစ်ဖက်တွင် အတော်အတန် မြင့်သော မြေမျက်နှာပြင်ပေါ်တွင် တည်ရှိနေ၍ ထိုနေရာမှ မြေအောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားလေသည်။ မိုးရွာ သည့်အခါတွင်ဖြစ်စေ၊ ဆီးနှင်းများ ပျော်သည့်အခါတွင်ဖြစ်စေ ရေသည် ထိုကျောက်ပွလွှာထိပ်မှ အကြောအတိုင်း တစိမ့်စိမ့် အောက်သို့ စိမ့်ဝင်သွားပြီးလျှင် နိမ့်သောနေရာ တစ်နေရာသို့ စီးသွားကာ သာမန် စမ်းရေပေါက်အဖြစ်ဖြင့် ထွက်တတ်လေ သည်။ ထိုသို့ ထွက်ပေါက်မရှိပဲ ကျောက်လွှာထပ်နှစ်ခုကြားတွင် ပိတ်မိလျက်ရှိသော ထိုရေမျိုးရှိသည့်နေရာတွင် အဝီစီတွင်း တူးဖောက်လိုက်သည့်အခါ အထက်မှ ဖိအားကြောင့် ရေသည် မြေမျက်နှာပြင်ပေါ်သို့ ပန်း၍ တက်လာလေသည်။ အချို့ အဝီစီတွင်းမှ ရေသည် မြေမျက်နှာပြင်ပေါ်သို့ ပန်း၍တက်လာ လေ့ရှိသော်လည်း အချို့တွင်းများတွင် ရေသည် အပေါ်သို့ ပန်း၍ တက်မလာသဖြင့် စက်ဖြင့် စုတ်ယူကြရသည်။
ခြောက်သွေ့သော သဲကန္တာရမြေများတွင် တစ်ခါတစ်ရံ တစ်မိုင်နီးပါးမျှ နက်စွာ ဖောက်ထွင်းတူးရာမှ မြေအောက် စမ်းရေကို တွေ့ရှိရသဖြင့် ရေများ ပန်းတက်လာရာ ထိုတစ် ဝိုက်တွင် ဥယျာဉ်များ၊ လယ်ယာများ၊ နွားစားကျက်များ ဖြစ် လာကြသည်။ ဆဟားရား သဲကန္တာရတွင် လှည့်လည် နေထိုင် ကြသူများသည် ဤကဲ့သို့သော အဝီစီတွင်းမျိုး တစ်ဝိုက်တွင် သာ လုပ်ကိုင်နေထိုင်ကြသည်။ 0x100သစတြေီးလီးယားတိုက်ရှိ ကျွဲနွား မွေးမြူရာ ဌာနကြီးများသည် အဝီစီတွင်းမှ ရေ၏ ကျေးဇူးကြောင့် တည်တံ့လျက်ရှိကြသည်။ ရှေးအခါက ဤ အဝီစီတွင်းမျိုးကို အီဂျစ်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် အရှေ့တိုင်း နိုင်ငံများတွင် တူးခဲ့ကြဖူးသည်။ ပြင်သစ်နိုင်ငံ ပက်ဆီမြို့အနီးရှိ ကျော်စောထင်ရှားသော အဝီစီတွင်းတစ်တွင်းသည် တစ်နေ့လျှင် ရေဂါလံပေါင်း ငါးသန်း ခြောက်သိန်းထွက်၍ မြေပေါ်သို့ ၅၄ ပေ ပန်းထွက်သည်။ ဂျာမနီနိုင်ငံ၊ လိုက်ပဇစ်မြို့အနီးရှိ အနက် ဆုံး အဝီစီတွင်းသည် တစ်မိုင်ကျော်နက်သည်။
ရေအမြောက်အမြားသုံးသော အလုပ်ရုံစက်ရုံနှင့် အဆောက် အအုံကြီးများစွာတို့သည် အဝီစီတွင်းမှရေကို လိုသလောက်ရ ကြသဖြင့် ငွေကုန်သက်သာသည့်ပြင် မြေအောက် အလွန်နက် သောနေရာမှ ရရှိသည့်ရေ ဖြစ်သဖြင့် ညစ်ညူးခြင်း မရှိပေ။ ထိုကြောင့်မြစ်ရေ၊ ကန်ရေများသည် မသန့်ရှင်းသဖြင့် သန့်ရှင်း အောင် စစ်ယူရသကဲ့သို့ အဝီစီတွင်းမှရသောရေကို အထပ်ထပ် စစ်ရန် မလိုချေ။
မြန်မာနိုင်ငံ အနှံ့အပြား၌ အထူးသဖြင့် ရေရှားပါးသော ဒေသများတွင် ရေအလုံအလောက် ရရှိရေး အတွက် ကျေးလက် သန့်ရှင်ရေးနှင့် ရေရရေးအဖွဲ့များက အဝီစီတွင်းများကို လိုက်လံ တူးဖော်ပေးလျက်ရှိရာ များစွာ အောင်မြင်လျက်ရှိသည်။ အဝီစီတွင်းများ တူးရာတွင် လက်နက်ကိရိယာ အမျိုးမျိုး အသုံးပြုကြ၏။ တစ်ခါတစ်ရံ မြေသွင်းတိုင်များကို တိုင် ဆောင့်စက်ဖြင့် ရိုက်သွင်းသကဲ့သို့ မြေအောက်သို့ ရိုက်သွင်း တူးဖော်ကြသည်။ သို့ရာတွင် မာသောကျောက်နှင့် တွေ့သည့် အခါ၌ကား ပတ်လည်လွန်သွားကို သုံးရသည်။ တစ်ခါတစ်ရံ အလွန်မာသောကျောက်ကို ထိုးဖောက်တူရသည့်အခါ လွန်သွား ထိပ်၌ အလွန်မာကျော၍ အဖိုးတန်သောစိန်များဖြင့်တူးယူကြ ရလေသည်။
This article uses material from the Wikipedia မြန်မာဘာသာ article အဝီစိတွင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.