ကဗျာ အမေ

အမေ ကဗျာကို ငွေတာရီ ရေးဖွဲ့ခဲ့သည်။ အချိုး ကဗျာအမျိုးအစား ဖြစ်သည်။

အမေ

မိုးယံမှာ ကြယ်တစ်ပွင့်
ပြုံးဝင့်လို့ စိန်သဖွယ်
ဝင်းလက်လှတယ်။

မိုးပေါ်ကကြယ် မထယ်လားမောင်မေး။

သားတော်မောင် သူ့မျက်လုံးနဲ့
ပြိုင်ဦးတဲ့လေး။

လစန္ဒာ ငွေရည်မှုန်းလို့
အပြုံးနဲ့ သူကြိုဆို
နူးညွတ်ဖွယ်ကို။

လဝန်းပျို၊ မချိုလားမောင်မေး။

သားမျက်နှာ ချိုချိုပြုံးနဲ့
ပြိုင်ဦးတဲ့လေး။

လရောင်နဲ့ ကြယ်ရောင်
ငွေနှင်းရည် မြလွှာထက်က
ဝင်းလက်ပုံဆောင်။

နှင်းငွေဥရောင်၊ မပြောင်လားမောင်မေး။

သားလူညို သူငိုတုန်းကို
ပြိုင်ဦး တဲ့လေး။

ခက်ဆစ်

၁။ ထယ် = ထည်ဝါသည်။

၂။ စန္ဒာ = လ။

၃။ ငွေရည်မှုန်း = ငွေရောင်ခြယ်သည်။

ကိုးကား

Tags:

ငွေတာရီ

🔥 Trending searches on Wiki မြန်မာဘာသာ:

ပဲခူးတိုင်းဒေသကြီးမောင်ဝဏ္ဏ (ဒါရိုက်တာ)စတီဖင် ချောင်မြန်မာနိုင်ငံ ဆန္ဒပြမှုများ (၂၀၂၁-လက်ရှိ)နာဂစ်မုန်တိုင်းအောင်သူ (ဘောလုံးသမား)အပူချိန်အောင်လင်းဒွေးသစ္စာဒဿနိကဗေဒဩကာသ ဘုရားရှိခိုးစက်ဘီး၃၁-ဘုံမြန်မာနိုင်ငံရွေးပင်ရွှေအိမ်သည်ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများလူသားကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကျင့်ဝတ်ဗောဇ္ဈင်္ဂသုတ်ကလေးမြို့အိန္ဒိယနိုင်ငံလာအိုနိုင်ငံအင်္ဂုတ္တရနိကာယ်ငါး (တိရစ္ဆာန်)ဦးဇွန်း၊ ဒေါ်မိတ္ထီလာမြို့မန္တလေးမြို့မြောက်ဦးမြို့ညှင်းလိင်စိတ် နိုးထခြင်းကွန်ဒုံးဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းနတ်ဧပြီအမေရိကန်ပြည်ထောင်စုနတ်ပြည် ၆ ထပ်ရှရွတ်ခန်းရဲရင့်အောင်အင်ဒိုနီးရှားနိုင်ငံSnaptubeသီရိလင်္ကာနိုင်ငံကမ္ဘာမကြေဘူးမိုင်းခရပ်ဖ်ဖားအီရန်နိုင်ငံ၏ ပြည်နယ်များတပ်မတော် (လေ)ရန်ကုန်ခေတ်သစ် မီဒီယာမြန်မာနိုင်ငံ၏ ရပ်ကွက်များဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာစကားကြီး ဆယ်မျိုးတန်ခူးလစိုးထွဋ်အာနာပါနအရှေ့တောင်တိုင်းစစ်ဌာနချုပ်မဟာသမယနေ့နေဝင်း (ဗိုလ်ချုပ်ကြီး)လောက်ကိုင်မြို့လှော်ကားသဘာဝဥယျာဉ်ဆေးခြောက်ပင်သွားပိုးစားရောဂါသင်္ကြန်စတုမဟာရာဇ်နတ်မင်းကြီးလေးပါးနာဂလူမျိုးကောသလမင်း အိပ်မက် (၁၆)ချက်နေခုနစ်နေ့ဘုရားရှိခိုးနိဗ္ဗာန်🡆 More