သတ္တဝါ

သတ္တဝါဆိုသည် အသက်ရှိသော အရာအားလုံးကို ခေါ်ဆိုသည်

အပင်နှင့် သတ္တဝါ ခွဲခြားပုံ

လှုပ်ရှားသွားလာနိုင်ပြီး အစာကို ပါးစပ်ဖြင့် စားသောက်တတ်သော သက်ရှိမှန်သမျှကို Animal (ခေါ်) သတ္တဝါ ဟု အပင်တို့နှင့် ကွဲပြားစေရန် ခွဲခြားအဓိပ္ပာယ် သတ်မှတ်ပါသည်။

သတ္တဝါ များကို မျိုးတူရာ အုပ်စုခွဲ လိုက်လျှင် အောက်ပါအတိုင်း ခုနှစ်မျိုး ခွဲခြားနိုင်သည်။

နို့တိုက် သတ္တဝါများ(Mammals)

သားငယ်ကို မိခင်နို့တိုက်ကျွေးသည့် အလေ့အထရှိသော အဆင့်မြင့် ကျောရိုးရှိ သွေးနွေးသတ္တဝါများ ဖြစ်ကြသည်။ လူအပါအဝင် မျိုးစိတ်ပေါင်း ၄၀၀၀ ခန့်ရှိသည်။ (မျောက်၊ ခွေး၊ ကျွဲ၊ နွား၊ ကျား၊ ဆင်၊ လင်းပိုင်၊ ဝေလငါး၊ ဖျံ စသည်)

သတ္တဝါ 
ကုန်းနေအကြီးဆုံး နို့တိုက် သတ္တဝါ၊ အာဖရိကဆင်

တွားသွား သတ္တဝါများ(Reptiles)

အကြေးအခွံပါသော ကျောရိုးရှိ သွေးအေးသတ္တဝါများဖြစ်ကြပြီး အများစုမှာ ကုန်းပေါ်တွင် မွေးဖွားကြသည်။ မျိုးစိတ် ၆၀၀၀ ကျော်ရှိသည်။ (မြွေ၊ လိပ်၊ ဖွတ်၊ ပုတ်သင်ညို စသည်)

ရေနေကုန်းနေ သတ္တဝါများ(Amphibians)

ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်ကြပြီး ရေတွင်ပေါက်ဖွားကာ ကုန်းပေါ်တွင် အရွယ်ရောက်ကြသည်။ မျိုးစိတ် ၃၀၀၀ ခန့်ရှိသည်။ (ဖား၊ ဆယ်လ်မင်ဒါ စသည်)

ငှက်များ(Birds)

အခွံမာသော ဥမှပေါက်ဖွားပြီး အရွယ်ရောက်လျှင် အမွှေးအတောင်များရှိသော အများစု ပျံသန်းနိုင်သည့် ကျောရိုးရှိ သွေးနွေးသတ္တဝါများကို ငှက်ဟုခေါ်သည်။ မျိုးစိတ် ၈၀၀၀ ခန့်ရှိသည်။ (ကျီး၊ ဇီးကွက်၊ သိမ်းငှက်၊ ငှက်ကုလားအုပ်၊ ပင်ဂွင်း စသည်)

ငါးများ(Fish)

ရေတွင် ပါးဟပ်ဖြင့် အသက်ရှုကာ ဆူးတောင်ရေယက်များဖြင့် ကူးခတ်တတ်ပြီး အကြေးခွံရှိသော ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်သည့် ငါးမျိုးစိတ်ပေါင်း ၂၁၀၀၀ ခန့်ရှိသည်။ (ငါးမန်း၊ ရေနဂါး၊ ဆယ်လမွန်၊ ထရောက် စသည်)

သတ္တဝါ 
အကြီးဆုံး ရေနေသတ္တဝါ ၊ ဝေလငါး

ခြေဆစ်များ သတ္တဝါများ(Arthropods)

အဆစ်အပိုင်းများဖြင့်ဖွဲ့စည်းထားသည့် ခြေထောက်သုံးစုံထက်မနည်းရှိကာ ကျောရိုးမပါပဲ မာကျောသောအခွံကို အရိုးအနေဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အကြီးမားဆုံးသော အုပ်စုဖြစ်သည်။ မျိုးစိတ်ပေါင်း ၈၀၀၀၀၀ ကျော်ရှိကာ အင်းဆက်များသည်လည်း ထိုအုပ်စုတွင် အပါအဝင်ဖြစ်သည်။ (ပုရွက်၊ နှံကောင်၊ ချေးပိုးထိုး၊ ပင့်ကူ၊ ကဏန်း၊ ပုဇွန် စသည်)

ကျိချွဲ သတ္တဝါများ([[Mollusc's)

အရိုးလုံးဝမပါပဲ ကျိချွဲပျော့တွဲသော ကိုယ်ရှိပြီး ပွတ်တိုက်ရွေ့လျားသွားလာတတ်သည့် အုပ်စုဖြစ်သည်။ အချို့မျိုးစိတ်များတွင် ပျော့တွဲသောကိုယ်ကို အခွံမာတစ်ခုဖြင့် ကာကွယ်ထားတတ်ကြသည်။ (ခရု၊ ပက်ကျိ၊ မျှော့၊ ရေဘဝဲ၊ ကင်းမွန်၊ ယောက်သွား၊ ကမာ၊ ကြယ်ငါး စသည်တို့)

Tags:

သတ္တဝါ အပင်နှင့် ခွဲခြားပုံသတ္တဝါ နို့တိုက် များ(Mammals)သတ္တဝါ တွားသွား များ(Reptiles)သတ္တဝါ ရေနေကုန်းနေ များ(Amphibians)သတ္တဝါ ငှက်များ(Birds)သတ္တဝါ ငါးများ(Fish)သတ္တဝါ ခြေဆစ်များ များ(Arthropods)သတ္တဝါ

🔥 Trending searches on Wiki မြန်မာဘာသာ:

ခွေးမြစေတီကျောက်စာတောက်တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ဗုဒ္ဓဝင်ရှင်စောပုဂူဂယ်ခွေးရူးပြန်ရောဂါကာကွယ်ဆေးရန်ကုန်ဘူတာကြီးငါးပါးသီလတရုတ်သမ္မတနိုင်ငံမြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမင်းသိင်္ခတင်အောင်စန်းတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မြောက်ဥက္ကလာပမြို့နယ်ကယားပြည်နယ်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဟိန္ဒူဘာသာပဲခူးတိုင်းဒေသကြီးမဏိစန္ဒာမေတ္တေယျဘုရားကပ်ဗြဟ္မာဘုံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခရီးသွားခြင်းမွန်လူမျိုးဇာတာဂြိုဟ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘာသာစကားဦးနုလောကဓံချင်းမိုင်မြို့အာဋာနာဋိယသုတ်ခရမ်းပင်နွေရာသီတပင်ရွှေထီး (မြန်မာ ၈၉၂-၉၁၂)ညိုစောချစ်လှစွာသော အမုန်းအပြင် ၃၇ မင်းရွှေတိဂုံစေတီတော်သုတ်မဟာဝါကရမက်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများစောမွန်လှလေးဖြူကရင်နှစ်သစ်ကူးနေ့ကျော်ဟိန်းသံလိုက်အိမ်မြှောင်သဇင်ပန်းတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များတောင်ကိုရီးယားနိုင်ငံဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကောသလမင်း အိပ်မက် (၁၆)ချက်ပျူလူမျိုးမိုးကုတ်မြို့စစ်တက္ကသိုလ် (ပြင်ဦးလွင်)နိုင်ငံရေးဆိပ်ကြီးခနောင်တိုမြို့နယ်မှ နာမည်ကြီး လူလိမ်နှင်းယုလှိုင်အီတလီနိုင်ငံဩစတြေးလျနိုင်ငံကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကချင်လွတ်မြောက်ရေးတပ်မတော်ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမြန်မာနိုင်ငံသမိုင်းအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးစအိုဖြင့် လိင်ဆက်ဆံခြင်းငပလီကမ်းခြေလေဖြတ်ခြင်းလများ (အချိန်အတိုင်းအတာ)ဝဋ္ဋသုတ်မိမိကိုယ်ကို သတ်သေခြင်းမွန်ပြည်နယ်🡆 More