ဝေသာလီမြို့: Ok ပါ

ဝေသာလီမြို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၏ အနောက်ပိုင်းတွင် တည်ရှိခဲ့သော မြို့ဟောင်းတစ်မြို့ ဖြစ်သည်။ ဒုတိယ ရခိုင်တိုင်းပြည်၏မြို့တော်လည်းဖြစ်သည်။ ဝေသာလီမြို့ဟောင်းသည် ရခိုင်သမိုင်း၏ခေတ်လေးခေတ်မှ ဝေသာလီခေတ် ရခိုင်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ အေဒီ ၄ ရာစုမှ ၈ ရာစု အထိ ထွန်းကားခဲ့သည်။

ဝေသာလီမြို့
ဝေသာလီမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဝေသာလီမြို့
တည်နေရာ
ကိုဩဒိနိတ်: 20°39′46.03″N 93°9′0.82″E / 20.6627861°N 93.1502278°E / 20.6627861; 93.1502278
နိုင်ငံဝေသာလီမြို့: တည်ထောင်သူ, တည်နေရာ, ပုံသဏ္ဌာန် မြန်မာ
ပြည်နယ်ရခိုင်
အချိန်ဇုန်MST (UTC6:30)

တည်ထောင်သူ

ဝေသာလီမြို့ကို တည်ထောင်သူမှာ ဒွင်စန္ဒြ ဖြစ်သည်။ ဝေသာလီမြို့အား နတ်ပြည်၏လှပတင့်တယ်ခြင်းကို ပျယ်ရယ်ပြုနိုင်လောက်အောင်လှပသည်ဟု ရေးထိုးခဲ့သည်။ ဝေသာလီမြို့အား စန္ဒြားမင်းဆက်က အုပ်စိုးခဲ့သည်။ စန္ဒြားမင်းများသည် သီဝ (ရှီဝ) နတ်မင်း၏ အနွယ်တော်များဟု ရေးထိုးဖော်ပြထားကြသောကြောင့် ၎င်းတို့သည် သီဝဂိုဏ်း (Shaivism) ဝင်များဖြစ်နိုင်သည်။

တည်နေရာ

ဝေသာလီ မြို့ဟောင်းသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထဲတွင် တည်ရှိသည်။ မြောက်ဦးမြို့ အနောက်မြောက်ဘက် ၅ မိုင်ခန့်တွင် တည်ရှိသည်။ ရန်ကုန် စစ်တွေကားလမ်းသည် ဝေသာလီမြို့ဟောင်းအား အလယ်တည့်တည့်မှ ဖြတ်သန်းသွားသည်။

ပုံသဏ္ဌာန်

ဝေသာလီမြို့ဟောင်း၏ ပုံသဏ္ဌာန်သည် ဘဲဥပုံ နီးပါးဝိုင်းဝန်းသော သဏ္ဌာန်ရှိသည်။ မြို့ရိုးနှစ်ထပ်ရှိသည်။ အပြင်မြို့ရိုး တစ်ထပ်၊နန်းမြို့ရိုးတစ်ထပ်ဖြစ်သည်။ နန်းမြို့ရိုးသည် ထောင့်မှန်စတုဂံပုံရှိသည်။ ယခု နန်းတော်နေရာတွင် ဝေသာလီရွာတည်ထားကြသည်။ မြို့ရိုးများ တည်ဆောက်ရာတွင် ဘေးနှစ်ဘက်ကို အုတ်စီကာ အလယ်တွင် အုတ်ကျိုးအုတ်ပဲ့များ ထည့်ကာတည်ဆောက်ကြသည်။ အပြင်မြို့ရိုးပတ်လည်တွင် ကျုံးများပတ်ရံထားသည်။​တောင်ဘက်ကျုံး​နေရာတွင် ​ရေများရှိ​နေ​သေးသည်။​ဝေသာလီ နန်း​တော်ကိုလည်း ကျုံးဖြင့်ပတ်ရံထားသည်။ အပြင်မြို့ရိုး၏ အနောက်ဘက်တွင် ရန်းချောင်း စီးဆင်းနေပြီး အရှေ့ဘက်တွင် တောင်တန်းများကာရံထားသည်။

ထင်ရှားသော နေရာများ

ဝေသာလီ နန်းတော်၏ မြောက်ဘက်တွင် ဝေသာလီဘုရားကြီး ရှိသည်။ ကြီးမားသော ကျောက်တုံးကြီးအား ထုဆစ်ထားကာ ဉာဏ်တော် ၁၇ ပေခန့်ရှိသည်။ ဝေသာလီဘုရားကြီးကုန်းတော်တွင် စတူပါများ၊ နတ်ရုပ်များ ကို မြင်နိုင်သည်။ ဝေသာလီဘုရားကြီး မှ မြောက်ဘက်သို့သွားသော် သီရိစန္ဒြား မင်းကြီး သင်္ဂါယနာတင်ခဲ့သော သရက်ချိုတောင်ကို မြင်နိုင်သည်။ ထိုတောင်ထက်တွင် ကျောင်းဆောင်၅ခုဆောက်ကာ သီဟိုဠ်သံဃာ ၁၀၀၀၊ ရခိုင်သံဃာ ၁၀၀၀ ဖြင့် တစ်နှစ်ကြာအောင် သင်္ဂါယနာတင်ခဲ့သည်။ ဝေသာလီမြို့၏ အနောက်ဘက်အပြင်မြို့ရိုးတွင် မြို့တန်းခါး ဘုရားရှိသည်။ ဝေသာလီမြို့ တောင်ဘက်တွင် သင်းကျစ်တော်ဓာတ်ဘုရား ရှိသည်။ ဓညဝတီခေတ် သူရိယစက္ကဘုရင်ကစတင် တည်ထားခဲ့ပြီးနောက်ပိုင်းကာလများတွင် အဆင့်ဆင့် ပြုပြင်တည်ထားခဲ့ကြသည်။

ဝေသာလီခေတ်တွင် ရေကြောင်းခရီးဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ကြရာ ထိုခေတ်ကအသုံးပြုသော ဆိပ်ကမ်း တစ်ခုကို မြို့ အနောက်မြောက်ဘက် ရန်းချောင်းကမ်းပါးတွင် တွေ့မြင်နိုင်သည်။

ဝေသာလီခေတ်ကတည်ဆောက် ခဲ့သောဆည်တစ်ခုကို ရန်းချောင်းဖျားတွင် တွေ့နိုင်သည်။ ကျောက်တုံးများဖြင့်တည်ဆောက်ထားသည်။ စတင်တည်ဆောက်ခဲ့ခြင်းမှာ ဓညဝတီခေတ်ကပင် ဖြစ်သော်လည်း ကျိုးပေါက်ခြင်း ရင်ဆိုင်ခဲ့ရပြီး ဝေသာလီခေတ်တွင်မှ အောင် မြင်စွာတည်ဆောက်နိုင်ခဲ့သည်။

ဝေသာလီခေတ်စာပေ

ဝေသာလီခေတ် ရုံးသုံးဘာသာမှာ သင်္သကရိုက် ဘာသာဖြစ်သည်။​ ဝေသာလီခေတ်တွင်ရေးထိုးခဲ့သော အာနန္ဒစန္ဒြား ကျောက်စာတိုင်သည် မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီးတွင် ရှိသည်။ မျက်နှာလေးဘက်ရှိပြီး ၃ ဘက်တွင် စာရေးထိုးထားသည်။ တစ်မျက်နှာနှင့် တစ်မျက်နှာသည် ရာစုနှစ်၂ စီခြားလျက်ရေးထိုးခဲ့ကြသည်။ အနောက်ဘက်မျက်နှာကိုသာ ဖတ်ရှု၍ရသည်။ အာနန္ဒစန္ဒြားမင်းက မိမိမတိုင်မီ မင်းဆက်များ၊မိမိ၏အလှူဒါန တို့ကို ရေးထိုးထားသည်။ ဝေသာလီခေတ်ကျောက်စာအများစုတွင် "ယေဓမ္မာ ဟေတုပ္ပဘဝ" ဂါထာ ရေးထိုးပါရှိကြသည်။

ဝေသာလီကြေးနီပြား အမိန့်မှတ်တမ်းစာကို ဝေသာလီမြို့ အုတ်ကုန်းငယ်တစ်ခုကို ဖျက်ရာမှရရှိခဲ့သည်။ ဝေသာလီမင်းတစ်ပါး၏ မြေလှူမှတ်တမ်းဖြစ်သည်။ဤကဲ့သို့အမိန့်မှတ်တမ်းမှာ မြန်မာနိုင်ငံတွင်သာမက အိန္ဒိယတွင် အ​စောဆုံး​တွေ့ရှိရခြင်းဖြစ်သည်။ စာလုံးများ လှပ​သေသပ်စွာ​ရေးသားထားပြီးမဟာဘာရတ ဇာတ်​တော်မှ စာသားအချို့ကို ထည့်သွင်း​ရေးသားထားသည်။

စတူပါများ

စတူပါဟူသည် ဝေသာလီခေတ်တွင် ထုဆစ်ကိုးကွယ်ခဲ့သော ​ကျောက်စေတီငယ်တစ်မျိုး ဖြစ်ပြီး ဒီဇိုင်းအမျိုးမျိုးဖြင့် ထုလုပ်ခဲ့ကြသည်။

ဘာသာတရား

ဝေသာလီခေတ်တွင် အများစု ကိုးကွယ်ကြသောဘာသာမှာ မဟာယာန ဗုဒ္ဓဘာသာ ဖြစ်၍ ပါဠိဘာသာဖြင့်ရေးထိုးသည့်ကျောက်စာတစ်ခုကိုတွေ့ရှိသဖြင့် ထေရဝါဒကို ကိုးကွယ်သူရှိနိုင်သည်။ ဗြဟ္မဏဘာသာ ကိုးကွယ်မှုလည်းရှိသည်။ ဘုရင်သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး အခြားဘာသာများကိုလည်း အားပေးချီးမြှောက်ခဲ့သည်။

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

ဝေသာလီမြို့ တည်ထောင်သူဝေသာလီမြို့ တည်နေရာဝေသာလီမြို့ ပုံသဏ္ဌာန်ဝေသာလီမြို့ ထင်ရှားသော နေရာများဝေသာလီမြို့ ဝေသာလီခေတ်စာပေဝေသာလီမြို့ စတူပါများဝေသာလီမြို့ ဘာသာတရားဝေသာလီမြို့ ကိုးကားဝေသာလီမြို့ ပြင်ပလင့်ခ်များဝေသာလီမြို့မြန်မာနိုင်ငံရခိုင်ပြည်နယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

အိန္ဒြာကျော်ဇင်မေတ္တေယျဘုရားအရှေ့တောင်တိုင်းစစ်ဌာနချုပ်နန်းဆုရတီစိုးပင်းယခေတ်မြန်မာ့ဝတ်စားဆင်ယင်မှုကုလသမဂ္ဂ အထွေထွေညီလာခံသရေခေတ္တရာရခိုင်ဘုရင်များ စာရင်းပရိတ်ကြီး ၁၁ သုတ်ကချင်လူမျိုးဂျပန်ကိုလိုနီခေတ်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ငါး (တိရစ္ဆာန်)အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရူပဗေဒရသလိင်စိတ်ဆွခြင်းရေငုပ်သင်္ဘောတောင်ကြီးမြို့ဆီးချိုရောဂါလက္ခဏာများအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒေဝဒတ်အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်ခန္ဓသုတ်စကြဝတေးမင်းကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဝတ်မှုန်ရွှေရည်ပဲခူးမြနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ဥရောပတူရကီနိုင်ငံနိကာယ် ငါးရပ်နီပေါနိုင်ငံတက္ကသိုလ်ဘုန်းနိုင်မြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များကျောက်တံခါးမြို့ဒိုးလုံးဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာပြည်သူ့ခုခံတော်လှန်စစ်ဖားအသည်းရောင် အသားဝါ ရောဂါ အေပိုးငွေစကောကရင်ဘာသာစကားဘိုးလှိုင်၊ ဦး(ယောမင်းကြီး)ဥပဒေမြွေပွေးအလင်္ကာစဝ်ရွှေသိုက် (နိုင်ငံတော်သမ္မတ)ဝင်းဦးအင်းဝမြို့တောင်ငူခေတ်မြန်မာသဒ္ဒါလိင်ဆက်ဆံခြင်းကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံရိဒ်ရေကန်အရက်ငှက်ပျောတပ်မတော် (ကြည်း)တောမီးမြန်မာပိတောက်နေပြည်တော်မြို့လိင်စိတ် နိုးထခြင်းလာအိုနိုင်ငံတေလာ ဆွစ်ဖ်မြန်မာမုန့်များပအိုဝ်းလူမျိုးမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသားချော့တေးရာသီခွင်မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကျောက်ချဉ်ဥပုသ်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပိုးသတ်ဆေးမြန်မာနိုင်ငံ၏ အလံများ စာရင်း🡆 More